ကျောက်မဲ မြို့ပတ်လမ်းတွင် ကျွန်းနှင့်ချယ်ရီ အပင်(၃၀၀) စုပေါင်း စိုက်ပျိုး

ကျောက်မဲ မြို့ပတ်လမ်းတွင် ကျွန်းနှင့်ချယ်ရီ အပင်(၃၀၀) စုပေါင်း စိုက်ပျိုး
ဇွန် 25, 2020
By Tachileik News Agency
ကျောက်မဲ မြို့ပတ်လမ်းတွင် ကျွန်းနှင့်ချယ်ရီ အပင်(၃၀၀) စုပေါင်း စိုက်ပျိုး

ရှမ်းပြည်နယ်( မြောက်ပိုင်း ) ကျောက်မဲမြို့၊ အမှတ် (၁)ရပ်ကွက်ရှိ ပြိန်းနင်မြို့ပတ်လမ်း ( အသစ် ) တွင် ဇွန်လ (၂၅)ရက်နေ့ နံနက်ပိုင်းက ကျွန်းနှင့် ချယ်ရီပင် စုစုပေါင်း အပင် (၃၀၀)ကို စုပေါင်း စိုက်ပျိုးခဲ့ကြောင်း သိရသည်။

ပေ (၃,၀၀၀)ကျော်ရှည်လျားပြီး လုပ်ငန်းရှင်တစ်ဦးတည်းက ကိုယ်ထူကိုယ်ထ ဖေါက်လုပ်ပေးထားသော ကျောက်မဲမြို့ပတ်လမ်း ( ကျောက်ချောလမ်း ) နံဘေးတစ်လျှောက်တွင် ကျွန်းသစ်ပင် (၁၅၀)နှင့် ချယ်ရီပင် (၁၅၀)ကို  ဇွန်လ (၂၅)ရက်၊ နံနက် (၉)နာရီက စိုက်ပျိုးခဲ့ခြင်း ဖြစ်သည်။

သစ်ပင်စိုက်ရာသို့  လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်း အဖွဲ့များဖြင့် ပူးပေါင်းကာ "စုပေါင်း သစ်ပင် စိုက်ပျိုးပွဲ" အခမ်းအနားဖြင့် စိုက်ပျိုးခဲ့ခြင်း ဖြစ်သည်။

ဆက်လက်၍လည်း ခရိုင်/မြို့နယ်စီမံခန့်ခွဲမှုကော်မတီ၏ အစီအစဉ်ဖြင့် ဒေသခံများနှင့် စုပေါင်းကာ ပြည်ထောင်စု လမ်းမကြီးတစ်လျှောက်တွင် သစ်ပင်မျိုးကွဲ အပင်ပေါင်း ( ၄,၀၀၀ )ကျော်နှင့် အောင်မြေသာယာ - ကောင်းအက် - ခိုမုန်းလမ်း ( သက်ကြီးစောင့်ရှောက်ရေးစင်တာနံဘေး လမ်း) တွင်လည်း ကျွန်းနှင့် ချယ်ရီပင် (၃၀၀)ပင် ကို ထပ်မံစိုက်ပျိုးသွားရန် ဆောင်ရွက်နေသည်ဟု သိရသည်။

Tachileik News Agency
သတင်း/ဓါတ်ပုံ - နေဖြိုးမြင့်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~