ျမန္မာ - တရုတ္နယ္စပ္ေဒသမ်ား တည္ၿငိမ္ေအးခ်မ္းေရး ႏွင့္ ႏွစ္ႏိုင္ငံတပ္မေတာ္မ်ား ပူးေပါင္းေဆာင္ရြက္ရန္ ေဆြးေႏြး

ျမန္မာ - တရုတ္နယ္စပ္ေဒသမ်ား တည္ၿငိမ္ေအးခ်မ္းေရး ႏွင့္ ႏွစ္ႏိုင္ငံတပ္မေတာ္မ်ား ပူးေပါင္းေဆာင္ရြက္ရန္ ေဆြးေႏြး
နိုဝင်ဘာ 3, 2016
By Tachileik News Agency

တရုတ္ျပည္သူ႔သမၼတႏိုင္ငံသို႔ ေအာက္တိုဘာလ (၂၈)ရက္ေန႔ ကတည္းက ခ်စ္ၾကည္ေရးခရီး ေရာက္ရိွေနသည့္ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္ႏွင့္ တရုတ္ျပည္သူ႔ သမၼတႏုိင္ငံ ဗဟိုစစ္ေကာ္မရွင္ ဒုတိယဥကၠဌ Gen.Xu Qiliang တို႔႔သည္ ႏိုဝင္ဘာလ(၁) ရက္ေန႔က ေဘဂ်င္းၿမိဳ႕တြင္ ေတြ႕ဆံုေဆြးေႏြးေၾကာင္း တရုတ္ႏိုင္ငံ China Military ၀ဘ္ဆိုက္တြင္ ေဖာ္ျပထားသည္။

အဆုိပါ ေတြ႕ဆံုေဆြးေႏြးမႈတြင္ တရုတ္ျပည္သူ႔သမၼတႏုိင္ငံ ဗဟိုစစ္ေကာ္မရွင္ ဒုတိယဥကၠဌ Gen.Xu Qiliang က တရုတ္ႏိုင္ငံႏွင့္ ေပါက္ေဖာ္ဆက္ဆံေရး ရိွေနသည့္ ျမန္မာႏိုင္ငံအေနျဖင့္ အမ်ိဳးသားျပန္လည္ ရင္ၾကားေစ့ေရး ေဆြးေႏြးညိႇႏိႈင္းမႈလုပ္ေဆာင္ေနသည့္ အေျခအေနမ်ား၊ တည္ၿငိမ္ေအးခ်မ္းဖြံ႕ၿဖိဳးသည့္ အေျခအေနေကာင္းမ်ားသို႔ တိုးတက္လုပ္ေဆာင္ႏိုင္မည္ဟု ေမွ်ာ္လင့္ထားသည္ဟု ဆိုသည္။

ယင္းအျပင္ ႏွစ္ႏိုင္ငံ တပ္မေတာ္ႏွစ္ရပ္အၾကား အျပန္အလွန္ ပူးေပါင္းေဆာင္ရြက္မႈမ်ားျဖင့္ ျမန္မာ - တရုတ္ နယ္စပ္ေဒသ အေျခအေန တည္ၿငိမ္ေအးခ်မ္းေရးကို လုပ္ေဆာင္ရန္ လိုလားေၾကာင္း ေျပာၾကားခဲ့သည္။

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္က ျမန္မာ - တရုတ္ႏွစ္ ႏုိင္ငံနယ္စပ္ေဒသမ်ား တည္ၿငိမ္ေအးခ်မ္းေရးႏွင့္ ဖြံ႕ၿဖိဳးေရးကို အေရးႀကီး လုပ္ငန္းအျဖစ္ လုပ္ေဆာင္ေနသျဖင့္ ျမန္မာ - တရုတ္ႏွစ္ႏိုင္ငံ တပ္မေတာ္မ်ားအၾကား ပူးေပါင္းေဆာင္ရြက္မႈကို လိုလားသည္ဟု ေျပာၾကားခဲ့ေၾကာင္း သိရသည္။

ဘာသာျပန္ - ဇာႏွင္းထိုက္
Ref; China Military

Photo: Mod.gov.cn/Mu Ruilin


~~~~~~~~⊰❂ unicode ~~~~~~~~

တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ အောက်တိုဘာလ (၂၈)ရက်နေ့ ကတည်းက ချစ်ကြည်ရေးခရီး ရောက်ရှိနေသည့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဗဟိုစစ်ကော်မရှင် ဒုတိယဥက္ကဌ Gen.Xu Qiliang တို့သည် နိုဝင်ဘာလ(၁) ရက်နေ့က ဘေဂျင်းမြို့တွင် တွေ့ဆုံဆွေးနွေးကြောင်း တရုတ်နိုင်ငံ China Military ဝဘ်ဆိုက်တွင် ဖော်ပြထားသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးမှုတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဗဟိုစစ်ကော်မရှင် ဒုတိယဥက္ကဌ Gen.Xu Qiliang က တရုတ်နိုင်ငံနှင့် ပေါက်ဖော်ဆက်ဆံရေး ရှိနေသည့် မြန်မာနိုင်ငံအနဖြေင့် အမျိုးသားပြန်လည် ရင်ကြားစေ့ရေး ဆွေးနွေးညှိနှိုင်းမှုလုပ်ဆောင်နေသည့် အခြေအနေများ၊ တည်ငြိမ်အေးချမ်းဖွံ့ဖြိုးသည့် အခြေအနေကောင်းများသို့ တိုးတက်လုပ်ဆောင်နိုင်မည်ဟု မျှော်လင့်ထားသည်ဟု ဆိုသည်။

ယင်းအပြင် နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်အကြား အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုများဖြင့် မြန်မာ - တရုတ် နယ်စပ်ဒေသ အခြေအနေ တည်ငြိမ်အေးချမ်းရေးကို လုပ်ဆောင်ရန် လိုလားကြောင်း ပြောကြားခဲ့သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မြန်မာ - တရုတ်နှစ်နိုင်ငံနယ်စပ်ဒေသများ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးရေးကို အရေးကြီး လုပ်ငန်းအဖြစ် လုပ်ဆောင်နေသဖြင့် မြန်မာ - တရုတ်နှစ်နိုင်ငံ တပ်မတော်များအကြား ပူးပေါင်းဆောင်ရွက်မှုကို လိုလားသည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။

ဘာသာပြန် - ဇာနှင်းထိုက်
Ref; China Military

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~