က်ိဳင္းတံုတြင္ က်င္းပမည့္ စားသံုးသူအကာအကြယ္ေပးေရးဆုိင္ရာ ေဆြးေႏြးပြဲသို႔ မည္သူမဆို တက္ေရာက္ႏုိင္

က်ိဳင္းတံုတြင္ က်င္းပမည့္ စားသံုးသူအကာအကြယ္ေပးေရးဆုိင္ရာ ေဆြးေႏြးပြဲသို႔ မည္သူမဆို တက္ေရာက္ႏုိင္
မေ 25, 2018
By 🌸
စားသုံးသူ အကာအကြယ္ေပးေရးဆိုင္ရာလုပ္ငန္းမ်ားႏွင့္ ပတ္သက္၍ စီးပြားေရးလုပ္ငန္းရွင္မ်ားအား ေတြ႕ဆုံေဆြးေႏြးျခင္းႏွင့္ အသိပညာေပးပြဲကို ရွမ္းျပည္နယ္(အေရွ႕ပိုင္း) က်ိဳင္းတုံၿမိဳ႕ရိွ စည္ပင္သာယာခန္းမတြင္ ၂၀၁၈ ခုႏွစ္ ေမလ (၂၈)ရက္ေန႔ ေန႔လယ္ (၂)နာရီ၌ ခရိုင္စားသုံးသူအျငင္းပြားမႈေျဖရွင္းေရးအဖြဲ႕က က်င္းပမည္ျဖစ္ရာ မည္သူမဆို တက္ေရာက္ႏုိင္ေၾကာင္း သိရသည္။

"ခရိုင္စားသုံးသူအျငင္းပြားမႈေျဖရွင္းေရးအဖြဲ႕ရဲ႕ အစည္းအေဝးဆုံးျဖတ္ခ်က္အရ ေနာက္ပိုင္းမွာ ဥပေဒနဲ႔မညီတဲ့ စားေသာက္ကုန္ေတြကို ထုတ္လုပ္ျဖန္႔ျဖဴးေရာင္းခ်တာေတြကို စားသုံးသူအကာအကြယ္ေပးေရး ဥပေဒေတြအျပင္ သက္ဆိုင္ရာဌာနေတြက သတ္မွတ္ထားတဲ့ ဥပေဒေတြနဲ႔လည္း အေရးယူ ေဆာင္ရြက္ေတာ့မွာျဖစ္တဲ့အတြက္ အခုလို သက္ဆိုင္ရာဌာနေတြက သတ္မွတ္ထားတဲ့ ဥပေဒေတြကို ခ်ျပမွာျဖစ္ပါတယ္။ အကယ္၍ ျပည္သူေတြဘက္က သက္ဆိုင္ရာ လိုင္စင္ေလွ်ာက္ဖို႕ အခက္အခဲရိွတယ္ဆိုရင္လည္း အဲဒီပြဲမွာတင္ျပလို႔ရပါတယ္။ ကၽြန္ေတာ္တို႔ဘက္က ေပါင္းစပ္ညိႇႏိႈင္းေဆာင္ရြက္ေပးသြားမွာ ျဖစ္ပါတယ္"ဟု က်ိဳင္းတုံခရုိင္စားသုံးသူအျငင္းပြားမႈေျဖရွင္းေရးအဖြဲ႕မွ အတြင္းေရးမွဴး ဦးသန္းစိုးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အဆိုပါအခမ္းအနားတြင္ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနက ယစ္မ်ိဳးဥပေဒႏွင့္ ပတ္သက္၍လည္းေကာင္း၊ တိရစၦာန္ေမြးျမဴေရးႏွင့္ ကုသေရးဦးစီးဌာနက အသား၊ငါး တရားဝင္ထုတ္လုပ္ျဖန္႔ျဖဴးေရးႏွင့္ ပတ္သက္၍ လည္းေကာင္း၊ စိုက္ပ်ိဳးေရးဦးစီးဌာနက ပိုးသတ္ေဆး၊ ဓာတ္ေျမၾသဇာႏွင့္ ပတ္သက္၍လည္းေကာင္း၊ ကုန္သြယ္ေရးဦးစီးဌာနက ပို႔ကုန္၊သြင္းကုန္ႏွင့္ ပတ္သက္၍လည္းေကာင္း၊ စားသုံးသူေရးရာဦးစီးဌာနက စားသုံးသူအကာအကြယ္ေပးေရးဥပေဒႏွင့္ ပတ္သက္၍လည္းေကာင္း ရွင္းလင္းေဆြးေႏြးသြားမည္ျဖစ္ေၾကာင္း သိရသည္။

သတင္း #ဇြဲျမတ္

~~~~~~~~⊰❂ unicode ~~~~~~~~
ကျိုင်းတုံတွင် ကျင်းပမည့် စားသုံးသူအကာအကွယ်ပေးရေးဆိုင်ရာ ဆွေးနွေးပွဲသို့ မည်သူမဆို တက်ရောက်နိုင်
****************
စားသုံးသူ အကာအကွယ်ပေးရေးဆိုင်ရာလုပ်ငန်းများနှင့် ပတ်သက်၍ စီးပွားရေးလုပ်ငန်းရှင်များအား တွေ့ဆုံဆွေးနွေးခြင်းနှင့် အသိပညာပေးပွဲကို ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့ရှိ စည်ပင်သာယာခန်းမတွင် ၂၀၁၈ ခုနှစ် မေလ (၂၈)ရက်နေ့ နေ့လယ် (၂)နာရီ၌ ခရိုင်စားသုံးသူအငြင်းပွားမှုဖြေရှင်းရေးအဖွဲ့က ကျင်းပမည်ဖြစ်ရာ မည်သူမဆို တက်ရောက်နိုင်ကြောင်း သိရသည်။

"ခရိုင်စားသုံးသူအငြင်းပွားမှုဖြေရှင်းရေးအဖွဲ့ရဲ့ အစည်းအဝေးဆုံးဖြတ်ချက်အရ နောက်ပိုင်းမှာ ဥပဒေနဲ့မညီတဲ့ စားသောက်ကုန်တွေကို ထုတ်လုပ်ဖြန့်ဖြူးရောင်းချတာတွေကို စားသုံးသူအကာအကွယ်ပေးရေး ဥပဒေတွေအပြင် သက်ဆိုင်ရာဌာနတွေက သတ်မှတ်ထားတဲ့ ဥပဒေတွေနဲ့လည်း အရေးယူ ဆောင်ရွက်တော့မှာဖြစ်တဲ့အတွက် အခုလို သက်ဆိုင်ရာဌာနတွေက သတ်မှတ်ထားတဲ့ ဥပဒေတွေကို ချပြမှာဖြစ်ပါတယ်။ အကယ်၍ ပြည်သူတွေဘက်က သက်ဆိုင်ရာ လိုင်စင်လျှောက်ဖို့ အခက်အခဲရှိတယ်ဆိုရင်လည်း အဲဒီပွဲမှာတင်ပြလို့ရပါတယ်။ ကျွန်တော်တို့ဘက်က ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်"ဟု ကျိုင်းတုံခရိုင်စားသုံးသူအငြင်းပွားမှုဖြေရှင်းရေးအဖွဲ့မှ အတွင်းရေးမှူး ဦးသန်းစိုးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါအခမ်းအနားတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ယစ်မျိုးဥပဒေနှင့် ပတ်သက်၍လည်းကောင်း၊ တိရစ္ဆာန်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက အသား၊ငါး တရားဝင်ထုတ်လုပ်ဖြန့်ဖြူးရေးနှင့် ပတ်သက်၍ လည်းကောင်း၊ စိုက်ပျိုးရေးဦးစီးဌာနက ပိုးသတ်ဆေး၊ ဓာတ်မြေသြဇာနှင့် ပတ်သက်၍လည်းကောင်း၊ ကုန်သွယ်ရေးဦးစီးဌာနက ပို့ကုန်၊သွင်းကုန်နှင့် ပတ်သက်၍လည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာနက စားသုံးသူအကာအကွယ်ပေးရေးဥပဒေနှင့် ပတ်သက်၍လည်းကောင်း ရှင်းလင်းဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း #ဇွဲမြတ်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~