တာချီလိတ်မြို့နယ် ရေပူစမ်းကျေးရွာအနီးတွင် မြေကြီးထဲက မူးယစ်ဆေးဝါး နှင့် လက်နက်ခဲယမ်းများ ရှာဖွေတွေ့ရှိ

တာချီလိတ်မြို့နယ် ရေပူစမ်းကျေးရွာအနီးတွင် မြေကြီးထဲက မူးယစ်ဆေးဝါး နှင့် လက်နက်ခဲယမ်းများ ရှာဖွေတွေ့ရှိ
ဇွန် 29, 2020
By Tachileik News Agency

တာချီလိတ်မြို့နယ် ရေပူစမ်းကျေးရွာအနီးတွင် မြေကြီးထဲက မူးယစ်ဆေးဝါး နှင့် လက်နက်ခဲယမ်းများ ရှာဖွေတွေ့ရှိ

မြန်မာ  - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့နယ် ရေပူစမ်းကျေးရွာအနီးတွင် မူးယစ်ဆေးဝါးအမြောက်အများ နှင့် လက်နက်ခဲယမ်းများကို ဇွန်လ(၂၉)ရက်နေ့ နံနက်အစောပိုင်းက တပ်မတော်မှ သိမ်းဆည်းရမိကြောင်း သတင်းထုတ်ပြန်သည်။

တာချီလိတ်မြို့နယ်၊ လွယ်တော်ခမ်းကျေးရွာအုပ်စုအတွင်း ရေပူစမ်းကျေးရွာအနီးတွင် ၂၀၂၀ခုနှစ် ဇွန်လ (၂၉)ရက်နေ့ နံနက်(၄)နာရီခွဲဝန်းကျင်အချိန်က နယ်မြေလုံခြုံရေးဆောင်ရွက်နေသည့် တပ်မတော်မှ အဆိုပါ ကျေးရွာနှင့် မီတာ(၄,၀၀၀)ဝန်ကျင်ရှိ ဝါးရုံပင်အနီးတွင် နယ်မြေရှင်းလင်းရေး ဆောင်ရွက်စဉ်  မိုးကာပလပ်စတစ်အိတ်ကို မြေကြီးပေါ်တွင် တွေ့ရ၍ ဆက်လက်၍ မြေကြီးအားတူးဖော်ရာမှ မူးယစ်ဆေးဝါးနှင့်လက်နက်ခဲယမ်းများကို တွေ့ရှိ သိမ်းဆည်းရမိခြင်း ဖြစ်ကြောင်း သိရသည်။

မြေကြီးအတွင်းမှ ဆာလာအိတ်များဖြင့် မြှုပ်နှံထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ( ၆,၄၈၀,၀၀၀ )ပြားဝန်းကျင်နှင့် စိတ်ကြွဆေးအကြေ (၁၁၄၈)ကီလိုဝန်းကျင် အပြင် AK မောင်းပြန်ရိုင်ဖယ်သေနတ်(၁)လက်၊ ၎င်းကျည်အိမ် (၁)ခုနှင့် ၎င်းကျည် (၂၅)တောင့်၊ ပွိုင့်-၂၂ သေနတ် (၂)လက်၊ (၂)လုံးပြူး သေနတ် (၁)လက်၊ ၎င်းကျည် (၅)တောင့် နှင့် (၁)လုံးထိုး သေနတ် (၂)လက်တို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ပိုင်ရှင်မဲ့အဖြစ် သိမ်းဆည်းရမိသည့် မူးယစ်ဆေးဝါးများနှင့်လက်နက်ခဲယမ်းများကို မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်သို့ လွှဲပြောင်းပေးထားကြောင်း သိရသည်။

နယ်မြေလုံခြုံရေး နှင့် ရှင်းလင်းရေး ဆောင်ရွက်နေသည့် တပ်မတော်မှ တပ်ဖွဲ့ဝင်များက တာချီလိတ်မြို့နယ် လွယ်တော်ခမ်းကျေးရွာအုပ်စုအတွင်း စနိုက်ပါများ အပါအဝင် သေနတ်(၉)လက် နှင့် ကျည်များကိုလည်း ၂၀၂၀ခုနှစ်  ဇွန်လ(၁၉)ရက်နေ့မှ ဇွန်လ(၂၁)ရက်နေ့အထိ မြေကြီးအတွင်းနှင့်တောထဲက ဆက်တိုက် တွေ့ရှိ သိမ်းဆည်းရမိထားကြောင်းလည်း သိရသည်။

Tachileik News Agency
ဓါတ်ပုံ - DSINFO


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~