ကျောက်မဲမြို့နယ်အတွင်း မန်စန်းကျေးရွာအနီး ပြောင်းစိုက်ခင်းတွင် အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ

ကျောက်မဲမြို့နယ်အတွင်း မန်စန်းကျေးရွာအနီး ပြောင်းစိုက်ခင်းတွင် အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ
ဇွန် 6, 2020
By Tachileik News Agency

ကျောက်မဲမြို့နယ်အတွင်း မန်စန်းကျေးရွာအနီး ပြောင်းစိုက်ခင်းတွင် အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ

ရှမ်းပြည်နယ်( မြောက်ပိုင်း ) ကျောက်မဲမြို့နယ်၊ မိုင်းတင်းကျေးရွာအုပ်စု မန်စန်းကျေးရွာအနီး  ပြောင်းဖူးစိုက်ခင်း တစ်ခုတွင် မန်စန်းဒေသခံအမျိုးသားတစ်ဦး ၂၀၂၀ ခုနှစ်၊ ဇွန်လ (၆) ရက် မွန်းလွဲပိုင်းက သေနတ်ဖြင့်ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သိရသည်။

မိုင်းတင်းကျေးရွာအုပ်စု မန်စန်းကျေးရွာမှ ဒေသခံ ဦးစိုင်းရွှေဝင်းသည် နေ့လယ်ပိုင်းတွင် ကျေးရွာအနီးရှိ ၎င်း၏ စိုက်ခင်းသို့ သွားရောက်ခဲ့ပြီးနောက်  ပြောင်းခင်းအတွင်း မှောက်လျက်သေဆုံးနေသည်ကို ဒေသခံတစ်ဦးက တွေ့ခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

ရဲတပ်ဖွဲ့က အခင်းဖြစ်နေရာအား ရောက်ရှိစစ်ဆေးရာ သေဆုံးသူမှာ မန်စန်းကျေးရွာမှ အသက် (၅၀)အရွယ် ရပ်မိရပ်ဖ တစ်ဦးဖြစ်ပြီး ဦးခေါင်း၊ ရင်ဘတ်နှင့် ကျောတို့တွင် သေနတ်ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရခြင်းဖြစ်ကြောင်း သိရသည်။

၂၀၁၉ ခုနှစ်အတွင်း မိုင်းတင်းကျေးရွာမှ ကျေးရွာသူကြီး၊ သူကြီးဟောင်းနှင့်အခြား ကျေးရွာမှ အမျိုးသားတစ်ဦးတို့အား ကျောက်မဲရှိ စားသာက်ဆိုင်တစ်ခုတွင် အမည်မသိ လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က သေနတ်ဖြင့် ဝင်ရောက်ပစ်သတ်မှု ဖြစ်ပွားခဲ့ပြီး မိုင်းတင်းကျေးရွာနှင့်အနီးတစ်ဝိုက်တွင် ဒေသခံများ မကြာခဏ သေနတ်ပစ်သတ်ခံရသည့် ဖြစ်စဉ်များလည်း ရှိခဲ့သည်။

Tachileik News Agency
သတင်း - နေဖြိုးမြင့်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~