တာခ်ီလိတ္ ကုန္တင္ကုန္ခ် လုပ္သားႀကီးမ်ားမွ အလုပ္သမားေန႔ အထိမ္းအမွတ္အျဖစ္ စုေပါင္း ေသြးလွဴဒါန္း

တာခ်ီလိတ္ ကုန္တင္ကုန္ခ် လုပ္သားႀကီးမ်ားမွ အလုပ္သမားေန႔ အထိမ္းအမွတ္အျဖစ္ စုေပါင္း ေသြးလွဴဒါန္း
မေ 1, 2018
By Tachileik News Agency

တာခ်ီလိတ္တြင္ အျပည္ျပည္ဆိုင္ရာအလုပ္သမားေန႔အား ဂုဏ္ျပဳေသာအားျဖင့္ တာခ်ီလိတ္ၿမိဳ႕နယ္ ကုန္တင္ကုန္ခ်ေကာ္မတီမွ လုပ္သားႀကီးမ်ားက တာခ်ီလိတ္ခရိုင္ ခုတင္(၁၀၀)ဆံ့ ျပည္သူ႔ေဆးရံုႀကီးတြင္ စုေပါင္းေသြးလွဴဒါန္းခဲ့ေၾကာင္း သိရသည္။

"ေသြးလွဴတာ (၁၄)ေယာက္လွဴခဲ့ပါတယ္၊ ေဆးရံုမွာ လိုအပ္တဲ့ေနရာမွာ အသံုးျပဳႏိုင္ရန္အတြက္လည္း ဘတ္(၅၀၀၀)လွဴဒါန္းခဲ့တယ္"ဟု ၿမိဳ႕နယ္ကုန္တင္ကုန္ခ်ေကာ္မတီရံုးမွ တာ၀န္ခံ ေဒၚေအမီမီလြင္ က ေျပာသည္။

ၿမိဳ႕နယ္ကုန္တင္ကုန္ခ်ေကာ္မတီမွ ကုန္တင္ကုန္ခ်လုပ္သားႀကီးမ်ားက အျပည္ျပည္ဆိုင္ရာ အလုပ္သမားေန႔အား ဂုဏ္ျပဳေသာ အားျဖင့္ ၂၀၁၈ခုႏွစ္ ေမလ(၁)ရက္ေန႔ နံနက္ပိုင္းတြင္ တာခ်ီလိတ္ေရႊတိဂံု ေစတီေတာ္၌ စုေပါင္း သန္႔ရွင္းေရး ျပဳလုပ္ခဲ့ၾကၿပီးေနာက္ ျပည္သူ႔ေဆးရံုသို႔ သြားေရာက္ကာ စုေပါင္း ေသြးလွဴဒါန္းခဲ့ၾကျခင္း ျဖစ္သည္။

တာခ်ီလိတ္ၿမိဳ႕နယ္ကုန္တင္ကုန္ခ်ေကာ္မတီမွ ကုန္တင္ကုန္ခ်လုပ္သားႀကီးမ်ားအေနျဖင့္ အျပည္ျပည္ဆိုင္ရာ အလုပ္သမားေန႔အား ဂုဏ္ျပဳေသာအားျဖင့္ ယခုလို စုေပါင္းေသြးလွဴဒါန္းမႈမွာ ပထမဆံုးအႀကိမ္အျဖစ္ၿပီး စုေပါင္း သန္႔ရွင္းေရးျပဳလုပ္ျခင္းသည္ ဒုတိယအႀကိမ္ေျမာက္ ျဖစ္ေၾကာင္း သိရွိရသည္။

ဓါတ္ပံု - တာခ်ီလိတ္ၿမိဳ႕နယ္ကုန္တင္ကုန္ခ်ေကာ္မတီ


~~~~~~~~⊰❂ unicode ~~~~~~~~

တာချီလိတ်တွင် အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့အား ဂုဏ်ပြုသောအားဖြင့် တာချီလိတ်မြို့နယ် ကုန်တင်ကုန်ချကော်မတီမှ လုပ်သားကြီးများက တာချီလိတ်ခရိုင် ခုတင်(၁၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီးတွင် စုပေါင်းသွေးလှူဒါန်းခဲ့ကြောင်း သိရသည်။

"သွေးလှူတာ (၁၄)ယောက်လှူခဲ့ပါတယ်၊ ဆေးရုံမှာ လိုအပ်တဲ့နေရာမှာ အသုံးပြုနိုင်ရန်အတွက်လည်း ဘတ်(၅၀၀၀)လှူဒါန်းခဲ့တယ်"ဟု မြို့နယ်ကုန်တင်ကုန်ချကော်မတီရုံးမှ တာဝန်ခံ ဒေါ်အေမီမီလွင် က ပြောသည်။

မြို့နယ်ကုန်တင်ကုန်ချကော်မတီမှ ကုန်တင်ကုန်ချလုပ်သားကြီးများက အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့အား ဂုဏ်ပြုသော အားဖြင့် ၂၀၁၈ခုနှစ် မေလ(၁)ရက်နေ့ နံနက်ပိုင်းတွင် တာချီလိတ်ရွှေတိဂုံ စေတီတော်၌ စုပေါင်း သန့်ရှင်းရေး ပြုလုပ်ခဲ့ကြပြီးနောက် ပြည်သူ့ဆေးရုံသို့ သွားရောက်ကာ စုပေါင်း သွေးလှူဒါန်းခဲ့ကြခြင်း ဖြစ်သည်။

တာချီလိတ်မြို့နယ်ကုန်တင်ကုန်ချကော်မတီမှ ကုန်တင်ကုန်ချလုပ်သားကြီးများအနဖြေင့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့အား ဂုဏ်ပြုသောအားဖြင့် ယခုလို စုပေါင်းသွေးလှူဒါန်းမှုမှာ ပထမဆုံးအကြိမ်အဖြစ်ပြီး စုပေါင်း သန့်ရှင်းရေးပြုလုပ်ခြင်းသည် ဒုတိယအကြိမ်မြောက် ဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ - တာချီလိတ်မြို့နယ်ကုန်တင်ကုန်ချကော်မတီ

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~