တာခ်ီလိတ္ၿမိဳ႕နယ္တြင္းေက်ာင္းမ်ားမွ တကၠသိုလ္ဝင္တန္းေအာင္သူမ်ား ပညာသင္ေထာက္ပံ့ေၾကး ေလွ်ာက္ထားႏုိင္

တာခ်ီလိတ္ၿမိဳ႕နယ္တြင္းေက်ာင္းမ်ားမွ တကၠသိုလ္ဝင္တန္းေအာင္သူမ်ား ပညာသင္ေထာက္ပံ့ေၾကး ေလွ်ာက္ထားႏုိင္
နိုဝင်ဘာ 2, 2018
By 🌸
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕နယ္အတြင္းရိွ အေျခခံပညာေက်ာင္းမ်ားမွ တကၠသိုလ္ဝင္တန္း ေအာင္သူမ်ားအေနျဖင့္၂၀၁၈-၂၀၁၉ ပညာသင္ႏွစ္အတြက္ တာခ်ီလိတ္ပညာေရးေဖာင္ေဒးရွင္း၏ ပညာသင္စရိတ္ရယူရန္ ႏိုဝင္ဘာလ (၃၀)ရက္ေန႔ ေနာက္ဆံုးထား ေလွ်ာက္ထားႏုိင္ေၾကာင္း သိရသည္။

ေက်ာင္းဆက္တက္ရန္ အခက္အခဲရိွေနၿပီး ေဆးတကၠသိုလ္၊ စက္မႈ/နည္းပညာတကၠသိုလ္၊ သူနာျပဳ တကၠသိုလ္/ေကာလိပ္၊ ပညာေရးတကၠသိုလ္/ပညာေရးေကာလိပ္ႏွင့္ ဥပေဒဘာသာရပ္မ်ားကို တက္ေရာက္လိုသူမ်ားအေနျဖင့္  ေလွ်ာက္ထားႏိုင္ၾကမည္ျဖစ္ေၾကာင္း သိရသည္။

“ဦးေရကန္႔သတ္မထားပါဘူး။ ေလွ်ာက္ထားလာတဲ့အေပၚမူတည္ၿပီး အစည္းအေဝးဆံုးျဖတ္ခ်က္နဲ႔ ေရြးခ်ယ္မွာပါ။ လတ္တေလာေတာ့ (၃)ေယာက္ ဆက္သြယ္ထားတာေတာ့ရိွတယ္။ လာေတာ့ မေလွ်ာက္ၾကေသးဘူး။ အခုအခ်ိန္ထိဆိုရင္ ေဖာင္ေဒးရွင္းက ေထာက္ပံ့ေပးေနတာ (၁၀)ဦးရိွပါတယ္။ ေက်ာင္းသူ (၇)ဦး၊ ေက်ာင္းသား (၃)ဦးပါ”ဟု ေဖာင္ေဒးရွင္း၏ အတြင္းေရးမွဴး ေဒၚစိုးဥမၼာက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ေလ်ာက္လႊာပံုစံမ်ားကို တာခ်ီလိတ္ပညာေရးေဖာင္ေဒးရွင္းရံုး (ယာယီ) ၄/၂၇ဝမ္ေကာင္းရပ္ကြက္ (အုပ္ခ်ဳပ္ေရးမႉးရံုးေရွ႕)တြင္ လာေရာက္ထုတ္ယူႏိုင္ၿပီး အေသးစိတ္သိလိုပါက ေဖာင္ေဒးရွင္း ဒုတိယဥကၠဌ ဦးသီလေက်ာ္ဆင့္ ဖုန္း ၀၉၂၆၁၁၃၅၇၂၇၊ အတြင္းေရးမွဴး ေဒၚစိုးဥမၼာ ဖုန္း ၀၉၅၂၄၂၈၆၅၊ တြဲဖက္အတြင္းေရးမွဴး ဦးေအာင္စိုးမင္း ဖုန္း ၀၉၂၆၂၅၆၆၆၆၅ ႏွင့္ ဘ႑ာေရးမွဴး ဦးစံေရႊျမင့္ ဖုန္း ၀၉၅၆၅၀၁၄၁ တို႔သို႔ဆက္သြယ္ေမးျမန္းႏုိင္ေၾကာင္း သိရသည္။

အဆိုပါေဖာင္ေဒးရွင္းသည္ အလွဴရွင္မ်ား၏မတည္အလွဴေငြႏွင့္ လစဥ္အလွဴေငြမ်ားျဖင့္ ၿမိဳ႕နယ္အတြင္းမွ ပညာသင္ရန္အခက္အခဲရိွသူမ်ားအား ပညာသင္ေထာက္ပံ့ေၾကး ႏွစ္စဥ္ေရြးခ်ယ္ၿပီး ေက်ာင္းၿပီးသည္အထိ ေထာက္ပံ့ေပးေနျခင္းျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency

~~~~~~~~⊰❂ unicode ~~~~~~~~
တာချီလိတ်မြို့နယ်တွင်းကျောင်းများမှ တက္ကသိုလ်ဝင်တန်းအောင်သူများ ပညာသင်ထောက်ပံ့ကြေး လျှောက်ထားနိုင်
*************
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ တက္ကသိုလ်ဝင်တန်း အောင်သူများအနေဖြင့်၂၀၁၈-၂၀၁၉ ပညာသင်နှစ်အတွက် တာချီလိတ်ပညာရေးဖောင်ဒေးရှင်း၏ ပညာသင်စရိတ်ရယူရန် နိုဝင်ဘာလ (၃၀)ရက်နေ့ နောက်ဆုံးထား လျှောက်ထားနိုင်ကြောင်း သိရသည်။

ကျောင်းဆက်တက်ရန် အခက်အခဲရှိနေပြီး ဆေးတက္ကသိုလ်၊ စက်မှု/နည်းပညာတက္ကသိုလ်၊ သူနာပြု တက္ကသိုလ်/ကောလိပ်၊ ပညာရေးတက္ကသိုလ်/ပညာရေးကောလိပ်နှင့် ဥပဒေဘာသာရပ်များကို တက်ရောက်လိုသူများအနေဖြင့်  လျှောက်ထားနိုင်ကြမည်ဖြစ်ကြောင်း သိရသည်။

“ဦးရေကန့်သတ်မထားပါဘူး။ လျှောက်ထားလာတဲ့အပေါ်မူတည်ပြီး အစည်းအဝေးဆုံးဖြတ်ချက်နဲ့ ရွေးချယ်မှာပါ။ လတ်တလောတော့ (၃)ယောက် ဆက်သွယ်ထားတာတော့ရှိတယ်။ လာတော့ မလျှောက်ကြသေးဘူး။ အခုအချိန်ထိဆိုရင် ဖောင်ဒေးရှင်းက ထောက်ပံ့ပေးနေတာ (၁၀)ဦးရှိပါတယ်။ ကျောင်းသူ (၇)ဦး၊ ကျောင်းသား (၃)ဦးပါ”ဟု ဖောင်ဒေးရှင်း၏ အတွင်းရေးမှူး ဒေါ်စိုးဥမ္မာက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

လျောက်လွှာပုံစံများကို တာချီလိတ်ပညာရေးဖောင်ဒေးရှင်းရုံး (ယာယီ) ၄/၂၇ဝမ်ကောင်းရပ်ကွက် (အုပ်ချုပ်ရေးမှူးရုံးရှေ့)တွင် လာရောက်ထုတ်ယူနိုင်ပြီး အသေးစိတ်သိလိုပါက ဖောင်ဒေးရှင်း ဒုတိယဥက္ကဌ ဦးသီလကျော်ဆင့် ဖုန်း ၀၉၂၆၁၁၃၅၇၂၇၊ အတွင်းရေးမှူး ဒေါ်စိုးဥမ္မာ ဖုန်း ၀၉၅၂၄၂၈၆၅၊ တွဲဖက်အတွင်းရေးမှူး ဦးအောင်စိုးမင်း ဖုန်း ၀၉၂၆၂၅၆၆၆၆၅ နှင့် ဘဏ္ဍာရေးမှူး ဦးစံရွှေမြင့် ဖုန်း ၀၉၅၆၅၀၁၄၁ တို့သို့ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရသည်။

အဆိုပါဖောင်ဒေးရှင်းသည် အလှူရှင်များ၏မတည်အလှူငွေနှင့် လစဉ်အလှူငွေများဖြင့် မြို့နယ်အတွင်းမှ ပညာသင်ရန်အခက်အခဲရှိသူများအား ပညာသင်ထောက်ပံ့ကြေး နှစ်စဉ်ရွေးချယ်ပြီး ကျောင်းပြီးသည်အထိ ထောက်ပံ့ပေးနေခြင်းဖြစ်ကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~