ပြည်ထောင်စုဒီမိုကရေစီပါတီ မဲဆန္ဒနယ် (၃)ခုအထိ ဝင်မပြိုင်နိုင်၍ ပါတီကို ဖျက်သိမ်း

ပြည်ထောင်စုဒီမိုကရေစီပါတီ မဲဆန္ဒနယ် (၃)ခုအထိ ဝင်မပြိုင်နိုင်၍ ပါတီကို ဖျက်သိမ်း
သြဂုတ် 14, 2020
By Tachileik News Agency

ပြည်ထောင်စုဒီမိုကရေစီပါတီ မဲဆန္ဒနယ် (၃)ခုအထိ ဝင်မပြိုင်နိုင်၍ ပါတီကို ဖျက်သိမ်း

ပြည်ထောင်စုဒီမိုကရေစီပါတီ (Union Democratic Party) သည် လာမည့်ရွေးကောက်ပွဲတွင် အနည်းဆုံး မဲဆန္ဒနယ် (၃)နယ်တွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ခြင်းမရှိ၍ နိုင်ငံရေးပါတီကို ဖျက်သိမ်းလိုက်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာသည်။

အဆိုပါ ပါတီအား နိုင်ငံရေးပါတီများ မှတ်ပုံတင်းခြင်းဥပဒေ ပုဒ်မ ၁၂(ခ)နှင့်အညီ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားခြင်းမှ ပယ်ဖျက်၍ ပါတီကိုလည်း ဖျက်သိမ်းရန် ၂၀၂၀ ခုနှစ်၊ သြဂုတ်လ (၁၃) ရက်နေ့က ကျင်းပသည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် စုံညီလုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ဆုံးဖြတ်ခြင်းဖြစ်ကြောင်း သိရသည်။

UDP ပါတီသည် ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ (၈)ရက်နေ့၌ ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် လွှတ်တော်မဲဆန္ဒနယ်များအနက် အနည်းဆုံး မဲဆန္ဒနယ် (၃)ခုတွင် လွှတ်တော်ကိုယ်စားလှယ်လောင်း ဝင်ရောက်ယှဉ်ပြိုင်နိုင်ခြင်းမရှိ၍ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေအရ ပယ်ဖျက်ခံရခြင်းဖြစ်သည်။

ရန်ကုန်မြို့တွင် အခြေစိုက်သည့် ပြည်ထောင်စုဒီမိုကရေစီပါတီ (Union Democratic Party) သည် ၂၀၁၀ ခုနှစ်၊ မေလ (၄)ရက်နေ့၌ ပါတီတည်ထောင်ခွင့်ရထားခြင်းဖြစ်ပြီး မေလ (၂၈)ရက်နေ့တွင် ပါတီအမှတ်စဉ် (၂၄)ဖြင့် ပါတီတည်ထောင်ထားခြင်းဖြစ်သည်။

ပြည်ထောင်စုဒီမိုကရေစီပါတီသည် ပြီးခဲ့သည့်ရွေးကောက်ပွဲတွင် မဲဆန္ဒနယ် (၃)နေရာဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ပါတီဥက္ကအဖြစ် တာဝန်ယူခဲ့ဖူးသည့် ပါတီဖြစ်သည်။

၂၀၁၀ ရွေးကောက်ပွဲအပြီးတွင် ဦးဖြိုးမင်းသိန်းက အဆိုပါ ပါတီ၏ဥက္ကဌအဖြစ်မှ နှုတ်ထွက်ကာ ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ၌ NLD ပါတီကိုယ်စားလှယ်အဖြစ် လှည်းကူးမြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံခဲ့ရခြင်းဖြစ်သည်။

၂၀၂၀ ခုနှစ်၊ သြဂုတ်လ (၁၄)ရက်နေ့အထိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တွင် ကြေညာထားသည့် ပယ်ဖျက်ခဲ့သည့် နိုင်ငံရေးပါတီအရေအတွက် (၃၄)ခုရှိပြီဖြစ်သည်။

  Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~