တာခ်ီလိတ္တြင္ ႏႈတ္ခမ္းကြဲ ၊ အာေခါင္ကြဲ ၊ ႏွာေခါင္းကြဲ ၊ မီးေလာင္ဒဏ္ရာ ၊အဆီအႀကိတ္ ႏွင့္ ေျခပူးလက္ပူးစသည့္ ေ၀ဒနာရွင္မ်ားအား အခမဲ့ခြဲစိတ္ကုသေပးမည္

တာခ်ီလိတ္တြင္ ႏႈတ္ခမ္းကြဲ ၊ အာေခါင္ကြဲ ၊ ႏွာေခါင္းကြဲ ၊ မီးေလာင္ဒဏ္ရာ ၊အဆီအႀကိတ္ ႏွင့္ ေျခပူးလက္ပူးစသည့္ ေ၀ဒနာရွင္မ်ားအား အခမဲ့ခြဲစိတ္ကုသေပးမည္
ဖေဖော်ဝါရီ 14, 2017
By Tachileik News Agency

ဂ်ာမနီႏိုင္ငံ အေျခစိုက္ Interplast အဖြဲ႕အစည္းႏွင့္ MCA(Myanmar Chef's Association)အဖြဲ႔ တို႔မွ ပူးေပါင္း၍ ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊ တာခ်ီလိတ္ၿမိဳ႕တြင္ ႏႈတ္ခမ္းကြဲ ၊ အာေခါင္ကြဲ ၊ ႏွာေခါင္းကြဲ ၊ မီးေလာင္ဒဏ္ရာ ၊ အဆီအႀကိတ္ ႏွင့္ ေျခပူးလက္ပူးစသည့္ ေ၀ဒနာရွင္မ်ားကို အခမဲ့ ကုသခြဲစိတ္မႈ ပထမဆံုးအႀကိမ္ လုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း ႏွင့္ ရပ္ကြက္အတြင္း ပူးေပါင္းအဖြဲ႔ျဖင့္ စာရင္းလိုက္ေကာက္မည္ ျဖစ္ေၾကာင္း သိရသည္။

တာခ်ီလိတ္ၿမိဳ႕တြင္ ခြဲစိတ္ကုသရန္ အတြက္ လူနာစာရင္းမ်ားကို လူမႈေရးအသင္းအဖြဲ႕မ်ား ၊ ရပ္/ေက်းအုပ္ခ်ဳပ္ေရးမွဴးမ်ားမွ ၿမိဳ႕ေပၚႏွင့္ေက်းရြာမ်ားတြင္ စာရင္းေကာက္ယူမည္ျဖစ္ၿပီး လူနာမ်ား ကုသေရးအတြက္ လိုအပ္သည့္ ကိစၥမ်ားကို လူမႈေရးအသင္းအဖြဲ႕မ်ားက ၀ိုင္း၀န္း ကူညီၾကမည္ျဖစ္ေၾကာင္း သိရသည္။

တာခ်ီလိတ္ၿမိဳ႕ ျပည္သူ႔ေဆးရုံႀကီးတြင္ မတ္လ (၅)ရက္ေန႔မွ (၁၄)ရက္ေန႔အထိ Interplast အဖြဲ႕အစည္းမွ ဂ်ာမနီဆရာ၀န္ (၁၀)ဦးက လာေရာက္ကုသေပးမည္ျဖစ္ေၾကာင္း သိရသည္။

“ေနာက္တစ္ႀကိမ္ခြဲစိတ္ဖို႔က လူနာမကုန္ေသးရင္ေတာ့ ရပါတယ္။ လာေရာက္ ကုသေပးဖို႔က ဒီဖက္က ေတာင္းဆိုမႈေတြရယ္ ၊ ပရဟိတအသင္းေတြက ပါ၀င္မႈေတြရယ္ လိုအပ္ပါတယ္။ တစ္ၿမိဳ႕နယ္ ခြဲစိတ္မႈျပဳလုပ္မယ္ဆိုရင္ တစ္ႏွစ္ေလာက္ ႀကိဳတင္ျပင္ဆင္ရပါတယ္။ လူနာ(၁၀၀)ေလာက္ရွိတယ္ဆိုရင္ အေၾကာင္းၾကားလာရင္ Interplast အဖြဲ႕ေတြက ကမၻာ့ေနရာအနွံ႔မွာ လိုက္ခြဲစိတ္ေနရတာဆိုေတာ့ ျမန္မာျပည္မွာလည္း အႏွစ္(၂၀)ေလာက္ရွိၿပီ။ ဘယ္ၿမိဳ႕က တင္ျပထားတယ္။ ဘယ္ၿမိဳ႕က ေတာင္းထားတယ္။ သူတို႔က အခ်ိန္ကိုၾကည့္ၿပီး ျပန္ခြဲေပးတာပါ။ အဲဒါေၾကာင့္ တစ္ၿမိဳ႕နယ္က တင္ျပထားရင္ တစ္ႏွစ္ေလာက္ အခ်ိန္ယူရပါတယ္”ဟု MCA(Myanmar Chef’s Association)အဖြဲ႔မွ အတြင္းေရးမွဴး(စီမံ) ေဒၚခက္ခက္က တာခ်ီလိတ္သတင္းေအဂ်င္စီကို ေျပာသည္။

 အဆိုပါအဖြဲ႕က ျမန္မာႏိုင္ငံတြင္ အခမဲ့ ခြဲစိတ္မႈလုပ္ေဆာင္ေပးေနသည္မွာ ႏွစ္(၂၀)ၾကာၿပီျဖစ္ၿပီး တစ္ႏွစ္လွ်င္ (၄)ႀကိမ္ခန္႔ျဖင့္ တစ္ႀကိမ္လွ်င္လူနာ(၁၀၀)ႏႈန္း ကုသေပးခဲ့ျခင္းျဖစ္ရာ လက္ရိွအခ်ိန္ထိ လူနာဦးေရ (၈၀၀၀)ခန္႔ အခမဲ့ခြဲစိတ္ကုသေပးၿပီးေၾကာင္း သိရသည္။

သတင္း/ဓာတ္ပံု - ေဇာင္းညီ


~~~~~~~~⊰❂ unicode ~~~~~~~~

ဂျာမနီနိုင်ငံ အခြေစိုက် Interplast အဖွဲ့အစည်းနှင့် MCA(Myanmar Chef's Association)အဖွဲ့ တို့မှ ပူးပေါင်း၍ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့တွင် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ၊ နှာခေါင်းကွဲ၊ မီးလောင်ဒဏ်ရာ၊ အဆီအကြိတ် နှင့် ခြေပူးလက်ပူးစသည့်ေဝဒနာရှင်များကို အခမဲ့ ကုသခွဲစိတ်မှု ပထမဆုံးအကြိမ် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း နှင့် ရပ်ကွက်အတွင်း ပူးပေါင်းအဖွဲ့ဖြင့် စာရင်းလိုက်ကောက်မည် ဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့တွင် ခွဲစိတ်ကုသရန် အတွက် လူနာစာရင်းများကို လူမှုရေးအသင်းအဖွဲ့များ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများမှ မြို့ပေါ်နှင့်ကျေးရွာများတွင် စာရင်းကောက်ယူမည်ဖြစ်ပြီး လူနာများ ကုသရေးအတွက် လိုအပ်သည့် ကိစ္စများကို လူမှုရေးအသင်းအဖွဲ့များက ဝိုင်းဝန်း ကူညီကြမည်ဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့ ပြည်သူ့ဆေးရုံကြီးတွင် မတ်လ (၅)ရက်နေ့မှ (၁၄)ရက်နေ့အထိ Interplast အဖွဲ့အစည်းမှ ဂျာမနီဆရာဝန် (၁၀)ဦးက လာရောက်ကုသပေးမည်ဖြစ်ကြောင်း သိရသည်။

“နောက်တစ်ကြိမ်ခွဲစိတ်ဖို့က လူနာမကုန်သေးရင်တော့ ရပါတယ်။ လာရောက် ကုသပေးဖို့က ဒီဖက်က တောင်းဆိုမှုတွေရယ်၊ ပရဟိတအသင်းတွေက ပါဝင်မှုတွေရယ် လိုအပ်ပါတယ်။ တစ်မြို့နယ် ခွဲစိတ်မှုပြုလုပ်မယ်ဆိုရင် တစ်နှစ်လောက် ကြိုတင်ပြင်ဆင်ရပါတယ်။ လူနာ(၁၀၀)လောက်ရှိတယ်ဆိုရင် အကြောင်းကြားလာရင် Interplast အဖွဲ့တွေက ကမ္ဘာ့နေရာအနှံ့မှာ လိုက်ခွဲစိတ်နေရတာဆိုတော့ မြန်မာပြည်မှာလည်း အနှစ်(၂၀)လောက်ရှိပြီ။ ဘယ်မြို့က တင်ပြထားတယ်။ ဘယ်မြို့က တောင်းထားတယ်။ သူတို့က အချိန်ကိုကြည့်ပြီး ပြန်ခွဲပေးတာပါ။ အဲဒါကြောင့် တစ်မြို့နယ်က တင်ပြထားရင် တစ်နှစ်လောက် အချိန်ယူရပါတယ်”ဟု MCA(Myanmar Chef’s Association)အဖွဲ့မှ အတွင်းရေးမှူး(စီမံ) ဒေါ်ခက်ခက်က တာချီလိတ်သတင်းအေဂျင်စီကို ပြောသည်။

 အဆိုပါအဖွဲ့က မြန်မာနိုင်ငံတွင် အခမဲ့ ခွဲစိတ်မှုလုပ်ဆောင်ပေးနေသည်မှာ နှစ်(၂၀)ကြာပြီဖြစ်ပြီး တစ်နှစ်လျှင် (၄)ကြိမ်ခန့်ဖြင့် တစ်ကြိမ်လျှင်လူနာ(၁၀၀)နှုန်း ကုသပေးခဲ့ခြင်းဖြစ်ရာ လက်ရှိအချိန်ထိ လူနာဦးရေ (၈၀၀၀)ခန့် အခမဲ့ခွဲစိတ်ကုသပေးပြီးကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - ဇောင်းညီ

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~