မယ္ဆိုင္ၿမိဳ႕တြင္း လမ္းေဘးမ်ား၌ ကုန္ပစၥည္းအတင္အခ် ျပဳလုပ္သူမ်ားကို ထိုင္းဥပေဒအရ အေရးယူမည္ဟု ထိုင္းတာ၀န္ရွိမ်ားဆို

မယ္ဆိုင္ၿမိဳ႕တြင္း လမ္းေဘးမ်ား၌ ကုန္ပစၥည္းအတင္အခ် ျပဳလုပ္သူမ်ားကို ထိုင္းဥပေဒအရ အေရးယူမည္ဟု ထိုင္းတာ၀န္ရွိမ်ားဆို
အောက်တိုဘာ 11, 2016
By Tachileik News Agency

ထိုင္းႏိုင္ငံ မယ္ဆိုင္ၿမိဳ႕တြင္း လမ္းေဘးမ်ားတြင္ ကုန္ပစၥည္း အတင္အခ် ျပဳလုပ္ေနေသာ တာခ်ီလိတ္မွ ၀င္ေရာက္လာသည့္ သံုးဘီးဆိုင္ကယ္မ်ားအား ထိုင္းႏိုင္ငံ ဥပေဒအရ ထိုင္းဘက္တာ၀န္ရွိသူမ်ားက စစ္ေဆးမႈမ်ား ျပဳလုပ္ကာ အေရးယူ ေဆာင္ရြက္မႈမ်ား ျပဳလုပ္ေနေၾကာင္း  CNCMC မွ အသိေပးလိုက္သည္။

တာခ်ီလိတ္သို႔ သယ္ေဆာင္ရန္အတြက္ မယ္ဆိုင္ၿမိဳ႕အတြင္းရွိ လမ္းေဘးမ်ား၌ ကုန္ပစၥည္းမ်ားအား ယာဥ္ႀကီး၊ ယာဥ္ငယ္ေပၚမွ  သံုးဘီးဆိုင္ကယ္ေပၚသို႔  ကုန္တင္၊ ကုန္ခ် ျပဳလုပ္ေနမႈမ်ားကို ထိုင္းႏိုင္ငံ ဥပေဒအရ ထိုင္းလ၀က ႏွင့္ ရဲတပ္ဖြဲ႔၀င္မ်ားမွ အထူးစီမံခ်က္ျဖင့္ လိုက္လံစစ္ေဆးမႈမ်ား ျပဳလုပ္ ေနလွ်က္ရွိၿပီး ေအာက္တိုဘာလ အတြင္း  အထူးစစ္ေဆးမႈမ်ား ျပဳလုပ္သြားရန္ရွိေၾကာင္း ထိုင္းႏိုင္ငံ မယ္ဆိုင္ၿမိဳ႕ေရာက္ ျမန္မာႏိုင္ငံသားမ်ားအား ကူညီေစာင့္ေရွာက္ေရးႏွင့္ ေစ့စပ္ညႇိႏႈိင္းေရးေကာ္မတီ ( CNCMC ) ထံမွ သိရသည္။

"ျမန္မာႏိုင္ငံသားေတြအေနနဲ႔ (၃)ဘီးဆိုင္ကယ္နဲ႔ ပို႔ေဆာင္ေပးတာကိုေတာ့ ကြ်န္ေတာ္တို႔ ထိုင္းဘက္က ခြင့္ျပဳေပးထားေပမဲ့၊ ေမာ္ေတာ္ယာဥ္ေပၚက ကုန္ပစၥည္းေတြ (၃)ဘီးဆိုင္ကယ္ေပၚတို႔၊ ကားေပၚတို႔ကို အတင္အခ် လုပ္တာကိုေတာ့ ခြင့္မျပဳထားပါဘူး၊ အဲ့လိုလုပ္ရင္ ထိုင္းႏိုင္ငံရဲ႕ ဥပေဒအရ အေရးယူလို႔ ရပါတယ္။ အရင္တုန္းကေတာ့ ကြ်န္ေတာ္တို႔ နားလည္မႈနဲ႔ လႊတ္ေပးထားတာေတြရွိခဲ့ပါတယ္။ အခုကေတာ့ လမ္းေဘးမွာ သံုးဘီးဆိုင္ကယ္ရပ္တန္႔ၿပီး ကုန္ပစၥည္းအတင္အခ် လုပ္တာေတြကို စစ္ေဆးေတြ႕ရွိရရင္ အေရးယူသြားမွာပါ"ဟု မယ္ဆိုင္လ၀က အရာရွိတစ္ဦးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ထိုင္းႏိုင္ငံအတြင္း စက္တင္ဘာလအတြင္းက စ၍ ယာဥ္/လမ္းစည္းကမ္းႏွင့္ ပတ္သက္၍ ရက္ျခား စစ္ေဆးမႈမ်ားကို မယ္ဆိုင္ၿမိဳ႕ရဲစခန္း ႏွင့္ မယ္ဆိုင္ယာဥ္ထိန္းရဲရံုးေရွ႕မ်ားတြင္ ျပဳလုပ္ေနလွ်က္ ရွိေၾကာင္းႏွင့္ ၿမိဳ႕တြင္း လမ္းၾကားႏွင့္ လမ္းေဘးမ်ားတြင္ သံုးဘီးဆိုင္ကယ္မ်ားျဖင့္ ကုန္ပစၥည္း အတင္အခ်ျပဳလုပ္ေနမႈမ်ားကိုလိုက္ လိုက္လံစစ္ေဆးေနလွ်က္ရွိေၾကာင္း သိရွိရသည္။

~~~~~~~~⊰❂ unicode ~~~~~~~~

ထိုင်းနိုင်ငံ မယ်ဆိုင်မြို့တွင်း လမ်းဘေးများတွင် ကုန်ပစ္စည်း အတင်အချ ပြုလုပ်နေသော တာချီလိတ်မှ ဝင်ရောက်လာသည့် သုံးဘီးဆိုင်ကယ်များအား ထိုင်းနိုင်ငံ ဥပဒေအရ ထိုင်းဘက်တာဝန်ရှိသူများက စစ်ဆေးမှုများ ပြုလုပ်ကာ အရေးယူ ဆောင်ရွက်မှုများ ပြုလုပ်နေကြောင်း CNCMC မှ အသိပေးလိုက်သည်။

တာချီလိတ်သို့ သယ်ဆောင်ရန်အတွက် မယ်ဆိုင်မြို့အတွင်းရှိ လမ်းဘေးများ၌ ကုန်ပစ္စည်းများအား ယာဉ်ကြီး၊ ယာဉ်ငယ်ပေါ်မှ သုံးဘီးဆိုင်ကယ်ပေါ်သို့ ကုန်တင်၊ ကုန်ချ ပြုလုပ်နေမှုများကို ထိုင်းနိုင်ငံ ဥပဒေအရ ထိုင်းလဝက နှင့် ရဲတပ်ဖွဲ့ဝင်များမှ အထူးစီမံချက်ဖြင့် လိုက်လံစစ်ဆေးမှုများ ပြုလုပ် နေလျှက်ရှိပြီး အောက်တိုဘာလ အတွင်း အထူးစစ်ဆေးမှုများ ပြုလုပ်သွားရန်ရှိကြောင်း ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများအား ကူညီစောင့်ရှောက်ရေးနှင့် စေ့စပ်ညှိနှိုင်းရေးကော်မတီ ( CNCMC ) ထံမှ သိရသည်။

"မြန်မာနိုင်ငံသားတွေအနေနဲ့ (၃)ဘီးဆိုင်ကယ်နဲ့ ပို့ဆောင်ပေးတာကိုတော့ ကျွန်တော်တို့ ထိုင်းဘက်က ခွင့်ပြုပေးထားပေမဲ့၊ မော်တော်ယာဉ်ပေါ်က ကုန်ပစ္စည်းတွေ (၃)ဘီးဆိုင်ကယ်ပေါ်တို့၊ ကားပေါ်တို့ကို အတင်အချ လုပ်တာကိုတော့ ခွင့်မပြုထားပါဘူး၊ အဲ့လိုလုပ်ရင် ထိုင်းနိုင်ငံရဲ့ ဥပဒေအရ အရေးယူလို့ ရပါတယ်။ အရင်တုန်းကတော့ ကျွန်တော်တို့ နားလည်မှုနဲ့ လွှတ်ပေးထားတာတွေရှိခဲ့ပါတယ်။ အခုကတော့ လမ်းဘေးမှာ သုံးဘီးဆိုင်ကယ်ရပ်တန့်ပြီး ကုန်ပစ္စည်းအတင်အချ လုပ်တာတွေကို စစ်ဆေးတွေ့ရှိရရင် အရေးယူသွားမှာပါ"ဟု မယ်ဆိုင်လဝက အရာရှိတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ထိုင်းနိုင်ငံအတွင်း စက်တင်ဘာလအတွင်းက စ၍ ယာဉ်/လမ်းစည်းကမ်းနှင့် ပတ်သက်၍ ရက်ခြား စစ်ဆေးမှုများကို မယ်ဆိုင်မြို့ရဲစခန်း နှင့် မယ်ဆိုင်ယာဉ်ထိန်းရဲရုံးရှေ့များတွင် ပြုလုပ်နေလျှက် ရှိကြောင်းနှင့် မြို့တွင်း လမ်းကြားနှင့် လမ်းဘေးများတွင် သုံးဘီးဆိုင်ကယ်များဖြင့် ကုန်ပစ္စည်း အတင်အချပြုလုပ်နေမှုများကိုလိုက် လိုက်လံစစ်ဆေးနေလျှက်ရှိကြောင်း သိရှိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~