ကေလးေနမေကာင္း၍ ေဆးခန္းလာျပသူက ခယ္မျဖစ္သူကို ဓားျဖင့္ထိုး

ကေလးေနမေကာင္း၍ ေဆးခန္းလာျပသူက ခယ္မျဖစ္သူကို ဓားျဖင့္ထိုး
စက်တင်ဘာ 28, 2016
By Tachileik News Agency

မႏၲေလးတိုင္းေဒသႀကီး ဝမ္းတြင္းၿမိဳ႕နယ္ လိန္ပင္ေက်းရြာတြင္ ခယ္မျဖစ္သူအား ဓါးျဖင့္ထိုးမႈ စက္တင္ဘာလ (၂၈) ရက္ ျဖစ္ပြားေၾကာင္း သိရသည္။

“ေကာင္ေလးက သူ႔ကေလးေနမေကာင္းတာၾကည့္ၿပီး ေဆးခန္းေရွ႕မွာ ငုိေနတာ ျမင္ရတယ္။ ေနာက္အျပင္ ထြက္သြားၿပီး ျပန္ေရာက္ေတာ့ ေကာင္မေလးကုိ ဓားနဲ႔ထိုးေတာ့ပါပဲ”ဟု ေဆးခန္းလာသူတစ္ဦးက ဆိုသည္။

ေဆးခန္းေရွ႕တြင္ ငိုေနသည့္ ထြန္းထြန္းအား ခယ္မျဖစ္သူ ဇင္ျဖဴလြင္က စကားေျပာဆိုလုိက္ၿပီးေနာက္ ထြန္းထြန္းက ဓားသြားယူၿပီး ခယ္မျဖစ္သူအား ထိုးလုိက္သျဖင့္ ယာလက္ဖ်ံ၊ ယာခါး၊ ယာဂ်ိဳင္း၊ ဝဲပုခုံးျပတ္ရွဒဏ္ရာမ်ား ရရွိသြားသျဖင့္ ဝမ္းတြင္းၿမိဳ႕ ျပည္သူေဆးရုံတြင္ ေဆးကုသမႈခံယူေနရေၾကာင္း သိရသည္။

“ကၽြန္ေတာ့္ကုိ သမီးေတြကဖုန္းဆက္ေခၚလုိ႔ ေဆးရုံကုိ အေျပးလာလုိက္ရတယ္။ ဒဏ္ရာေတြမ်ားတယ္ဗ်ာ”
ဟု မဇင္ျဖဴလြင္၏ဖခင္ ဦးခင္ေမာင္လြင္က ေျပာသည္။

အဆိုပါျဖစ္စဥ္အား ဝမ္းတြင္းၿမိဳ႕မရဲစခန္းတြင္  (ပ)၁၈၆/၂၀၁၆ ျပင္းထန္ျပတ္ရွဒဏ္ရာရရွိေစမႈ ပုဒ္မ (၃၂၆) ျဖင့္အမႈဖြင့္ ေဆာင္ရြက္ေနေၾကာင္း သိရသည္။

သတင္း - ကိုလင္း(TNA)

~~~~~~~~⊰❂ unicode ~~~~~~~~
မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့နယ် လိန်ပင်ကျေးရွာတွင် ခယ်မဖြစ်သူအား ဓားဖြင့်ထိုးမှု စက်တင်ဘာလ (၂၈) ရက် ဖြစ်ပွားကြောင်း သိရသည်။

“ကောင်လေးက သူ့ကလေးနေမကောင်းတာကြည့်ပြီး ဆေးခန်းရှေ့မှာ ငိုနေတာ မြင်ရတယ်။ နောက်အပြင် ထွက်သွားပြီး ပြန်ရောက်တော့ ကောင်မလေးကို ဓားနဲ့ထိုးတော့ပါပဲ”ဟု ဆေးခန်းလာသူတစ်ဦးက ဆိုသည်။

ဆေးခန်းရှေ့တွင် ငိုနေသည့် ထွန်းထွန်းအား ခယ်မဖြစ်သူ ဇင်ဖြူလွင်က စကားပြောဆိုလိုက်ပြီးနောက် ထွန်းထွန်းက ဓားသွားယူပြီး ခယ်မဖြစ်သူအား ထိုးလိုက်သဖြင့် ယာလက်ဖျံ၊ ယာခါး၊ ယာဂျိုင်း၊ ဝဲပုခုံးပြတ်ရှဒဏ်ရာများ ရရှိသွားသဖြင့် ဝမ်းတွင်းမြို့ ပြည်သူဆေးရုံတွင် ဆေးကုသမှုခံယူနေရကြောင်း သိရသည်။

“ကျွန်တော့်ကို သမီးတွေကဖုန်းဆက်ခေါ်လို့ ဆေးရုံကို အပြေးလာလိုက်ရတယ်။ ဒဏ်ရာတွေများတယ်ဗျာ”
ဟု မဇင်ဖြူလွင်၏ဖခင် ဦးခင်မောင်လွင်က ပြောသည်။

အဆိုပါဖြစ်စဉ်အား ဝမ်းတွင်းမြို့မရဲစခန်းတွင် (ပ)၁၈၆/၂၀၁၆ ပြင်းထန်ပြတ်ရှဒဏ်ရာရရှိစေမှု ပုဒ်မ (၃၂၆) ဖြင့်အမှုဖွင့် ဆောင်ရွက်နေကြောင်း သိရသည်။

သတင်း - ကိုလင်း(TNA) 

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~