ထိုင်းနိုင်ငံဘက်မှ ပြစ်ဒဏ်စေ့ပြန်လွှဲလာသူ (၂၃)ဦးကို COVID 19 စစ်ဆေးရန် တာချီလိတ်တွင် Quarantine ထားရှိ

ထိုင်းနိုင်ငံဘက်မှ ပြစ်ဒဏ်စေ့ပြန်လွှဲလာသူ (၂၃)ဦးကို COVID 19 စစ်ဆေးရန် တာချီလိတ်တွင် Quarantine ထားရှိ
ဇွန် 23, 2020
By 🌸
ထိုင်းနိုင်ငံဘက်မှ ပြစ်ဒဏ်စေ့ပြန်လွှဲလာသူ (၂၃)ဦးကို COVID 19 စစ်ဆေးရန် တာချီလိတ်တွင် Quarantine ထားရှိ

ထိုင်းနိုင်ငံတွင်း တရားမဝင် ဝင်ရောက်ခြင်းအပါအဝင် အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံရပြီး သတ်မှတ်ပြစ်ဒဏ်စေ့ မြန်မာနိုင်ငံသား (၂၃) ဦးကို ၂၀၂၀ ခုနှစ်၊ ဇွန်လ (၂၃) ရက်နေ့တွင် မယ်ဆိုင်ဘက်မှ တာချီလိတ်သို့ လွှဲပြောင်းလာရာ COVID 19 စစ်ဆေးရန် မိုးကုတ်ဝိပဿနာ တရားရိပ်သာ၌ quarantine ထားရှိသည်။

အဆိုပါ မြန်မာနိုင်ငံသားများကို မယ်ဆိုင်ဘက်မှ တာဝန်ရှိသူများက မြန်မာ-ထိုင်း ချစ်ကြည်ရေးအမှတ်(၂)တံတား တာချီလိတ်ဘက်ခြမ်း၌ လာရောက်လွှဲပြောင်းပေးရာ တာချီလိတ်မှ တာဝန်ရှိသူများက စိစစ်လက်ခံသည်။

"ပြစ်ဒဏ်ကလွတ်လာတဲ့သူတွေ ကျွန်တာ်တို့ဆီမှာ Quarantine ထားပါမယ်။ နှာခေါင်းတို့ပတ်၊ အာခေါင်တို့ပတ် စစ်ပါမယ်။ သူတို့အဖြေ Nagative ထွက်မှ သူတို့သက်ဆိုင်ရာဒေသတွေကို ပြန်ပို့ပေးမှာ ဖြစ်ပါတယ်"

ဟု တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ထိုင်းနိုင်ငံတွင်း တရားမဝင် ဝင်ရောက်ခြင်း၊ နယ်မြေကျော်လွန်သွားလာခြင်းစသဖြင့် အကြောင်းအမျိုးမျိုးဖြင့် ပြစ်ဒဏ်ကျခံရသူများတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)မှ (၆) ဦး၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)မှ (၂) ဦး၊ ရှမ်းပြည်နယ်(တောင်ပိုင်း)မှ (၄) ဦး၊ မန္တလေးတိုင်းဒေသကြီးမှ (၈) ဦး၊ ဧရာဝတီတိုင်းဒေသကြီးမှ (၁) ဦး၊ နေပြည်တော်မှ (၁) ဦးနှင့် ပဲခူးတိုင်းဒေသကြီးမှ (၁) ဦးပါဝင်ခြင်းဖြစ်သည်။

တာချီလိတ်မိုးကုတ်ဝိပဿနာ တရားရိပ်သာတွင် quarantine ဝင်သူများအနေဖြင့် စားစရိတ်မျှဝေကျခံသည့်စနစ်ဖြင့် နေထိုင်ရမည်ဖြစ်သည်။

"နောက်ပိုင်းဝင်လာပြီး Quantine ထားတဲ့သူတွေက ကိုယ့်စရိတ်နဲ့ကိုယ်နေရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့မြို့အနေနဲ့ ဘာကူညီပေးထားသလဲဆိုရင် မြို့မိမြို့ဖတွေ၊ အလှူရှင်တွေလှူဒါန်းထားတဲ့ ဆန်တို့၊ ဆီတို့၊ ပဲတို့၊ ဒီရိက္ခာတွေအများကြီးရှိပါတယ်။ အဲဒါတွေအတွက် ကျွန်တော်တို့တစ်တွေက ကျခံပေးပါတယ်။ ကျန်တဲ့ဟင်းဖိုးအတွက် တစ်နေ့ကို ဘတ် (၅၀) နှုန်းကျခံရပါမယ်။ (၃) နပ်စာအတွက်ပေါ့။ တစ်ဝက်လောက်ပဲကျခံရတဲ့သဘောပါ"

ဟု တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က ပြောသည်။

Quantine ထားရှိသူများကို စရိတ်မျှပေးစနစ်ဖြင့် ထားရှိသော်လည်း ထိုင်းနိုင်ငံတွင် အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံရပြီး ပြန်လည်လွှဲပြောင်းလာသူများတွင် ငွေကြေးမတတ်နိုင်သူများပါရှိပါက စားသောက်စရိတ်ကို တာချီလိတ်ခရိုင်/မြို့နယ် COVID ကော်မတီမှ ကျခံပေးပြီး နေရပ်ပြန်နိုင်ရေးအတွက်လည်း ခရီးစရိတ်ကိုလည်း ကျခံပေးနေရကြောင်း သိရသည်။ 

 Tachileik News Agency
သတင်း -ဟန်စိုးထိုက်
ဓာတ်ပုံ -ကျော်ဇင်ဟိန်း


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~