ေရေဘးသင့္ ျပည္သူမ်ားထံ ေနာက္က်မွ ေရာက္ရွိခဲ့သည့္အတြက္ ႏိုင္ငံေတာ္သမၼတ ေတာင္းပန္စကား ေျပာၾကား

ေရေဘးသင့္ ျပည္သူမ်ားထံ ေနာက္က်မွ ေရာက္ရွိခဲ့သည့္အတြက္ ႏိုင္ငံေတာ္သမၼတ ေတာင္းပန္စကား ေျပာၾကား
သြဂုတ် 8, 2016
By Tachileik News Agency

မေကြးတိုင္းေဒသႀကီးအတြင္းရိွ ေရေဘးသင့္ ေဒသမ်ားသို႔ ေရာက္ရိွလာသည့္ ႏိုင္ငံေတာ္သမၼတႀကီးက လာေရာက္မႈ ေနာက္က်ခဲ႔ရသည့္အေပၚ ေဒသခံမ်ားအေနျဖင့္ နားလည္ေပးၾကပါရန္ ေတာင္းပန္၍ အားေပးစကားမ်ား ေျပာၾကားၿပီး ေထာက္ပံ့ေရးပစၥည္းမ်ားေပးအပ္သည္။

ႏိုင္ငံေတာ္သမၼတႀကီး ဦးထင္ေက်ာ္က မေကြးတိုင္းေဒသႀကီးအတြင္းရိွ ေရေဘးသင့္ေဒသမ်ားသို႔ ေရာက္ရိွမႈ ေနာက္က်ခဲ့ရသည့္အေပၚ နားလည္ေပးပါရန္ ေတာင္းပန္စကားေျပာၾကားၿပီး ေရေဘးသင့္ျပည္ သူမ်ားအား တပ္မေတာ္မွ ကယ္ဆယ္ေရးေဆာင္ရြက္ရာတြင္ အထက္အဆင့္ဆင့္သို႔ ခြင့္ျပဳမိန္႔ေတာင္းခံ ေနစရာမလိုဘဲ ကူညီခြင္႔ေပးထားေသာ ကာကြယ္ေရးဦးစီးခ်ဳပ္၏ သေဘာထားကိုလည္း အသိအမွတ္ ျပဳ ေျပာၾကားသြားေၾကာင္းသိရသည္။

ႏိုင္ငံေတာ္သမၼတႀကီးႏွင့္ ျပည္ေထာင္စုအစိုးရအဖဲြ႔ဝန္ႀကီးမ်ားသည္ မေကြးတိုင္းေဒသႀကီးဝန္ႀကီး ခ်ဳပ္ႏွင္႔ တိုင္းေဒသႀကီးအစိုးရအဖဲြ႔ ဝန္ႀကီးမ်ား လိုက္ပါ၍ ၾသဂုတ္လ(၇)ရက္ေန႔ နံနက္ပိုင္းက မေကြးတိုင္း ေဒသႀကီး မင္းဘူးၿမိဳ႕သို႔ ေရာက္ရိွလာၿပီး မင္းဘူးၿမိဳ႕ မွန္ကင္းေက်ာင္းတိုက္တြင္ ေရေဘးသင္႔ျပည္သူ မ်ားႏွင္႔ေတြ႔ဆံုကာ ေထာက္ပံ႔ေရးပစၥည္းမ်ားေပးအပ္ခဲ႔သည္။

“ႏိုင္ငံေတာ္သမၼတႀကီးျဖစ္ေနၿပီး လာတာေနာက္က်သြားလို႔ ျပည္သူကိုေတာင္းပန္တယ္ဆိုတာ ဒါ ပထမဆံုးၾကားဖူးတာပဲ။ လြတ္လြတ္လပ္လပ္ ေျပာဆိုေဝဖန္ေမးျမန္းႏိုင္ပါတယ္လို႔လည္း ေျပာတယ္။ အျပစ္ တင္ရင္လည္း ခံပါမယ္ဆိုတဲ႔သေဘာပဲ။”ဟု မင္းဘူးၿမိဳ႕ အမွတ္(၂)ရပ္ကြက္မွ ေရေဘးသင္႔ျပည္သူ ဦးေအာင္ဘုက ေျပာသည္။

ႏိုင္ငံေတာ္သမၼတႀကီးႏွင့္အဖဲြ႔သည္ မင္းဘူးၿမိဳ႕နယ္ ေရေဘးသင့္အိမ္ေထာင္စု (၂၈၀၄)စု၊လူဦးေရ (၁၀,၄၄၂)ဦးအတြက္ ဆန္အိတ္(၂၀၉)အိတ္၊ ဆီ(၅၅၀)ပိႆာ၊ ငါးေသတၱာ(၃၀၀)ဗူး၊ ေရသန္႔(၆၀၀)ကတ္၊ ေခါက္ဆဲြေျခာက္(၁၀၈၀၀)၊ဗလာစာအုပ္(၃,၀၀၀)ဒါဇင္တို႔ကို လွဴဒါန္းၿပီး ဆက္လက္၍ ပြင္႔ျဖဴ၊ ကုန္းေဇာင္းႏွင့္ ပခုကၠဴၿမိဳ႕နယ္မ်ားသို႔ သြားေရာက္ကာ ေရေဘးသင့္ျပည္သူမ်ားကို အားေပးစကား ေျပာၾကားၿပီး ေထာက္ပံ့ ပစၥည္းမ်ား ေပးအပ္ခဲ႔ေၾကာင္း သိရသည္။

သတင္း/ဓာတ္ပံု - ဖီးနစ္
.............

မကွေးတိုင်းဒေသကြီးအတွင်းရှိ ရေဘေးသင့် ဒေသများသို့ ရောက်ရှိလာသည့် နိုင်ငံတော်သမ္မတကြီးက လာရောက်မှု နောက်ကျခဲ့ရသည့်အပေါ် ဒေသခံများအနဖြေင့် နားလည်ပေးကြပါရန် တောင်းပန်၍ အားပေးစကားများ ပြောကြားပြီး ထောက်ပံ့ရေးပစ္စည်းများပေးအပ်သည်။

နိုင်ငံတော်သမ္မတကြီး ဦးထင်ကျော်က မကွေးတိုင်းဒေသကြီးအတွင်းရှိ ရေဘေးသင့်ဒေသများသို့ ရောက်ရှိမှု နောက်ကျခဲ့ရသည့်အပေါ် နားလည်ပေးပါရန် တောင်းပန်စကားပြောကြားပြီး ရေဘေးသင့်ပြည် သူများအား တပ်မတော်မှ ကယ်ဆယ်ရေးဆောင်ရွက်ရာတွင် အထက်အဆင့်ဆင့်သို့ ခွင့်ပြုမိန့်တောင်းခံ နေစရာမလိုဘဲ ကူညီခွင့်ပေးထားသော ကာကွယ်ရေးဦးစီးချုပ်၏ သဘောထားကိုလည်း အသိအမှတ် ပြု ပြောကြားသွားကြောင်းသိရသည်။

နိုင်ငံတော်သမ္မတကြီးနှင့် ပြည်ထောင်စုအစိုးရအဖွဲ့ဝန်ကြီးများသည် မကွေးတိုင်းဒေသကြီးဝန်ကြီး ချုပ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများ လိုက်ပါ၍ သြဂုတ်လ(၇)ရက်နေ့ နံနက်ပိုင်းက မကွေးတိုင်း ဒေသကြီး မင်းဘူးမြို့သို့ ရောက်ရှိလာပြီး မင်းဘူးမြို့ မှန်ကင်းကျောင်းတိုက်တွင် ရေဘေးသင့်ပြည်သူ များနှင့်တွေ့ဆုံကာ ထောက်ပံ့ရေးပစ္စည်းများပေးအပ်ခဲ့သည်။

“နိုင်ငံတော်သမ္မတကြီးဖြစ်နပြေီး လာတာနောက်ကျသွားလို့ ပြည်သူကိုတောင်းပန်တယ်ဆိုတာ ဒါ ပထမဆုံးကြားဖူးတာပဲ။ လွတ်လွတ်လပ်လပ် ပြောဆိုဝေဖန်မေးမြန်းနိုင်ပါတယ်လို့လည်း ပြောတယ်။ အပြစ် တင်ရင်လည်း ခံပါမယ်ဆိုတဲ့သဘောပဲ။”ဟု မင်းဘူးမြို့ အမှတ်(၂)ရပ်ကွက်မှ ရေဘေးသင့်ပြည်သူ ဦးအောင်ဘုက ပြောသည်။

နိုင်ငံတော်သမ္မတကြီးနှင့်အဖွဲ့သည် မင်းဘူးမြို့နယ် ရေဘေးသင့်အိမ်ထောင်စု (၂၈၀၄)စု၊လူဦးရေ (၁၀,၄၄၂)ဦးအတွက် ဆန်အိတ်(၂၀၉)အိတ်၊ ဆီ(၅၅၀)ပိဿါ၊ ငါးသေတ္တာ(၃၀၀)ဗူး၊ ရေသန့်(၆၀၀)ကတ်၊ ခေါက်ဆွဲခြောက်(၁၀၈၀၀)၊ဗလာစာအုပ်(၃,ဝဝဝ)ဒါဇင်တို့ကို လှူဒါန်းပြီး ဆက်လက်၍ ပွင့်ဖြူ၊ ကုန်းဇောင်းနှင့် ပခုက္ကူမြို့နယ်များသို့ သွားရောက်ကာ ရေဘေးသင့်ပြည်သူများကို အားပေးစကား ပြောကြားပြီး ထောက်ပံ့ ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - ဖီးနစ်

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~ ေၾကာ္ျငာ ~~~~~~