မိုင်းဆတ်မြို့နယ်အတွင်း ပူနားကိုကျေးရွာအနီးတွင် လက်နက်ခဲယမ်းများ နှင့် မူးယစ်ဆေးဝါးများ အပါအဝင် မူးယစ်ဆေးထုတ်လုပ်သည့် ဆက်စပ်ပစ္စည်းများကို တပ်မတော်က ပိုင်ရှင်မဲ့အဖြစ် ဖမ်းဆီးရမိ

မိုင်းဆတ်မြို့နယ်အတွင်း ပူနားကိုကျေးရွာအနီးတွင် လက်နက်ခဲယမ်းများ နှင့် မူးယစ်ဆေးဝါးများ အပါအဝင် မူးယစ်ဆေးထုတ်လုပ်သည့် ဆက်စပ်ပစ္စည်းများကို တပ်မတော်က ပိုင်ရှင်မဲ့အဖြစ် ဖမ်းဆီးရမိ
ဇွန် 18, 2020
By Tachileik News Agency

မိုင်းဆတ်မြို့နယ်အတွင်း ပူနားကိုကျေးရွာအနီးတွင် လက်နက်ခဲယမ်းများ နှင့် မူးယစ်ဆေးဝါးများ အပါအဝင် မူးယစ်ဆေးထုတ်လုပ်သည့် ဆက်စပ်ပစ္စည်းများကို တပ်မတော်က ပိုင်ရှင်မဲ့အဖြစ် ဖမ်းဆီးရမိ  

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့နယ်အတွင်း မိုင်းတွမ်းတောင်ပေါ်ကျေးရွာအုပ်စု၊ ပူနားကိုကျေးရွာအနီးတွင် မူးယစ်ဆေးချက်လုပ်သည့် ပစ္စည်းများ၊ မူးယစ်ဆေးများနှင့် လက်နက်ခဲယမ်းမျိုးစုံကို နယ်မြေလုံခြုံရေး  ဆောင်ရွက်နေသည့် တပ်မတော်က ၂၀၂၀ ခုနှစ်၊ ဇွန်လ (၁၈)ရက်နေ့ နံနက်ပိုင်းက သိမ်းဆည်းရမိကြောင်း သိရသည်။

 တပ်မတော်၏ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ဇွန်လ (၁၈)ရက်နေ့ နံနက် (၉) နာရီကျော်က ပူနားကိုကျေးရွာ၏ အရှေ့မြောက်ဘက် မီတာ ၂၀၀၀ ခန့်အကွာရှိ တောင်ယာတဲဟောင်းအနီးတွင် ခြုံထဲဝှက်ထားသည့် ဆာလာအိတ် (၆) အိတ်နှင့် ရေခဲပုံး (၁) ပုံးအား တွေ့ရသဖြင့် စစ်ဆေးခဲ့ရာ ပွိုင့်-၂၂ ပစ္စတိုသေနတ် (၁) လက်၊ ၎င်းကျည် (၄) တောင့်၊ ၎င်းကျည်အိမ် (၁) ခု၊ အမ်-၂၂ ကျည်အိမ် (၁) ခု၊ ၁၂ ဗို့ကျည်အိမ် (၁) ခု၊ ၁၂ ဗို့ကျည် (၄၆) တောင့်၊ အမ်-၂၂ ကျည် (၇၃) တောင့်၊ ၅.၅၆ ကျည် (၄၃) တောင့်၊ WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား (၂၈၉,၀၀၀) ပြား၊ စပွန်ဆာပုလင်း (၃၄)လုံးအတွင်းမှ ဘိန်းဖြူအမှုန့် (ဝ.၃၅) ကီလိုဂရမ်၊ မျောက်တံဆိပ်ပါ အနံ့ဆေးရည်ပုလင်း ၂၀ လုံး(ခန့်မှန်း ၈ လီတာခန့်)၊ တံဆိပ်တုံးမျိုးစုံ (၃၇) ခုနှင့် မူးယစ် ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများအား သိမ်းဆည်းရမိခဲ့သည်ဟု တပ်မတော်က သတင်းထုတ်ပြန်ထားသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ၎င်းနေရာနှင့် အနီးတဝိုက်အား ထပ်မံရှာဖွေရာ ညနေ (၅) နာရီကျော်က တောင်ယာတဲတစ်လုံးအတွင်းမှ ၁၂ ဗို့ကျည် (၂၃) တောင့်၊ ၅.၅၆ ကျည် (၄၁) တောင့်၊ ၉ မမကျည် (၅၀) တောင့်၊ WY စာတမ်းပါ ပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား (၅၀၀၀၀) ပြား၊ WY စာတမ်းပါ အစိမ်းရောင်စိတ်ကြွရူးသွပ် ဆေးပြား (၅၅၀၀) ပြားတို့အား ထပ်မံသိမ်းဆည်းရမိခဲ့သည်ဟု သိရသည်။

တပ်မတော်က သိမ်းဆည်းရမိသည့် မူးယစ်ဆေးဝါးများ၊ လက်နက်၊ ခဲယမ်းများနှင့် မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများကို သက်ဆိုင်ရာ ရဲတပ်ဖွဲ့သို့ လွှဲပြောင်းပေးမည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~