သတင်းတွင် ဖော်ပြခဲ့ပြီးနောက် (၅)ရက်အကြာ၌ MPT ဖုန်းကြိုးတိုင်ကို ဖယ်ရှားပေးလိုက်ပြီ

သတင်းတွင် ဖော်ပြခဲ့ပြီးနောက် (၅)ရက်အကြာ၌ MPT ဖုန်းကြိုးတိုင်ကို ဖယ်ရှားပေးလိုက်ပြီ
စက်တင်ဘာ 25, 2015
By Tachileik News Agency

တာချီလိတ်မြို့ ၀မ်ကောင်းရပ်ကွက် ကချင်ရွာဘက်သို့ သွားသည့် လမ်းဘေးနှင့်ချောင်းငယ်ဘေးတွင် MPT ဖုန်းကြိုးတိုင်၏ အနေအထားသည် ရေတိုက်စားမှုနှင့်အတူ တိုင်ကျိုးကျပြိုလဲသွားတော့မည့် အနေအထား ဖြစ်နေသည့်အတွက် စက်တင်ဘာလ(၂၀)ရက်နေ့က တာချီလိတ်သတင်းအေဂျင်စီမှ ရုပ်သံအဖြစ် သတင်းဖော်ပြခဲ့ပြီးနောက် ယနေ့ စက်တင်ဘာလ(၂၅)ရက်နေ့ နေ့လည်ပိုင်းတွင် အဆိုပါ တိုင်အား ဖယ်ရှားရှင်းလင်းလိုက်ပြီဖြစ်ကြောင်း တာချီလိတ် ဆက်သွယ်ရေးမှ အသိပေးပြောကြားလာသည်။

ထိုသို့ အသိပေးပြောကြားလာမှုကြောင့် တာချီလိတ်သတင်းအေဂျင်စီမှ သွားရောက် ကြည့်ရှုရာ အဆိုပါ MPT တိုင်အား အပြီးအပြတ် ဖယ်ရှားလိုက်ပြီး၊ ဆက်လက်၍ သွယ်တန်းထားရှိသော ဖုန်းကြိုးများကို အဆင်ပြေစေရန်အတွက် အခြားတိုင်မှ တဆင့် သွယ်တန်းထားလိုက်တာကို တွေ့ရှိရသည်။

( စက်တင်ဘာလ ၂၀ရက်နေ့က ဖော်ပြခဲ့သည့် ရုပ်သံ )
အဆို အနီးတ၀ိုက်တွင် မိုးတွင်းအခါ၌ လမ်းရေလျှံမှုများနှင့်အတူ ချောင်းရေလျှံမှုများ ဖြစ်ပေါ်လေ့ရှိသည့် အတွက် ယခုလို ချောင်းဘေးတွင် တည်ရှိနေသည့် တိုင်အား ဖယ်ရှားလိုက်ခြင်းအတွက် သဘာဝဘေးအန္တရာယ်ကြောင့် ကျိုးကျပြိုလဲလာမည်ကို စိုးရိမ်ဖွယ်မရှိတော့ကြောင်း အနီးအနားရှိ ဈေးသည် တစ်ဦးက ဆိုသည်။
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~