က်ဳိင္းတံု - တာခ်ီလိတ္ ခရီးသည္တင္ ယာဥ္ငယ္ တိမ္းေမွာက္မႈ ခရီးသြားအာမခံေလ်ာ္ေၾကးေပးရန္ စိစစ္ေန

က်ဳိင္းတံု - တာခ်ီလိတ္ ခရီးသည္တင္ ယာဥ္ငယ္ တိမ္းေမွာက္မႈ ခရီးသြားအာမခံေလ်ာ္ေၾကးေပးရန္ စိစစ္ေန
စက်တင်ဘာ 17, 2016
By Tachileik News Agency

ေရႊေရကန္ယာဥ္လုိင္းမွ ခရီးသည္တင္ယာဥ္ငယ္တစ္စီး ရွမ္းျပည္နယ္အေရွ႕ပိုင္း က်ိဳင္းတံု - မိုင္းျဖတ္ၿမိဳ႕ၾကားရွိ ေခ်ာက္ထဲသို႔ ျပဳတ္က်ရာမွ ထိခိုက္ဒဏ္ရာရသူမ်ားႏွင့္ ေသဆံုးသူမ်ားအတြက္ ခရီးသြားအာမခံေပးရန္ အာမခံကုမၸဏီက စိစစ္ေနေၾကာင္း ယာဥ္လိုင္းပိုင္ရွင္ျဖစ္သူ ဦးစိုင္းႏြမ္းထံမွ သိရသည္။

“လက္ရိွမွာေတာ့ ကၽြန္ေတာ္တို႔အေနနဲ႔ ခရီးသည္ေတြ အားလံုးအတြက္ လိုအပ္တာေတြ လုပ္ေပးေနပါတယ္။ ေနာက္တစ္ပိုင္းကေတာ့ ခရီးသြားေတြအတြက္ ကၽြန္ေတာ္တို႔ယာဥ္လိုင္းက ကေမၻာဇအာမခံလုပ္ငန္းမွာ ခရီးသြား အာမခံထားေပးထားပါတယ္။ ခရီးသည္ တစ္ဦးခ်င္းစီကေန ေငြက်ပ္သံုးရာဆီ အၿမဲေကာက္ခံၿပီး ေပးထားပါတယ္။ သူတို႔(အာမခံလုပ္ငန္း) မေန႔က ဖုန္းဆက္လာတာေတာ့ ေသဆံုးသြားတဲ့ လူေတြအတြက္ အာမခံေလ်ာ္ေၾကးနဲ႔ ဒဏ္ရာ ရသူေတြကိုေတာ့ သူတို႔ စိစစ္ဦးမယ္လို႔ သိရပါတယ္”ဟု ေရႊေရကန္ ယာဥ္လိုင္းပိုင္ရွင္ျဖစ္သူ ဦးစိုင္းႏြမ္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာျပသည္။

ရွမ္းျပည္နယ္အေရွ႕ပိုင္း က်ဳိင္းတံုၿမိဳ႕မွ တာခ်ီလိတ္ၿမိဳ႕သို႔ ေျပးဆြဲသည့္ ေရႊေရကန္ခရီးသည္တင္ယာဥ္ငယ္ တစ္စီးသည္ စက္တင္ဘာလ (၁၆) ရက္ေန႔က ေခ်ာက္ထဲသို႔က်သြားရာမွ ယာဥ္ေမာင္း အပါအဝင္ ယာဥ္ေပၚပါဝင္သူ (၁၂) ဦးအနက္ ႏွစ္ဦးေသဆံုးသြားျခင္းျဖစ္သည္။

“အာမခံအတြက္ေတာ့ ကၽြန္ေတာ္တို႔ဆီကို ဘာမွ ေမးတာ မရိွေသးဘူး။ ခုေတာ့ ယာဥ္လိုင္းပိုင္ရွင္က ကၽြန္ေတာ္တို႔ အားလံုးကို ေဆးကုသတာ လိုအပ္တာ လုပ္ေပးေနပါတယ္။ မေန႔က ကၽြန္ေတာ္က ယာဥ္ေမာင္းေနာက္ေက်ာဘက္ ခံုနံပါတ္ေလးမွာ လိုက္လာတာ။ ရြာနာမည္ ဘာလဲ ကၽြန္ေတာ္မမွတ္မိဘူး။ အဲဒီနားမွာ ယာဥ္ေမာင္းေဘး ခံုနံပါတ္တစ္မွာထုိင္တဲ့ အမ်ိဳးသမီးက အရက္ဝယ္ခ်င္တယ္ဆိုေတာ့ ဒရို္င္ဘာက ဝယ္ေပးတာ။ အိတ္အမည္းထဲထည့္ခဲ့တာ အရက္သံုးလံုး။ အဲဒီအမ်ိဳးသမီးက ခုံနားခ်ထားတာ ဒရိုင္ဘာဘက္ က်သြားတာျဖစ္မွာ။ ဒရိုင္ဘာက အဲဒီဗူးကို လွမ္းဆြဲယူတာေတာ့ ေနာက္ဆံုး ေတြ႕လိုက္တယ္။ အဲဒီေနာက္ ကၽြန္ေတာ္တုိ႔ ျပဳတ္က်သြားတာပဲ”ဟု အဆိုပါကားႏွင့္ လုိက္ပါလာသည့္ ခရီးသည္တစ္ဦးျဖစ္သူ တာခ်ီလိတ္ၿမိဳ႕မွ ဦးလီေဘာ္က ဆိုသည္။

လက္ရိွတြင္ ေဆးကုသမႈခံယူေနသည့္ ဒဏ္ရာရခရီးသည္ (၉) ဦးမွာ စိုးရိမ္ဖြယ္မရိွေၾကာင္းသိရၿပီး  ေသဆံုးသြားသူ တစ္ဦးအား သၿဂိဳလ္ၿပီးစီးကာ က်န္တစ္ဦး၏ အေလာင္းကို ရွာေဖြေနဆဲျဖစ္ေၾကာင္း သိရသည္။

ေသဆံုးသြားသည့္ အမ်ဳိးသားမွာ မိတၳီလာၿမိဳ႕မွ အသက္(၅၂)ႏွစ္အရြယ္ ဦးေက်ာ္စိုးျဖစ္ၿပီး ေသဆံုးသူ အမ်ဳိးသမီးမွာ အသက္(၅၁)ႏွစ္ျဖစ္ၿပီး က်ိဳင္းတံုၿမိဳ႕မွ နန္းစံတစ္ဆိုသူျဖစ္ေၾကာင္း သိရသည္။

ေရႊေရကန္ယာဥ္လိုင္းသည္  က်ိဳင္းတံုၿမိဳ႕ႏွင့္ တာခ်ီလိတ္ၿမိဳ႕ကို ေျပးဆြဲေနသည့္ ခရီးသည္တင္ ယာဥ္လိုင္းျဖစ္ၿပီး ကားစီးေရ (၁၂)စီးျဖင့္ ေျပးဆြဲေပးေနျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ယာဥ္တိမ္းေမွာက္မႈႏွင့္ ပတ္သက္၍ ယာဥ္ေမာင္းျဖစ္သူအား မိုင္းျဖတ္ၿမိဳ႕မရဲစခန္းတြင္ စက္တင္ဘာလ (၁၆) ရက္ေန႔က ယာဥ္(ပ)၉/၂၀၁၆၊ ရာဇသတ္ႀကီး ဥပေဒပုဒ္မ ၂၇၉/ ၃၃၇/ ၃၃၈/ ၃၀၄-က အရ အမႈဖြင့္ အေရးယူထားေၾကာင္း သိရသည္။

သတင္း - ခ်ယ္ရီထိုက္

~~~~~~~~⊰❂ unicode ~~~~~~~~
ရွှေရေကန်ယာဉ်လိုင်းမှ ခရီးသည်တင်ယာဉ်ငယ်တစ်စီး ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံ - မိုင်းဖြတ်မြို့ကြားရှိ ချောက်ထဲသို့ ပြုတ်ကျရာမှ ထိခိုက်ဒဏ်ရာရသူများနှင့် သေဆုံးသူများအတွက် ခရီးသွားအာမခံပေးရန် အာမခံကုမ္ပဏီက စိစစ်နေကြောင်း ယာဉ်လိုင်းပိုင်ရှင်ဖြစ်သူ ဦးစိုင်းနွမ်းထံမှ သိရသည်။

“လက်ရှိမှာတော့ ကျွန်တော်တို့အနေနဲ့ ခရီးသည်တွေ အားလုံးအတွက် လိုအပ်တာတွေ လုပ်ပေးနေပါတယ်။ နောက်တစ်ပိုင်းကတော့ ခရီးသွားတွေအတွက် ကျွန်တော်တို့ယာဉ်လိုင်းက ကမ္ဘောဇအာမခံလုပ်ငန်းမှာ ခရီးသွား အာမခံထားပေးထားပါတယ်။ ခရီးသည် တစ်ဦးချင်းစီကနေ ငွေကျပ်သုံးရာဆီ အမြဲကောက်ခံပြီး ပေးထားပါတယ်။ သူတို့(အာမခံလုပ်ငန်း) မနေ့က ဖုန်းဆက်လာတာတော့ သေဆုံးသွားတဲ့ လူတွေအတွက် အာမခံလျော်ကြေးနဲ့ ဒဏ်ရာ ရသူတွေကိုတော့ သူတို့ စိစစ်ဦးမယ်လို့ သိရပါတယ်”ဟု ရွှေရေကန် ယာဉ်လိုင်းပိုင်ရှင်ဖြစ်သူ ဦးစိုင်းနွမ်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောပြသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့မှ တာချီလိတ်မြို့သို့ ပြေးဆွဲသည့် ရွှေရေကန်ခရီးသည်တင်ယာဉ်ငယ် တစ်စီးသည် စက်တင်ဘာလ (၁၆) ရက်နေ့က ချောက်ထဲသို့ကျသွားရာမှ ယာဉ်မောင်း အပါအဝင် ယာဉ်ပေါ်ပါဝင်သူ (၁၂) ဦးအနက် နှစ်ဦးသေဆုံးသွားခြင်းဖြစ်သည်။

“အာမခံအတွက်တော့ ကျွန်တော်တို့ဆီကို ဘာမှ မေးတာ မရှိသေးဘူး။ ခုတော့ ယာဉ်လိုင်းပိုင်ရှင်က ကျွန်တော်တို့ အားလုံးကို ဆေးကုသတာ လိုအပ်တာ လုပ်ပေးနေပါတယ်။ မနေ့က ကျွန်တော်က ယာဉ်မောင်းနောက်ကျောဘက် ခုံနံပါတ်လေးမှာ လိုက်လာတာ။ ရွာနာမည် ဘာလဲ ကျွန်တော်မမှတ်မိဘူး။ အဲဒီနားမှာ ယာဉ်မောင်းဘေး ခုံနံပါတ်တစ်မှာထိုင်တဲ့ အမျိုးသမီးက အရက်ဝယ်ချင်တယ်ဆိုတော့ ဒရို်င်ဘာက ဝယ်ပေးတာ။ အိတ်အမည်းထဲထည့်ခဲ့တာ အရက်သုံးလုံး။ အဲဒီအမျိုးသမီးက ခုံနားချထားတာ ဒရိုင်ဘာဘက် ကျသွားတာဖြစ်မှာ။ ဒရိုင်ဘာက အဲဒီဗူးကို လှမ်းဆွဲယူတာတော့ နောက်ဆုံး တွေ့လိုက်တယ်။ အဲဒီနောက် ကျွန်တော်တို့ ပြုတ်ကျသွားတာပဲ”ဟု အဆိုပါကားနှင့် လိုက်ပါလာသည့် ခရီးသည်တစ်ဦးဖြစ်သူ တာချီလိတ်မြို့မှ ဦးလီဘော်က ဆိုသည်။

လက်ရှိတွင် ဆေးကုသမှုခံယူနေသည့် ဒဏ်ရာရခရီးသည် (၉) ဦးမှာ စိုးရိမ်ဖွယ်မရှိကြောင်းသိရပြီး သေဆုံးသွားသူ တစ်ဦးအား သဂြိုလ်ပြီးစီးကာ ကျန်တစ်ဦး၏ အလောင်းကို ရှာဖွေနေဆဲဖြစ်ကြောင်း သိရသည်။

သေဆုံးသွားသည့် အမျိုးသားမှာ မိတ္ထီလာမြို့မှ အသက်(၅၂)နှစ်အရွယ် ဦးကျော်စိုးဖြစ်ပြီး သေဆုံးသူ အမျိုးသမီးမှာ အသက်(၅၁)နှစ်ဖြစ်ပြီး ကျိုင်းတုံမြို့မှ နန်းစံတစ်ဆိုသူဖြစ်ကြောင်း သိရသည်။

ရွှေရေကန်ယာဉ်လိုင်းသည် ကျိုင်းတုံမြို့နှင့် တာချီလိတ်မြို့ကို ပြေးဆွဲနေသည့် ခရီးသည်တင် ယာဉ်လိုင်းဖြစ်ပြီး ကားစီးရေ (၁၂)စီးဖြင့် ပြေးဆွဲပေးနခြေင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ယာဉ်တိမ်းမှောက်မှုနှင့် ပတ်သက်၍ ယာဉ်မောင်းဖြစ်သူအား မိုင်းဖြတ်မြို့မရဲစခန်းတွင် စက်တင်ဘာလ (၁၆) ရက်နေ့က ယာဉ်(ပ)၉/၂၀၁၆၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၂၇၉/ ၃၃၇/ ၃၃၈/ ၃၀၄-က အရ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

သတင်း - ချယ်ရီထိုက် 

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~