တာလေ - မိုင်းလင်း (၇)မိုင်အတွင်း ဘေးဘယ်ညာ လမ်းအား ကျောက်သဲခင်း၍ စတင်ပြုပြင်

တာလေ - မိုင်းလင်း (၇)မိုင်အတွင်း ဘေးဘယ်ညာ လမ်းအား ကျောက်သဲခင်း၍ စတင်ပြုပြင်
နိုဝငျဘာ 3, 2016
By Tachileik News Agency

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့မှ မိုင်းလင်းကျေးရွာအုပ်စုသို့ ဆက်သွယ် ထားသည့် လမ်းပိုင်းမှာ လမ်းပခုံးသားများ ပြိုကျပြီး မြင့်တက်နေသဖြင့် လမ်းကျဉ်းကာ မကြာခဏ ယာဉ်တိုက်မှုများ ဖြစ်ပေါ်နေသည့် အတွက် ပြုပြင်ပေးရန် ကျေးရွာ(၂၉)ရွာရှိ တာဝန်ရှိသူများမှ တောင်းဆို လိုက်ပြီးနောက် ခရိုင်/မြို့နယ် လမ်းဦးစီးဌာနမှ နိုဝင်ဘာလ (၂)ရက်နေ့က စ၍ ဆောင်ရွက်နေပြီ ဖြစ်ကြောင်း သိရသည်။


အဆိုပါ လမ်းသည် ကျိုင်းလပ်မြို့ နှင့် တာလေမြို့နေ တိုင်းရင်းသားပြည်သူများ နေ့စဉ်အားထားကာ သွားလာရန် အတွက် အသုံးပြုနေရသည့် လမ်းဖြစ်ကြောင်း နှင့် ယာဉ်မကြာခဏ တိုက်မှုများ ဖြစ်လေ့ရှိသည့် အတွက် ပြုပြင်ပေးရန် တောင်းဆိုခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။

"မနေ့က ကျောက်သဲတွေ လာပုံတာ တွေ့တယ်၊ အခုလို ဒေသခံ တိုင်းရင်းသား ပြည်သူတွေကို အလေးထား ဆောင်ရွက်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ ရေရှည် အဆင်ပြေဖို့အတွက်ပဲ ကျွန်တော်တို့ မျှော်လင့်ပါတယ်"ဟု တာလေမြို့ရပ်ကွက်(၃)အုပ်ချုပ်ရေးမှူး ဦးစိုင်းသန့်ဇင်လတ်က ပြောသည်။


"ဒီ တာလေ - မိုင်းလင်း လမ်းကို အသုံးပြုပြီး သွားလာနေတဲ့ သတ္တုလုပ်ငန်းသုံး ဆယ်ဘီးကားကြီးများနဲ့ Vigo ကားတွေကိုလည်း ဒီလမ်းပေါ်မှာ အရှိန်လျှော့မောင်းပေးဖို့ ရှမ်းပြည်နယ်(အရှေ့ပိုင်း)သတ္တူလုပ်ငန်းရှင်များ အသင်းရုံးကို စာပို့ပြီး မေတ္တာရပ်ခံထားပါတယ်၊ အသင်းကနေတဆင့် အသင်းဝင် သတ္တူလုပ်ငန်းရှင်တွေကို ပြန်လည်ပြီး အသိပေးနိုင်အောင်လို့ပါ"ဟု တာလေမြို့၊ ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောသည်။


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလမြေို့မှ မိုင်းလင်းကျေးရွာအုပ်စုသို့ ဆက်သွယ် ထားသည့် လမ်းပိုင်းမှာ လမ်းပခုံးသားများ ပြိုကျပြီး မြင့်တက်နေသဖြင့် လမ်းကျဉ်းကာ မကြာခဏ ယာဉ်တိုက်မှုများ ဖြစ်ပေါ်နေသည့် အတွက် ပြုပြင်ပေးရန် ကျေးရွာ(၂၉)ရွာရှိ တာဝန်ရှိသူများမှ တောင်းဆို လိုက်ပြီးနောက် ခရိုင်/မြို့နယ် လမ်းဦးစီးဌာနမှ နိုဝင်ဘာလ (၂)ရက်နေ့က စ၍ ဆောင်ရွက်နပြေီ ဖြစ်ကြောင်း သိရသည်။

"နမ့်မွေတံတားအထိ (၇)မိုင်အတွင်း လုပ်သွားမှာပါ၊ လမ်းဘေး လိုအပ်တဲ့နေရာတွေကို အဓိက လုပ်သွားမယ်၊ တစ်ချို့နေရာတွေက လုပ်ရတာ အဆင်မပြေတာတွေရှိတယ်၊ ခြံစည်းရိုးတွေကြောင့်လည်း ဆိုင်တာပေါ့။ အဓိက လမ်းတစ်ဖက်နဲ့ တစ်ဖက် အနိမ့်အမြင့် မညီတဲ့ နေရာတွေကို လုပ်သွားမှာပါ၊"ဟု မြို့နယ်လမ်းဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

အဆိုပါ လမ်းသည် ကျိုင်းလပ်မြို့ နှင့် တာလမြေို့နေ တိုင်းရင်းသားပြည်သူများ နေ့စဉ်အားထားကာ သွားလာရန် အတွက် အသုံးပြုနေရသည့် လမ်းဖြစ်ကြောင်း နှင့် ယာဉ်မကြာခဏ တိုက်မှုများ ဖြစ်လေ့ရှိသည့် အတွက် ပြုပြင်ပေးရန် တောင်းဆိုခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။

"မနေ့က ကျောက်သဲတွေ လာပုံတာ တွေ့တယ်၊ အခုလို ဒေသခံ တိုင်းရင်းသား ပြည်သူတွေကို အလေးထား ဆောင်ရွက်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ ရေရှည် အဆင်ပြေဖို့အတွက်ပဲ ကျွန်တော်တို့ မျှော်လင့်ပါတယ်"ဟု တာလမြေို့ရပ်ကွက်(၃)အုပ်ချုပ်ရေးမှူး ဦးစိုင်းသန့်ဇင်လတ်က ပြောသည်။

တာလေ - မိုင်းလင်း လမ်းပေါ်တွင် ယာဉ်ကြီးများ အရှိန်ဖြင့် မောင်းနှင်မှုများကြောင့် ယာဉ်မကြာခဏ တိုက်မှုများ ဖြစ်ပွားပြီး ထိခိုက်ဒဏ်ရာ ရရှိမှုများ အပြင် အသက်သေဆုံးသည်အထိ ဖြစ်စဉ်များ ဖြစ်ခဲ့ကြောင်း သိရသည်။

"ဒီ တာလေ - မိုင်းလင်း လမ်းကို အသုံးပြုပြီး သွားလာနေတဲ့ သတ္တုလုပ်ငန်းသုံး ဆယ်ဘီးကားကြီးများနဲ့ Vigo ကားတွေကိုလည်း ဒီလမ်းပေါ်မှာ အရှိန်လျှော့မောင်းပေးဖို့ ရှမ်းပြည်နယ်(အရှေ့ပိုင်း)သတ္တူလုပ်ငန်းရှင်များ အသင်းရုံးကို စာပို့ပြီး မေတ္တာရပ်ခံထားပါတယ်၊ အသင်းကနေတဆင့် အသင်းဝင် သတ္တူလုပ်ငန်းရှင်တွေကို ပြန်လည်ပြီး အသိပေးနိုင်အောင်လို့ပါ"ဟု တာလမြေို့၊ ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~