ရွမ္းျပည္နယ္အေရွ႕ပိုင္းေဒသ၊ မိုင္းဆတ္ခ႐ုိင္၊ မိုင္းတံုျမဳိ႕နယ္ မံုးေထာ္ရြာသစ္၏ အေျခခံမႈလတန္းေက်ာင္းေဆာင္သစ္အား ပညာေရးဌာနရန္ပံုေငြ က်ပ္သန္း (၂၃.၄) ျဖင့္ တည္ေဆာက္ၿပီးစီးသြားၿပီျဖစ္ေၾကာင္း သိရသည္။
"ကြၽန္ေတာ္တို႔ႏိုင္ငံမွာ အဓိကလိုအပ္တ့ဲ လူ႔စြမ္းအားအရင္းအျမစ္မ်ား ေမြးထုတ္ႏိုင္ေစဖို႔ ႏိုင္ငံေတာ္က ပညာေရးက႑ျမႇင့္တင္ၿပီး ေက်ာင္းေဆာင္သစ္ေတြ ေဆာက္ေပးခ့ဲတယ္။ ေဒသခံလူထုအေနန႔ဲေရာ ဆရာ၊ ဆရာမမ်ားကပါ ေက်ာင္းေဆာင္ေရ႐ွည္တည္တ့ံခိုင္ျမဲေရးႏွင့္ ကေလးမ်ားပညာရည္တိုးတက္ေစဖို႔ဝုိင္းဝန္း ကူညီေဆာင္ရြက္ေပးၾကပါ"ဟု မိုင္းတံုၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးထြန္းဆန္းဝင္းက ေျပာသည္။
အဆိုပါ ေက်ာင္းေဆာင္သစ္အား၂၀၁၆ - ၂၀၁၇ ဘ႑ာေရးႏွစ္အတြက္ ပညာေရးဌာနရန္ပုံေငြမွ တည္ေဆာက္ျခင္းျဖစ္ၿပီး ေဒသခံေဆာက္လုပ္ေရးကုမၸဏီေရႊနန္းမဥၨဴက ေဆာက္လုပ္ခြင့္ရခဲ့ျခင္းျဖစ္သည္။
"အရည္အေသြးပုိင္း စစ္ေဆးေတြ႔ရိွခ်က္ တကယ္ေကာင္းပါတယ္။ ေဒသခံကုမၸဏီျဖစ္လို႔ ေစတနာထားလုပ္ကုိင္တာလည္းပါတယ္။ ႏိုင္ငံေတာ္ရဲ႕ေစတနာကုိ အသိအမွတ္ျပဳတ့ဲ အေနန႔ဲ ေဒသခံေက်းရြာကလည္း ဝုိင္းဝန္းထိန္းသိမ္းေစာင့္ေ႐ွာက္ေပးမွ ေရ႐ွည္တည္တ့ံခိုင္ျမဲမွာျဖစ္လို႔ ဝုိင္းဝန္းေဆာင္ရြက္ေပးဖို႔မွာၾကားလိုပါတယ္" ဟု အရည္အေသြးစိစစ္ေရးေကာ္မတီဝင္ ၿမိဳ႕နယ္လမ္းဦးစီးအရာရိွ ၿမိဳ႕ျပအင္ဂ်င္နီယာဦးထိန္ဝင္းက ေျပာသည္။
ေက်ာင္းေဆာင္သစ္ေဆာက္လုပ္မႈ အရည္အေသြးစိစစ္ေရးေကာ္မတီဝင္မ်ားမွ စုေပါင္းလက္မွတ္ေရးထိုးကာ ပညာေရးဌာနသို႔ ႏိုဝင္ဘာလ ၂၃ ရက္တြင္ လႊဲေျပာင္းအပ္ႏွံလိုက္သည္။
သတင္း/ဓာတ္ပံု - ေအာင္ေဇယ်
"ကျွန်တော်တို့နိုင်ငံမှာ အဓိကလိုအပ်တဲ့ လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်နိုင်စေဖို့ နိုင်ငံတော်က ပညာရေးကဏ္ဍမြှင့်တင်ပြီး ကျောင်းဆောင်သစ်တွေ ဆောက်ပေးခဲ့တယ်။ ဒေသခံလူထုအနေနဲ့ရော ဆရာ၊ ဆရာမများကပါ ကျောင်းဆောင်ရေရှည်တည်တံ့ခိုင်မြဲရေးနှင့် ကလေးများပညာရည်တိုးတက်စေဖို့ဝိုင်းဝန်း ကူညီဆောင်ရွက်ပေးကြပါ"ဟု မိုင်းတုံမြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းဆန်းဝင်းက ပြောသည်။
အဆိုပါ ကျောင်းဆောင်သစ်အား၂၀၁၆ - ၂၀၁၇ ဘဏ္ဍာရေးနှစ်အတွက် ပညာရေးဌာနရန်ပုံငွေမှ တည်ဆောက်ခြင်းဖြစ်ပြီး ဒေသခံဆောက်လုပ်ရေးကုမ္ပဏီရွှေနန်းမဉ္ဇူက ဆောက်လုပ်ခွင့်ရခဲ့ခြင်းဖြစ်သည်။
"အရည်အသွေးပိုင်း စစ်ဆေးတွေ့ရှိချက် တကယ်ကောင်းပါတယ်။ ဒေသခံကုမ္ပဏီဖြစ်လို့ စေတနာထားလုပ်ကိုင်တာလည်းပါတယ်။ နိုင်ငံတော်ရဲ့စေတနာကို အသိအမှတ်ပြုတဲ့ အနေနဲ့ ဒေသခံကျေးရွာကလည်း ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ပေးမှ ရေရှည်တည်တံ့ခိုင်မြဲမှာဖြစ်လို့ ဝိုင်းဝန်းဆောင်ရွက်ပေးဖို့မှာကြားလိုပါတယ်" ဟု အရည်အသွေးစိစစ်ရေးကော်မတီဝင် မြို့နယ်လမ်းဦးစီးအရာရှိ မြို့ပြအင်ဂျင်နီယာဦးထိန်ဝင်းက ပြောသည်။
ကျောင်းဆောင်သစ်ဆောက်လုပ်မှု အရည်အသွေးစိစစ်ရေးကော်မတီဝင်များမှ စုပေါင်းလက်မှတ်ရေးထိုးကာ ပညာရေးဌာနသို့ နိုဝင်ဘာလ ၂၃ ရက်တွင် လွှဲပြောင်းအပ်နှံလိုက်သည်။
သတင်း/ဓာတ်ပုံ - အောင်ဇေယျ