က်ဳိင္းတံု၌ တစ္ရက္တည္း မူးယစ္ေဆး၀ါး လက္၀ယ္ေတြ႕ရွိသူ (၄)ဦး ဖမ္းဆီးရမိ

က်ဳိင္းတံု၌ တစ္ရက္တည္း မူးယစ္ေဆး၀ါး လက္၀ယ္ေတြ႕ရွိသူ (၄)ဦး ဖမ္းဆီးရမိ
နိုဝင်ဘာ 12, 2016
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ က်ဳိင္းတံုၿမိဳ႕နယ္ ေနာင္ဖာရဲကင္းေရွ႕ လမ္းေပၚတြင္ မူးယစ္ေဆး၀ါးသတင္းအရ ေစာင့္ဆိုင္းစစ္ေဆးရာမွ ေမာ္ေတာ္ဆိုင္ကယ္ေမာင္းႏွင္လာသူမ်ားထံက စိတ္ၾကြေဆးျပားမ်ား ဖမ္းဆီးသိမ္းဆည္းရမိေၾကာင္း သိရသည္။

မူးယစ္တပ္ဖြဲ႔စု(၂၈)က်ဳိင္းတံုမွ တပ္ဖြဲ႔၀င္မ်ားႏွင့္ သက္ဆိုင္ရာပူးေပါင္းအဖြဲ႔တို႔မွ အဆိုပါလမ္းေပၚတြင္ ႏို၀င္ဘာလ (၁၂)ရက္ေန႔ ေန႔လယ္(၁း၂၀)နာရီအခ်ိန္က ေစာင့္ဆိုင္း စစ္ေဆးရာမွ ယန္းေလာရြာဘက္မွ က်ဳိင္းတံုၿမိဳ႕တြင္းသို႔ လုတ(က်ား)ေမာင္းနင္လာၿပီး နာလီး(မ) ေနာက္မွ စီးနင္းလိုက္ပါလာသည့္ ေမာ္ေတာ္ဆိုင္ကယ္အား  ရပ္တန္႔စစ္ေဆးရွာေဖြရာမွ ေမာ္ေတာ္ဆိုင္ကယ္၏ ေလစစ္ဗူးအတြင္း သို၀ွက္သယ္ေဆာင္လာၿပီး ကာလတန္ဖိုးေငြ က်ပ္(၂၇၅၀,၀၀၀)တန္ဖိုးရွိသည့္ Wy စာတမ္းပါ စိတ္ၾကြေဆးျပား စုစုေပါင္း (၁၁၀၀)ျပား ႏွင့္ (၀.၈)ဂရမ္ခန္႔ရွိသည့္ ဘိန္းျဖဴမႈန္႔ကိုလည္း သိမ္းဆည္းရမိေၾကာင္း သိရသည္။

မူးယစ္ေဆး၀ါးမ်ားႏွင့္အတူ လက္၀ယ္ေတြ႕ရသူ လုတ(က်ား) ႏွင့္ နာလီး(မ)တို႔ ႏွစ္ဦးအား က်ဳိင္းတံုၿမိဳ႕မရဲစခန္းတြင္ မယ(ပ)၁၅၄/၂၀၁၆၊ မူး/စိတ္ပုဒ္မ ၁၅/၁၉(က)/၂၁အရ အမႈဖြင့္အေရးယူေဆာင္ရြက္ထားရွိၿပီး ကြင္းဆက္တရားခံမ်ားအား ဖမ္းဆီးရမိေရးအတြက္ ေဆာင္ရြက္ေနလွ်က္ရွိေၾကာင္း သိရသည္။

တဆက္တည္းမွာပင္ ယင္းေန႔၏ ေန႔လယ္ပိုင္းတြင္ ေနာင္ဖာရဲကင္းေရွ႕ လမ္းေပၚ၌ မူးယစ္ေဆး၀ါးႏွင့္ ပတ္သက္၍ စစ္ေဆးရာမွ အဆိုပါလမ္းေပၚသို႔ ေရာက္ရွိလာသည့္ စိုင္း၀န္း(က်ား)ထံမွ စိတ္ၾကြေဆးျပား (၂၂၇)ျပားေတြ႕ရွိရ၍ ၎၏ က်ဳိင္းတံုၿမိဳ႕မရဲစခန္းတြင္ မယ(ပ)၁၅၂/၂၀၁၆၊ မူး/စိတ္ပုဒ္မ ၁၅/၁၉(က)ျဖင့္ အမႈဖြင့္အေရးယူထားရွိသည္။

၎အျပင္ အဆိုပါလမ္းေပၚမွပင္ စိုင္းဆမ္ႏြန္း(က်ား)ထံမွ စိတ္ၾကြေဆးျပား (၉၇)ျပားအား စစ္ေဆးေတြ႕ရွိရ၍ က်ဳိင္းတံုၿမိဳ႕မရဲစခန္းတြင္ မယ(ပ)၁၅၃/၂၀၁၆၊ မူး/စိတ္ပုဒ္မ ၁၅/၁၉(က)ျဖင့္ အမႈဖြင့္အေရးယူထားရွိၿပီး ကြင္းဆက္တရားခံမ်ားအား ဖမ္းဆီးရမိေရးအတြက္ ေဆာင္ရြက္ေနလွ်က္ရွိေၾကာင္း သိရသည္။

မူးယစ္တပ္ဖြဲ႔စု(၂၈)က်ဳိင္းတံုမွ တပ္၀င္ဖြဲ႔၀င္မ်ားႏွင့္ သက္ဆိုင္ရာပူးေပါင္းအဖြဲ႔တို႔မွ ေနာင္ဖာရဲကင္းေရွ႕ လမ္းေပၚတြင္ မူးယစ္ေဆး၀ါးသတင္းအရ ေစာင့္ဆိုင္းစစ္ေဆးရာမွ စိတ္ၾကြေဆးျပား စုစုေပါင္း (၁၄၂၄)ျပားအား ရွာေဖြ သိမ္းဆည္းရမိၿပီး လက္၀ယ္ေတြ႕ရွိရသူ စုစုေပါင္း (၄)ဦးအား ဥပေဒအရ အေရးယူေဆာင္ရြက္ထားရွိေၾကာင္း သိရွိရသည္။

~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့နယ် နောင်ဖာရဲကင်းရှေ့ လမ်းပေါ်တွင် မူးယစ်ဆေးဝါးသတင်းအရ စောင့်ဆိုင်းစစ်ဆေးရာမှ မော်တော်ဆိုင်ကယ်မောင်းနှင်လာသူများထံက စိတ်ကြွဆေးပြားများ ဖမ်းဆီးသိမ်းဆည်းရမိကြောင်း သိရသည်။

မူးယစ်တပ်ဖွဲ့စု(၂၈)ကျိုင်းတုံမှ တပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာပူးပေါင်းအဖွဲ့တို့မှ အဆိုပါလမ်းပေါ်တွင် နိုဝင်ဘာလ (၁၂)ရက်နေ့ နေ့လယ်(၁း၂၀)နာရီအချိန်က စောင့်ဆိုင်း စစ်ဆေးရာမှ ယန်းလောရွာဘက်မှ ကျိုင်းတုံမြို့တွင်းသို့ လုတ(ကျား)မောင်းနင်လာပြီး နာလီး(မ) နောက်မှ စီးနင်းလိုက်ပါလာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာမှ မော်တော်ဆိုင်ကယ်၏ လေစစ်ဗူးအတွင်း သိုဝှက်သယ်ဆောင်လာပြီး ကာလတန်ဖိုးငွေ ကျပ်(၂၇၅၀,ဝဝဝ)တန်ဖိုးရှိသည့် Wy စာတမ်းပါ စိတ်ကြွဆေးပြား စုစုပေါင်း (၁၁၀၀)ပြား နှင့် (ဝ.၈)ဂရမ်ခန့်ရှိသည့် ဘိန်းဖြူမှုန့်ကိုလည်း သိမ်းဆည်းရမိကြောင်း သိရသည်။

မူးယစ်ဆေးဝါးများနှင့်အတူ လက်ဝယ်တွေ့ရသူ လုတ(ကျား) နှင့် နာလီး(မ)တို့ နှစ်ဦးအား ကျိုင်းတုံမြို့မရဲစခန်းတွင် မယ(ပ)၁၅၄/၂၀၁၆၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)/၂၁အရ အမှုဖွင့်အရေးယူဆောင်ရွက်ထားရှိပြီး ကွင်းဆက်တရားခံများအား ဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်နေလျှက်ရှိကြောင်း သိရသည်။

တဆက်တည်းမှာပင် ယင်းနေ့၏ နေ့လယ်ပိုင်းတွင် နောင်ဖာရဲကင်းရှေ့ လမ်းပေါ်၌ မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ စစ်ဆေးရာမှ အဆိုပါလမ်းပေါ်သို့ ရောက်ရှိလာသည့် စိုင်းဝန်း(ကျား)ထံမှ စိတ်ကြွဆေးပြား (၂၂၇)ပြားတွေ့ရှိရ၍၎င်း၏ ကျိုင်းတုံမြို့မရဲစခန်းတွင် မယ(ပ)၁၅၂/၂၀၁၆၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)ဖြင့် အမှုဖွင့်အရေးယူထားရှိသည်။

၎င်းအပြင် အဆိုပါလမ်းပေါ်မှပင် စိုင်းဆမ်နွန်း(ကျား)ထံမှ စိတ်ကြွဆေးပြား (၉၇)ပြားအား စစ်ဆေးတွေ့ရှိရ၍ ကျိုင်းတုံမြို့မရဲစခန်းတွင် မယ(ပ)၁၅၃/၂၀၁၆၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)ဖြင့် အမှုဖွင့်အရေးယူထားရှိပြီး ကွင်းဆက်တရားခံများအား ဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်နေလျှက်ရှိကြောင်း သိရသည်။

မူးယစ်တပ်ဖွဲ့စု(၂၈)ကျိုင်းတုံမှ တပ်ဝင်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာပူးပေါင်းအဖွဲ့တို့မှ နောင်ဖာရဲကင်းရှေ့ လမ်းပေါ်တွင် မူးယစ်ဆေးဝါးသတင်းအရ စောင့်ဆိုင်းစစ်ဆေးရာမှ စိတ်ကြွဆေးပြား စုစုပေါင်း (၁၄၂၄)ပြားအား ရှာဖွေ သိမ်းဆည်းရမိပြီး လက်ဝယ်တွေ့ရှိရသူ စုစုပေါင်း (၄)ဦးအား ဥပဒေအရ အရေးယူဆောင်ရွက်ထားရှိကြောင်း သိရှိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~