ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသား နေရပ်ပြန်၊ ကျောင်းသားများနှင့် ပြစ်ဒဏ်စေ့ (၆၃) ဦး မယ်ဆိုင် - တာချီလိတ်နယ်စပ်ဂိတ်မှ ဝင်ရောက်မည်

ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသား နေရပ်ပြန်၊ ကျောင်းသားများနှင့် ပြစ်ဒဏ်စေ့ (၆၃) ဦး မယ်ဆိုင် - တာချီလိတ်နယ်စပ်ဂိတ်မှ ဝင်ရောက်မည်
ဇွန် 9, 2020
By 🌸

ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသား နေရပ်ပြန်၊ ကျောင်းသားများနှင့် ပြစ်ဒဏ်စေ့ (၆၃) ဦး မယ်ဆိုင် - တာချီလိတ်နယ်စပ်ဂိတ်မှ ဝင်ရောက်မည်

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ၂၀၂၀ ခုနှစ်၊ ဇွန်လ (၉)ရက်နေ့၌ ထိုင်းနိုင်ငံဘက်မှ ထပ်မံဝင်ရောက်လာမည့် မြန်မာနိုင်ငံသား (၆၃) ဦးကို လက်ခံနိုင်ရန် စီစဉ်နေပြီး ဇွန်လ (၅)ရက်နေ့က ပြန်ဝင်လာသူ (၇၇)ဦးမှာ quarantine center တွင် ဓာတ်ခွဲအဖြေစောင့်နေဆဲဖြစ်သည်။

“ဒီနေ့ဝင်လာမှာက ပြစ်ဒဏ်စေ့ရော၊ နေရပ်ပြန်ရော၊ ကျောင်းသားတွေရောပါမယ်။ ပြစ်ဒဏ်စေ့ (၁၃) ယောက်၊ ကျောင်းသား (၂၀)နှင့် နေရပ်ပြန် (၃၀) ပါမယ်။ မိုးကုတ် (မိုးကုတ်ဝိပဿနာတရားရိပ်သာ quarantine center)မှာပဲ အရင်လူတွေနဲ့ တစ်ဆောင်စီထားပါမယ်”

ဟု တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မယ်ဆိုင် - တာချီလိတ်နယ်စပ်ဂိတ်မှ နေရပ်ပြန်ခွင့်တင်ထားပြီး ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန၏ ထောက်ခံချက်ရထားသည့် မြန်မာနိုင်ငံသား (၃၀)ဦး၊ မယ့်ဖားလုံတက္ကသိုလ်မှ မြန်မာကျောင်းသူကျောင်းသား (၂၀)ဦးနှင့် ထိုင်းနိုင်ငံဘက်တွင် အကြောင်းအမျိုးမျိုးဖြင့် ထောင်ဒဏ်ကျခံရပြီး ပြစ်ဒဏ်စေ့လွတ်မြောက်လာသူ မြန်မာနိုင်ငံသား (၁၃)ဦးတို့ကို ဇွန်လ (၉)ရက်နေ့၌ တာချီလိတ်ဘက်တွင် လက်ခံမည်ဖြစ်သည်။

တာချီလိတ်မြို့တွင် ဇွန်လ (၅)ရက်နေ့က ထိုင်းဘက်မှ နေရပ်ပြန်နှင့် ပြစ်ဒဏ်စေ့ လွှဲပြောင်းလာသူ စုစုပေါင်း (၇၆)ဦးနှင့် လာအိုနိုင်ငံမှ ဇွန်လ (၆)ရက်နေ့၌ ပြန်လာသူ (၁)ဦးတို့၏ COVID 19 ဓာတ်ခွဲနမူနာများကို ၂၀၂၀ ခုနှစ်၊ ဇွန်လ (၆)ရက်နေ့တွင် ရန်ကုန်သို့ ပို့စစ်ထားကာ ဓာတ်ခွဲအဖြေစောင့်နေကြခြင်းဖြစ်သည်။

လာအို၊ထိုင်းနိုင်ငံတို့နှင့် နယ်စပ်ဖြစ်သည့် တာချီလိတ်မြို့တွင် ထိုင်းနှင့် လာအိုနိုင်ငံတို့မှ ပြန်ဝင်လာသည့် မြန်မာနိုင်ငံသားများကို မိုးကုတ်ဝိပဿနာတရားရိပ်သာရှိ quarantine center ၌ လက်ခံထားရှိကာ COVID 19 ဓာတ်ခွဲနမူနာရယူစစ်ဆေးပြီးမှ နေရပ်အသီးသီးသို့ ပြန်လည်စေလွှတ်နေခြင်းဖြစ်သည်။

Tachileik News Agency
ဓါတ်ပုံ -ဦးထွန်း(မယ်ဆိုင်)


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~