တာခ်ီလိတ္ - မိုင္းဆတ္ နမ့္က်န္းတံတားအား UWSA က နာရီဝက္ၾကာ ပိတ္ၿပီး ျပန္ဖြင့္

တာခ်ီလိတ္ - မိုင္းဆတ္ နမ့္က်န္းတံတားအား UWSA က နာရီဝက္ၾကာ ပိတ္ၿပီး ျပန္ဖြင့္
အောက်တိုဘာ 30, 2016
By Tachileik News Agency

႐ွမ္းျပည္နယ္(အေရွ႕ပိုင္း) မိုင္းဆတ္ခ႐ုိင္ မိုင္းဆတ္ၿမိဳ႕ႏွင့္ သံုးမုိင္အကြာ တာခ်ီလိတ္ခရိုင္ႏွင့္ ဆက္သြယ္ထားသည့္ နမ့္က်န္းတံတားအား ေအာက္တိုဘာလ (၃၀) ရက္ ညေနပိုင္းတြင္ UWSA(ဝ) တပ္ဖြဲ႔ႏွင့္ တပ္မေတာ္မွ မိနစ္(၃၀)ခန္႔ ေခတၱပိတ္လိုက္ၿပီးေနာက္ ျပန္လည္ဖြင့္လွစ္လိုက္ၿပီး ေစာင့္ၾကပ္မႈမ်ားရွိေနေၾကာင္း သိရသည္။

"နမ့္က်န္းတံတားက ေပ(၂၀)ေလာက္ပဲရွိမယ္။ တံတားရဲ႕ တစ္ဖက္မွာက (ဝ) တပ္ဖြဲ႔ရွိတယ္။ တစ္ဖက္မွာက ျမန္မာ့တပ္မေတာ္ရွိတာေပါ့။ ကြ်န္ေတာ့္အသိေျပာလာတာကေတာ့ ခဏေလးပိတ္ၿပီးေတာ့ ျပန္ဖြင့္လွစ္တယ္ဆိုေပမဲ့ ခရီးသြားျပည္သူေတြနဲ႔ ေဒသခံေတြကို စိစစ္ၿပီး ေပးျဖတ္တယ္လို႔ သိရပါတယ္"ဟု ေဒသခံတစ္ဦးက ဆိုသည္။

အဆိုပါ တံတားမွာ မိုင္းဆတ္ခရိုင္ႏွင့္ တာခ်ီလိတ္ခရိုင္ကို ဆက္သြယ္ထားသည့္ လမ္းတြင္ရိွေနၿပီး ေအာက္တိုဘာလ (၃၀) ရက္ ညေန (၅)နာရီခန္႔တြင္ UWSA က ပိတ္လိုက္သျဖင့္ တံတားတစ္ဖက္တြင္ လံုၿခံဳေရးယူထားသည့္ တပ္မေတာ္ကလည္း ပိတ္လိုက္ေသာ္လည္း ညေန (၅)နာရီခြဲတြင္ တံတား ျပန္ဖြင့္ေပးလိုက္ေၾကာင္း အဆိုပါလမ္းပိုင္းမွ ျဖတ္သန္းသြားခဲ့သည့္ ေဒသခံမ်ားထံမွ သိရသည္။

နမ့္က်န္းတံတားသည္ တာခ်ီလိတ္ - မိုင္းဆတ္သြားလမ္းေပၚတြင္ တည္ရွိေနၿပီး ယခင္က အဆိုပါ တံတားေနရာတြင္ UWSA တပ္ဖြဲ႔ မရိွဘဲ မိုင္းဆတ္ၿမိဳ႕အထြက္ တံတားထိပ္တြင္ တပ္မေတာ္က ယခင္ကတည္းက လံုၿခံဳေရး ယူထားျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ လမ္းပိုင္းသည္ ဟုန္ပန္းေဆာက္လုပ္ေရးကုမၸဏီက ႏွစ္ (၃၀) လုပ္ကိုင္ခြင့္ျဖင့္ ေဆာက္လုပ္ထားျခင္း ျဖစ္ေၾကာင္း သိရသည္။

မိုင္းလားေဒသတြင္း ဝင္ေရာက္တပ္စြဲေနသည့္ UWSA တပ္ဖြဲ႔မ်ား ေအာက္တိုဘာလ (၂၄) ရက္ ေနာက္ဆံုးထား ျပန္လည္ထြက္ခြာရန္ တပ္မေတာ္က အေၾကာင္းၾကားစာ ေပးပို႔ၿပီးေနာက္ UWSA ေဒသမ်ားတြင္ အင္အားျဖည့္တင္းမႈမ်ား လုပ္ေဆာင္ေနသည္ဟု ေဒသခံမ်ား၏ စိုးရိမ္မႈမ်ားလည္း ရိွေနျခင္းျဖစ္သည္။

"ေအာက္တိုဘာလ ၂၈ ရက္ ေန႔လယ္ပိုင္းေလာက္မွာ မံုးကြၽတ္ကေန သံလြင္ကမ္းေျခဘက္ ဆန္ကန္၊ ကုန္းတီဗီဘက္ကုိ ဝတပ္ေတြတက္သြားတယ္။ အင္အား( ၁၀၀ ) နီးပါးေလာက္ရိွတယ္။ လက္နက္ မ်ိဳးစုံပါတယ္။ ေလာင္ခ်ာေတြ မ်ားတယ္"ဟု နားေကာင္းမူးရြာ ေဒသခံတစ္ဦးက ဆိုသည္။

ေဒသတြင္း စိုးရိမ္မႈမ်ား ျမင့္တက္ေနခ်ိန္တြင္ ဝတပ္ဖြဲ႕RS အင္အား စုေဆာင္းမႈမ်ားလည္း ရိွေနသျဖင့္ ေက်းရြာမ်ားတြင္ သက္ႀကီးရြယ္အိုမ်ားႏွင့္ ကေလးမ်ားသာ အမ်ားစုက်န္ခဲ့သည္ဟု ေဒသခံအခ်ိဳ႕က ဆိုသည္။


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင် မိုင်းဆတ်မြို့နှင့် သုံးမိုင်အကွာ တာချီလိတ်ခရိုင်နှင့် ဆက်သွယ်ထားသည့် နမ့်ကျန်းတံတားအား အောက်တိုဘာလ (၃၀) ရက် ညနေပိုင်းတွင် UWSA(ဝ) တပ်ဖွဲ့နှင့် တပ်မတော်မှ မိနစ်(၃၀)ခန့် ခေတ္တပိတ်လိုက်ပြီးနောက် ပြန်လည်ဖွင့်လှစ်လိုက်ပြီး စောင့်ကြပ်မှုများရှိနေကြောင်း သိရသည်။

"နမ့်ကျန်းတံတားက ပေ(၂၀)လောက်ပဲရှိမယ်။ တံတားရဲ့ တစ်ဖက်မှာက (ဝ) တပ်ဖွဲ့ရှိတယ်။ တစ်ဖက်မှာက မြန်မာ့တပ်မတော်ရှိတာပေါ့။ ကျွန်တော့်အသိပြောလာတာကတော့ ခဏလေးပိတ်ပြီးတော့ ပြန်ဖွင့်လှစ်တယ်ဆိုပေမဲ့ ခရီးသွားပြည်သူတွေနဲ့ ဒေသခံတွေကို စိစစ်ပြီး ပေးဖြတ်တယ်လို့ သိရပါတယ်"ဟု ဒေသခံတစ်ဦးက ဆိုသည်။

အဆိုပါ တံတားမှာ မိုင်းဆတ်ခရိုင်နှင့် တာချီလိတ်ခရိုင်ကို ဆက်သွယ်ထားသည့် လမ်းတွင်ရှိနပြေီး အောက်တိုဘာလ (၃၀) ရက် ညနေ (၅)နာရီခန့်တွင် UWSA က ပိတ်လိုက်သဖြင့် တံတားတစ်ဖက်တွင် လုံခြုံရေးယူထားသည့် တပ်မတော်ကလည်း ပိတ်လိုက်သော်လည်း ညနေ (၅)နာရီခွဲတွင် တံတား ပြန်ဖွင့်ပေးလိုက်ကြောင်း အဆိုပါလမ်းပိုင်းမှ ဖြတ်သန်းသွားခဲ့သည့် ဒေသခံများထံမှ သိရသည်။

နမ့်ကျန်းတံတားသည် တာချီလိတ် - မိုင်းဆတ်သွားလမ်းပေါ်တွင် တည်ရှိနပြေီး ယခင်က အဆိုပါ တံတားနေရာတွင် UWSA တပ်ဖွဲ့ မရှိဘဲ မိုင်းဆတ်မြို့အထွက် တံတားထိပ်တွင် တပ်မတော်က ယခင်ကတည်းက လုံခြုံရေး ယူထားခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ လမ်းပိုင်းသည် ဟုန်ပန်းဆောက်လုပ်ရေးကုမ္ပဏီက နှစ် (၃၀) လုပ်ကိုင်ခွင့်ဖြင့် ဆောက်လုပ်ထားခြင်း ဖြစ်ကြောင်း သိရသည်။

မိုင်းလားဒေသတွင်း ဝင်ရောက်တပ်စွဲနေသည့် UWSA တပ်ဖွဲ့များ အောက်တိုဘာလ (၂၄) ရက် နောက်ဆုံးထား ပြန်လည်ထွက်ခွာရန် တပ်မတော်က အကြောင်းကြားစာ ပေးပို့ပြီးနောက် UWSA ဒေသများတွင် အင်အားဖြည့်တင်းမှုများ လုပ်ဆောင်နေသည်ဟု ဒေသခံများ၏ စိုးရိမ်မှုများလည်း ရှိနခြေင်းဖြစ်သည်။

"အောက်တိုဘာလ ၂၈ ရက် နေ့လယ်ပိုင်းလောက်မှာ မုံးကျွတ်ကနေ သံလွင်ကမ်းခြေဘက် ဆန်ကန်၊ ကုန်းတီဗီဘက်ကို ဝတပ်တွေတက်သွားတယ်။ အင်အား( ၁၀၀ ) နီးပါးလောက်ရှိတယ်။ လက်နက် မျိုးစုံပါတယ်။ လောင်ချာတွေ များတယ်"ဟု နားကောင်းမူးရွာ ဒေသခံတစ်ဦးက ဆိုသည်။

ဒေသတွင်း စိုးရိမ်မှုများ မြင့်တက်နေချိန်တွင် ဝတပ်ဖွဲ့RS အင်အား စုဆောင်းမှုများလည်း ရှိနေသဖြင့် ကျေးရွာများတွင် သက်ကြီးရွယ်အိုများနှင့် ကလေးများသာ အများစုကျန်ခဲ့သည်ဟု ဒေသခံအချို့က ဆိုသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~