တာချီလိတ်မြို့နယ်အတွင်း COVID 19 ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ လုပ်ငန်းပြန်လည်စတင်ကြမည့် လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး အသိပေး

တာချီလိတ်မြို့နယ်အတွင်း COVID 19 ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ လုပ်ငန်းပြန်လည်စတင်ကြမည့် လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး အသိပေး
မေ 30, 2020
By Tachileik News Agency
တာချီလိတ်မြို့နယ်အတွင်း  COVID 19 ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ လုပ်ငန်းပြန်လည်စတင်ကြမည့် လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး အသိပေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် COVID 19 ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ လုပ်ငန်းပြန်လည်စတင်ကြမည့် လုပ်ငန်းအသီးသီးမှ တာဝန်ရှိသူများကို တာချီလိတ်မြို့နယ် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီက ၂၀၂၀ ခုနှစ်၊ မေလ (၃၀)ရက်နေ့ နံနက်ပိုင်းက အောင်မြတ်ခန်းမတွင် တွေ့ဆုံပြီး လိုက်နာရမည့် အချက်များကို ရှင်းလင်းဆွေးနွေးသည်။

 “ ကျွန်တော်တို့ကို ပြည်နယ်ကိုဗစ်ကော်မတီက ညွှန်ကြားတာက ပထမအကြိမ်က သတိပေး၊ ဒုတိယအကြိမ်က ဒဏ်ငွေ၊ တတိယအကြိမ်က ရက်အကန့်အသတ်တစ်ခုနဲ့ ပိတ်သိမ်းတာပေါ့နော်။ အဲဒီလို အဆင့်ဆင့်လုပ်ဖို့တော့ ညွှန်ကြားထားပါတယ်”ဟု တာချီလိတ်မြို့နယ် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီ ဥက္ကဌဖြစ်သူ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

COVID 19 ကာကွယ်ထိန်းချုပ်ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ မေလ (၁၈)ရက်နေ့ ရက်စွဲပါ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်နိုင်မည့် စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်၊ ဈေးများ၊ ယာဉ်လိုင်းများ၊ ဟိုတယ်၊ မိုတယ်နှင့် တည်းခိုခန်းများကို ဇွန်လ (၁)ရက်နေ့မှစ၍ စိစစ်ပြီး ပြန်လည်ဖွင့်လှစ်ခွင့်ပေးမည်ဖြစ်ရာ လိုက်နာရမည့်အချက်များနှင့် လိုက်နာခြင်းမရှိပါက အရေးယူမည့်အပိုင်းများကို ရှင်းလင်းဆွေးနွေးခြင်းဖြစ်သည်။

တာချီလိတ်မြို့ရှိ အောင်မြတ်ခန်းမ၌ တာချီလိတ်မြို့နယ် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စော၊ တာချီလိတ်မြို့နယ်စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးစိုင်းခွန်ဇော်ဦးနှင့် မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးအောင်ဝင်းကြည်တို့က တာချီလိတ်မှ လုပ်ငန်းပြန်လည်စတင်လိုသည့် ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်းများ၊ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်၊ ဈေးဆိုင်ခန်းများနှင့် ယာဉ်လိုင်းလုပ်ငန်းရှင်များကို လိုက်နာဆောင်ရွက်ရမည့် အသေးစိတ်အချက်အလက်များအား ရှင်းလင်းပြောကြားပြီး ပြန်လည်ဆွေးနွေးမှုများကို ရှင်းလင်းဖြေကြားသည်။

အဆိုပါ အသိပေး ဆွေးနွေးပွဲသို့ တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး အပါအဝင် တာလေ နှင့် ကျိုင်းလပ်မြို့အုပ်ချုပ်ရေး နှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ လုပ်ငန်းရှင်များ နှင့် လုပ်ငန်းတာဝန်ခံများ တက်ရောက်ခဲ့ကြသည်။

Tachileik News Agency
ဓါတ်ပုံ - ကျော်ဇင်ဟိန်း


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~