အသရေဖျက်မှုဖြင့် တရားစွဲခံထားရသည့် မကွေးမြို့မှအယ်ဒီတာအဖွဲ့အား မြန်မာသတင်းစာဆရာအသင်း ကူညီမည်
အသရေဖျက်မှုဖြင့် တရားစွဲခံထားရသည့် မကွေးမြို့မှအယ်ဒီတာအဖွဲ့အား မြန်မာသတင်းစာဆရာအသင်း ကူညီမည်
နိုဝငျဘာ 16, 2016
By Tachileik News Agency
မကွေးမြို့တွင် အခြေစိုက်ထုတ်ဝေနေသည့် MGY သတင်းနှင့် ရသစုံဂျာနယ်တွင် "ပြည်သူ့ဟစ်တိုင် MGY"ကဏ္ဍတွင် ဖေါ်ပြထားမှုနှင့်ပတ်သက်၍ အသရေဖျက်မှုဖြင့် လားရှိုးမြို့နယ်တရားရုံးတွင် တရားစွဲဆို ခံထားရသည့် အယ်ဒီတာအဖွဲ့ဝင်လေးဦးအား မြန်မာသတင်းစာဆရာအသင်းအနေဖြင့် ကူညီဆောင်ရွက်ပေးသွားရန် စီစဉ်နေကြောင်း သိရသည်။
မြန်မာမီဒီယာအဖွဲ့အစည်းတစ်ခုဖြစ်သည့် မြန်မာသတင်းမီဒီယာကောင်စီ အနေဖြင့်လည်း အဆိုပါကိစ္စနှင့် ပတ်သက်၍ အစည်းအဝေး ဆုံးဖြတ်ချက်များအရ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း မြန်မာသတင်းမီဒီယာကောင်စီ၏ အထွေထွေအတွင်းရေးမှူး ဦးသီဟစောထံမှ သိရသည်။
MGY အနေဖြင့် အဆိုပါ ပြည်သူ့ဟစ်တိုင် MGY ကဏ္ဍတွင် ဖော်ပြသည့် အကြောင်းအရာသည် ပေးပို့သော ကာယကံရှင်များ၏ အာဘော်သာဖြစ်ကြောင်း ဂျာနယ်စာမျက်နှာတွင် ဖေါ်ပြထားသော်လည်း သတင်းဖေါ်ပြချက်နှင့် ပတ်သက်၍ တရားစွဲဆိုသူက သတင်းဌာနတာဝန်ရှိသူများထံ ဆက်သွယ် မေးမြန်းခြင်း တစုံတရာ မရှိကြောင်း သိရသည်။
အဆိုပါ တိုင်ကြားစာမှာ လားရှိုးမြို့တွင်နေထိုင်သည့်(တက)ဇော်လွန်းက ၎င်းအငြိမ်းစားယူပြီး စုဆောင်းထားသည့် ငွေဖြင့် ၀ယ်ယူခဲ့သည့် မြေနေရာ၌ အိမ်ဆောက်၍ ၎င်းတို့မိသားစု တစ် နှစ်ခန့် နေထိုင်ခဲ့ပြီးချိန်တွင် တရုတ်လူမျိုးဦးညွန့်မောင်က ပိုင်ဆိုင်သည်ဟုဆိုကာ ရပ်ကွက်လူကြီး နှင့်တကွ ဖယ်ရှားခိုင်းနေခြင်းအပေါ် သမ္မတထံသို့ လိပ်မူတိုင်ကြားထားခြင်းဖြစ်သည်။
~~~~~~~~⊰❂ unicode ~~~~~~~~
မကွေးမြို့တွင် အခြေစိုက်ထုတ်ဝေနေသည့် MGY သတင်းနှင့် ရသစုံဂျာနယ်တွင် "ပြည်သူ့ဟစ်တိုင် MGY"ကဏ္ဍတွင် ဖော်ပြထားမှုနှင့်ပတ်သက်၍ အသရေဖျက်မှုဖြင့် လားရှိုးမြို့နယ်တရားရုံးတွင် တရားစွဲဆို ခံထားရသည့် အယ်ဒီတာအဖွဲ့ဝင်လေးဦးအား မြန်မာသတင်းစာဆရာအသင်းအနဖြေင့် ကူညီဆောင်ရွက်ပေးသွားရန် စီစဉ်နေကြောင်း သိရသည်။
"ကျွန်တော်တို့ မြန်မာနိုင်ငံသတင်းစာဆရာအသင်းရဲ့အဖွဲ့ဝင်လည်းဖြစ်တော့ ကျွန်တော်တို့အနေနဲ့ အသင်းဝင်တွေကို လူမှုရေးအရ ကူညီရမယ်ဆိုတာလည်း ရှိပါတယ်။ နောက် အသင်းမှာလည်း ရည်ရွယ်ချက်ရှိတယ်။ သတင်းသမားများရဲ့ လွတ်လပ်စွာ လုပ်ကိုင်ခွင့်အား အကာအကွယ်ပေးရေးဆိုတာ ပါတယ်။ နောက် လူမှုရေးရှုထောင့်ကနေ ဖြစ်လာတဲ့ ပြဿနာတွေကို ကူညီပေးရေးဆိုတာရှိတယ်။ ဒါကြောင့် သတင်းစာဆရာအသင်းအနေနဲ့ တရားစွဲဆိုထားတဲ့ဘက်ကို ချဉ်းကပ်ပြီးဆောင်ရွက်နေတယ်”ဟု မြန်မာနိုင်ငံသတင်းစာဆရာအသင်း(MJA)၏ အထွေထွေအတွင်းရေးမှူး ဦးကျော်စွာမင်းက ပြောသည်။
မကွေးမြို့မှ MGYဂျာနယ်အယ်ဒီတာအဖွဲ့လေးဦးကို လားရှိုးမြို့နယ်တရားရုံးက နိုဝင်ဘာလ (၁၇) ရက်တွင် တရားရင်ဆိုင်ရန်ဆင့်ခေါ်ထားခြင်းဖြစ်သည်။
မြန်မာမီဒီယာအဖွဲ့အစည်းတစ်ခုဖြစ်သည့် မြန်မာသတင်းမီဒီယာကောင်စီ အနဖြေင့်လည်း အဆိုပါကိစ္စနှင့် ပတ်သက်၍ အစည်းအဝေး ဆုံးဖြတ်ချက်များအရ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း မြန်မာသတင်းမီဒီယာကောင်စီ၏ အထွေထွေအတွင်းရေးမှူး ဦးသီဟစောထံမှ သိရသည်။
MGY အနဖြေင့် အဆိုပါ ပြည်သူ့ဟစ်တိုင် MGY ကဏ္ဍတွင် ဖော်ပြသည့် အကြောင်းအရာသည် ပေးပို့သော ကာယကံရှင်များ၏ အာဘော်သာဖြစ်ကြောင်း ဂျာနယ်စာမျက်နှာတွင် ဖော်ပြထားသော်လည်း သတင်းဖော်ပြချက်နှင့် ပတ်သက်၍ တရားစွဲဆိုသူက သတင်းဌာနတာဝန်ရှိသူများထံ ဆက်သွယ် မေးမြန်းခြင်း တစုံတရာ မရှိကြောင်း သိရသည်။
‘‘လားရှိုးက တရားစွဲတဲ့ ဦးညွန့်မောင်က ဂျာနယ်မှာဖော်ပြတဲ့ တိုင်စာနဲ့ပတ်သက်ပြီး ဘာမှအကြောင်းကြား ဆက်သွယ်မှုတွေ မလုပ်ခဲ့ဘူး။ လားရှိုးမြို့နယ်တရားရုံးကနေ မကွေးမြို့နယ်တရားရုံးကို လွှဲစာနဲ့ ရောက်လာတာကို ဂျာနယ်ဥပဒေအကြံပေးတာဝန်ယူထားတဲ့သူက ပြောမှသိရတယ်၊ ကျွန်တော်လည်း အစာအိမ်ဖြစ်ထားပြီး ဆေးရုံက ဆင်းထားရတော့ ဘယ်မှ မသွားနိုင်ဘူး နားနေရတယ်’’ ဟု MGY ဂျာနယ်အယ်ဒီတာချုပ် ဦးနခြေည်က ပြောသည်။
MGY ဂျာနယ် အတွဲ(၁) အမှတ်(၉) ပြည်သူ့ဟစ်တိုင်ကဏ္ဍတွင် "တပ်မတော်မိသားစု နေထိုင်ပိုင်ဆိုင်သည့်ခြံဝင်းအား တရုတ်လူမျိုးဧည့်နိုင်ငံသားက မတရားသိမ်းယူ ဖယ်ရှားခိုင်းခြင်းအား တိုင်တန်းခြင်း’’ခေါင်းစဉ်ဖြင့် လားရှိုးမြို့၌ နေထိုင်သူ စစ်မှုထမ်းဟောင်းငြိမ်း (တက) ဇော်လွန်း လက်မှတ်ရေးထိုးထားသည့် သမ္မတထံ တိုင်ကြားစာနှင့်ပတ်သက်၍ တိုင်ကြားစာတွင် ဖော်ပြခံရသည့် ဦးညွန့်မောင်က တိုင်ကြားသူ၊ တိုင်ကြားစာပေးပို့သူနှင့် MGY ဂျာနယ်အယ်ဒီတာအဖွဲ့ဝင်(၄)ဦး စုစုပေါင်း (၆)ဦးအား အသရေဖျက်မှု ရာဇသတ်ကြီးပုဒ်မ (၅၀၀)ဖြင့် လားရှိုးမြို့ တရားရုံးတွင် တရားစွဲဆို ထားခြင်းဖြစ်ကြောင်း သိရသည်။
“အမှန်က ဖော်ပြချက်က မှားလို့ တရားစွဲဆိုတော့မယ်ဆိုရင် ဂျာနယ်က တာဝန်ရှိသူတွဖြေစ်တဲ့ အယ်ဒီတာချုပ်၊ တာဝန်ခံအယ်ဒီတာစတဲ့ တာဝန်ခံထားတဲ့သူတွေကို ဦးတည်စွဲဆိုသင့်တာပါ။ ဒါပေမဲ့ ဘာဖြစ်နေသလဲဆိုတော့ တရားစွဲတဲ့သူက သူတို့စွဲချင်တဲ့သူ အားလုံးကို တန်းစီပြီး တရားစွဲလိုက်တာမျိုးပဲ ကြုံနေရပါတယ်။ ဥပမာ သံတော်ဆင့်ကို တရားစွဲတုန်းက ဖြန့်ချိရေးသမားပါ တရားစွဲခံလိုက်ရတာမျိုးက မီဒီယာအဖွဲ့အစည်းတွေအတွက် မလုံခြုံတဲ့ အခြေအနဖြေစ်နေတာပါ”ဟု မြန်မာပို့စ်ဂျာနယ် အယ်ဒီတာချုပ် ဦးသန်းထိုက်သူက မှတ်ချက်ပြုသည်။
အဆိုပါ တိုင်ကြားစာမှာ လားရှိုးမြို့တွင်နေထိုင်သည့်(တက)ဇော်လွန်းက၎င်းအငြိမ်းစားယူပြီး စုဆောင်းထားသည့် ငွဖြေင့် ဝယ်ယူခဲ့သည့် မြေနေရာ၌ အိမ်ဆောက်၍၎င်းတို့မိသားစု တစ် နှစ်ခန့် နေထိုင်ခဲ့ပြီးချိန်တွင် တရုတ်လူမျိုးဦးညွန့်မောင်က ပိုင်ဆိုင်သည်ဟုဆိုကာ ရပ်ကွက်လူကြီး နှင့်တကွ ဖယ်ရှားခိုင်းနခြေင်းအပေါ် သမ္မတထံသို့ လိပ်မူတိုင်ကြားထားခြင်းဖြစ်သည်။
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~