
နိုဝငျဘာ 27, 2018
By 🌸



သတင်း၊ဓါတ်ပုံ #ကိုသာ

~~~~~~~~⊰❂ unicode ~~~~~~~~
ယင်းမာပင်ခရိုင်၊ ကနီမြို့၏ ရွှေမြင်းဖြူဘုရား ဗုဒ္ဓပူဇနိယပွဲတော် နှစ်ရက်ကြာကျင်းပ
******************
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ကနီမြို့ တွင်ရှိ ရွှေမြင်းဖြူဘုရား ဗုဒ္ဓပူဇနိယပွဲတော်ကို ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ(၂၆)ရက်နေ့နှင့် (၂၇)ရက်နေ့များတွင် ကျင်းပနေခြင်းဖြစ်ပါသည်။

နှစ်စဉ်ကျင်းပသည့် အဆိုပါပွဲတော်တွင် ရပ်ဝေးရောက်နေသည့် ကနီမြို့မှဒေသခံများလည်း ပြန်လာလေ့ရှိပြီး မိသားစုဆွေမျိုးများ၊ မိတ်ဆွေများ ပြန်လည်စုံဆည်းကြသည့်ပွဲတော်လည်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါစေတီတော်ရင်ပြင်တွင် နိုဝင်ဘာလ(၂၇)ရက်နေ့က ဗုဒ္ဓပူဇနိယပွဲတော် အောင်မြင်ခြင်း အထိမ်းအမှတ် ကနီမြို့နယ်အတွင်းရှိ သံဃာ(၁၃၅)ပါး နှင့် သီလရှင်(၂၀)ပါးတို့အား ဆွမ်းဆန်ဆိမ်းလောင်းလှူကြသည်။

သတင်း၊ဓါတ်ပုံ #ကိုသာ

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~