တာချီလိတ်တွင် အကြောင်းအမျိုးမျိုးကြောင့် လမ်းဘေးအိမ်ခြေမဲ့အဖြစ် တောင်းရမ်းစားသောက်နေသူများကို နေရပ်ပြန်ပို့ရေး ဆောင်ရွက်နေ

တာချီလိတ်တွင် အကြောင်းအမျိုးမျိုးကြောင့် လမ်းဘေးအိမ်ခြေမဲ့အဖြစ် တောင်းရမ်းစားသောက်နေသူများကို နေရပ်ပြန်ပို့ရေး ဆောင်ရွက်နေ
သြဂုတ် 11, 2020
By Tachileik News Agency
တာချီလိတ်တွင် အကြောင်းအမျိုးမျိုးကြောင့် လမ်းဘေးအိမ်ခြေမဲ့အဖြစ် တောင်းရမ်းစားသောက်နေသူများကို  နေရပ်ပြန်ပို့ရေး ဆောင်ရွက်နေ

နယ်စပ်မြို့ဖြစ်သည့် တာချီလိတ်တွင် အကြောင်းအမျိုးမျိုးကြောင့် လမ်းဘေးအိမ်ခြေမဲ့  ဖြစ်နေသူများနှင့် ကလေးငယ်များဖြင့် လမ်းဘေးတောင်းရမ်းနေသူများကို နေရပ်ပြန်ပို့နိုင်ရေးအတွက် စာရင်းကောက်ယူခြင်းအား ၂၀၂၀ ခုနှစ်၊ သြဂုတ်လ (၁၁)ရက်နေ့တွင် ဆောင်ရွက်နေသည်။

"မနေ့က ရဲမှူးချုပ် ဦးတင်ကိုကိုလာတဲ့အချိန်မှာ ရပ်ရွာလုံခြုံရေးရော၊ မြို့သာယာရေးအတွက်ပါ  ဆွေးနွေးကြတဲ့အခါမှာ ဒါကိုစလုပ်ဖို့ တိုက်တွန်းခဲ့တာပေါ့။ ဒီနေ့စပြီးတော့ ရုပ်ပျက်ဆင်းပျက်ဖြစ်နေတဲ့နေရာတွေမှာ စပြီးတော့လုပ်တာပေါ့။ ကလးငယ်တွေကို ခေါ်ယူလာပြီးတော့ တောင်းရမ်းစားသောက်နေတာပေါ့။ အများစုက မိုင်းဖြတ်နဲ့ ကျိုင်းတုံကများနေတယ်။ မနက်ဖြန် နေရပ်ပြန်ပို့ဖို့ ကားတွေ စီစဉ်ပေးထားတယ်။ ပြန်ပို့တဲ့အခါမှာလည်း သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူးတွေနဲ့ ချိတ်ဆက်ပြီးပို့ဖို့ စီစဉ်ထားပါတယ်"ဟု ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်တင့်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်တင့်၊ မြို့နယ်စည်ပင်သာယာရေးဌာန၊ ရဲတပ်ဖွဲ့၊ လူမှုဝန်ထမ်းဦးစီးဌာနနှင့် လူမှုရေးအသင်းအဖွဲ့များပူးပေါင်းပြီး သြဂုတ်လ (၁၁) ရက်နေ့ နေ့လယ်ပိုင်းက စာရင်းကောက်ယူရာ မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတားအမှတ်(၂) မီးပွိုင့်ဝန်းကျင်တွင်  တောင်းရမ်းစားသောက်နေသူများ (၂၉) ဦးကို စာရင်းကောက်ယူရရှိထားခြင်းဖြစ်သည်။

ယင်းအပြင် တာချီလိတ် ရှမ်းရိုးမကွင်းနှင့် အခြားနေရာများ၌ တောင်းရမ်းစားသောက်နေသူများနှင့် အိမ်ခြေမဲ့များကိုလည်း ထပ်မံစာရင်းကောက်ယူ၍ နေရပ်ပြန်ပို့မည်ဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့တွင်း အကြောင်းအမျိုးမျိုးကြောင့် အိမ်ခြေမဲ့ဖြစ်နေသူများ တောင်းရမ်းစားသောက်နေသူ စုစုပေါင်း (၁၀၀) ဦးဝန်းကျင်ရှိမည်ဟု ခန့်မှန်းထားပြီး ၎င်းတို့အား နေရပ်ပြန်ပို့ရေးအတွက်  ယာယီထားရှိရန် နေရာနှင့် စားသောက်ရန်အတွက် ကူညီလိုသူများအနေဖြင့် စည်ပင်သာယာရေးဌာနမှ ဒုတိယဦးစီးမှူး ဦးဝေဇင်လှိုင် ဖုန်း-၀၉ ၂၆၄၇၅၆၃၂၂ သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်
ဓါတ်ပုံ - ကျော်ဇင်ဟိန်း


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~