အင်္ဂလန်မှ Ian Alcaraz ၏ ရေသူမလေးမီရာ ဘရော့ဝေးပြဇာတ် မန္တလေး အမျိုးသား ကဇတ်ရုံတွင် ကပြမည်

အင်္ဂလန်မှ Ian Alcaraz ၏ ရေသူမလေးမီရာ ဘရော့ဝေးပြဇာတ် မန္တလေး အမျိုးသား ကဇတ်ရုံတွင် ကပြမည်
အောကျတိုဘာ 22, 2016
By Tachileik News Agency






~~~~~~~~⊰❂ unicode ~~~~~~~~

အင်္ဂလန်နိုင်ငံမှ lan Alcaraz အဖွဲ့မှ မန္တလေးမြို့ အမျိုးသားကဇာတ်ရုံတွင် တင်ဆက်မည့် ရေသူမလေးမီရာ Broadway Concert အတွက် လက်မှတ်များကို ကျပ် (၈,ဝဝဝ)မှ ကျပ် (၃၅,ဝဝဝ)အထိ သတ်မှတ်ထားကြောင်း သိရသည်။

အဆိုပါ ပြဇာတ်တွင် မြန်မာနိုင်ငံရုပ်စုံသဘင်အသင်းမှလည်း ပူးပေါင်းကူညီမည်ဖြစ်ပြီး အောက်တိုဘာ (၃၀) ရက်နေ့ ညနေ (၄)နာရီနှင့် ည (၇)နာရီတို့တွင် နှစ်ပွဲပြသသွားမည် ဖြစ်ကြောင်း သိရသည်။

မြန်မာ၊ ဖိလစ်ပိုင်၊ ဂျပန်၊ အင်္ဂလန်နှင့် ဂျာမနီနိုင်ငံမှ အနုပညာရှင်များလည်း ပူးပေါင်းပါဝင်မည်ဖြစ်ပြီး ပွဲမှရရှိသော အကျိုးအမြတ်များအား လူငယ်လေ့ကျင့်ရေးသင်တန်းကျောင်းနှင့် မြန်မာရုပ်စုံသဘင်အသင်း MMO သို့ လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - ရွှေဇော်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~