ရှမ်းပြည်နယ်ကိုယ်စားပြု တာချီလိတ်ဖူဆယ် အမျိုးသားအသင်း အုပ်စုပထမဖြင့် ကွာတားဖိုင်နယ် အဆင့်သို့ တက်ရောက်

ရှမ်းပြည်နယ်ကိုယ်စားပြု တာချီလိတ်ဖူဆယ် အမျိုးသားအသင်း အုပ်စုပထမဖြင့် ကွာတားဖိုင်နယ် အဆင့်သို့ တက်ရောက်
သွဂုတျ 12, 2018
By Tachileik News Agency



ရှမ်းပြည်နယ်ကိုယ်စားပြု အမျိုးသားဖူဆယ်အသင်းဖြစ်သော တာချီလိတ်ဖူဆယ်အသင်းတွင် ပါဝင်ကြသည့် အားကစားသမားများမှာ အားဂျာ၊ ဇော်ဇော်၊ စိုင်းပီး၊ အက်ဂွန်လွမ်၊ သန့်ဇင်၊ စံဖြိုး၊ ကောင်းဆက်ကျော်၊ မာကု၊ ကျော်ဖြိုးအောင်၊ အေဂျူနီယာရစ်ဂျွန်ဂျုံး၊ လောင်ဆိုင်တစ်၊ အက်စ်ဂွန်တိန်း၊ မိုင်ထဲကျော်နှင့် စိုင်းဝန်းလင်းတို့ ဖြစ်ကြပြီး အသင်းအုပ်ချုပ်သူ အဖြစ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာချီလိတ်မြို့နယ် တာဝန်ခံ ဦးသန်းလှိုင်၊ နည်းပြ အဖြစ် ဦးဇော်မျိုးထိုက်၊ လက်ထောက်နည်းပြ အဖြစ် ဦးမြတ်သူတို့က လိုက်ပါ ကြီးကြပ်နေကြခြင်းဖြစ်သည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် အမျိုးသား၊ အမျိုးသမီး ဖူဆယ်ပြိုင်ပွဲများကို ၂၀၁၈ ခုနှစ် သြဂုတ်လ(၈)ရက်နေ့မှစ၍ ကျင်းပနေခြင်းဖြစ်သည်။

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့မှ ဖူဆယ်အသင်းသည် တိုင်းနှင့် ပြည်နယ်ပြိုင်ပွဲများတွင် ရှမ်းပြည်နယ်ကိုယ်စားပြုအသင်းအဖြစ် ၂၀၁၈ ခုနှစ်တွင် (၅)နှစ်မြောက်ယှဉ်ပြိုင်နေခြင်းဖြစ်ပြီး ၂၀၁၇ ခုနှစ်က တိုင်းနှင့်ပြည်နယ်အဆင့်၌ ဒုတိယ ငွေတံဆိပ်ရထားခဲ့ခြင်းဖြစ်သည်။

Tachileik News Agency
Photo: Pe Pe Arr Ja



~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်ကိုယ်စားပြု အမျိုးသားဖူဆယ်အသင်းဖြစ်သော တာချီလိတ်ဖူဆယ်အသင်းသည် အုပ်စု ပွဲစဉ်များတွင် အုပ်စု ပထမဖြင့် ကွာတားဖိုင်နယ်အဆင့်သို့ တက်ရောက်သွားပြီး ၂၀၁၈ ခုနှစ် သြဂုတ်လ(၁၄)ရက်နေ့တွင် ကွာတားဖိုင်နယ်ပွဲစဉ် ကစားမည် ဖြစ်သည်။

ရှမ်းပြည်နယ်ကိုယ်စားပြု ဖူဆယ်အသင်းသည် အုပ်စုပွဲစဉ်၏ ပွဲဦးထွက်ကို ၂၀၁၈ ခုနှစ်၊ သြဂုတ်လ(၁၀)နေ့တွင် ပဲခူးတိုင်းဒေသကြီး ကိုယ်စားပြုအသင်းနှင့် ယှဉ်ပြိုင်ကစားရာ (၈)ဂိုး၊ (၃)ဂိုးဖြင့် အနိုင်ရခဲ့ကာ သြဂုတ်လ (၁၂)ရက်နေ့တွင် တနင်္သာရီတိုင်းဒေသကြီး ကိုယ်စားပြုအသင်းနှင့် ယှဉ်ပြိုင်ကစားရာ (၁၀)ဂိုး၊ (၄)ဂိုးဖြင့် အနိုင်ရသွားခြင်းဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်နယ်ကိုယ်စားပြု အမျိုးသားဖူဆယ်အသင်းဖြစ်သော တာချီလိတ်ဖူဆယ်အသင်းတွင် ပါဝင်ကြသည့် အားကစားသမားများမှာ အားဂျာ၊ ဇော်ဇော်၊ စိုင်းပီး၊ အက်ဂွန်လွမ်၊ သန့်ဇင်၊ စံဖြိုး၊ ကောင်းဆက်ကျော်၊ မာကု၊ ကျော်ဖြိုးအောင်၊ အေဂျူနီယာရစ်ဂျွန်ဂျုံး၊ လောင်ဆိုင်တစ်၊ အက်စ်ဂွန်တိန်း၊ မိုင်ထဲကျော်နှင့် စိုင်းဝန်းလင်းတို့ ဖြစ်ကြပြီး အသင်းအုပ်ချုပ်သူ အဖြစ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာချီလိတ်မြို့နယ် တာဝန်ခံ ဦးသန်းလှိုင်၊ နည်းပြ အဖြစ် ဦးဇော်မျိုးထိုက်၊ လက်ထောက်နည်းပြ အဖြစ် ဦးမြတ်သူတို့က လိုက်ပါ ကြီးကြပ်နကြခြေင်းဖြစ်သည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် အမျိုးသား၊ အမျိုးသမီး ဖူဆယ်ပြိုင်ပွဲများကို ၂၀၁၈ ခုနှစ် သြဂုတ်လ(၈)ရက်နေ့မှစ၍ ကျင်းပနခြေင်းဖြစ်သည်။

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့မှ ဖူဆယ်အသင်းသည် တိုင်းနှင့် ပြည်နယ်ပြိုင်ပွဲများတွင် ရှမ်းပြည်နယ်ကိုယ်စားပြုအသင်းအဖြစ် ၂၀၁၈ ခုနှစ်တွင် (၅)နှစ်မြောက်ယှဉ်ပြိုင်နခြေင်းဖြစ်ပြီး ၂၀၁၇ ခုနှစ်က တိုင်းနှင့်ပြည်နယ်အဆင့်၌ ဒုတိယ ငွေတံဆိပ်ရထားခဲ့ခြင်းဖြစ်သည်။

Tachileik News Agency
Photo: Pe Pe Arr Ja

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~