တာချီလိတ်မြို့နယ်အတွင်း ခွင့်ပြုချက်မရှိဘဲ လယ်မြေများအား မြေဖို့ခြင်းနှင့် နေအိမ်ဆောက်လုပ်ခြင်းများကို စစ်ဆေးအရေးယူမည်

တာချီလိတ်မြို့နယ်အတွင်း ခွင့်ပြုချက်မရှိဘဲ လယ်မြေများအား မြေဖို့ခြင်းနှင့် နေအိမ်ဆောက်လုပ်ခြင်းများကို စစ်ဆေးအရေးယူမည်
မေ 22, 2020
By Tachileik News Agency
တာချီလိတ်မြို့နယ်အတွင်း ခွင့်ပြုချက်မရှိဘဲ လယ်မြေများအား မြေဖို့ခြင်းနှင့် နေအိမ်ဆောက်လုပ်ခြင်းများကို စစ်ဆေးအရေးယူမည်

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်အတွင်း လယ်မြေများကို မြေဖို့နေခြင်းနှင့်  စည်ပင်ခွင့်ပြုချက်မရှိဘဲ နေအိမ်ဆောက်လုပ်နေခြင်းများအား တားမြစ်ထားပြီး အဆိုပါ လုပ်ငန်းများသို့ မြေသယ်ပေးသည့် ယာဉ်များကိုလည်း တာဝန်ရှိသူများက ၂၀၂၀ ခုနှစ်၊ မေလ (၂၂)ရက်နေ့၌ သတိပေးထားကြောင်း သိရသည်။

“စည်ပင်ခွင့်ပြုချက်မရဘဲ အိမ်ဆောက်နေတဲ့နေရာကို သဲပို့တဲ့ကားတွေ၊ လယ်မြေထဲ မြေဖို့ပို့ မြေသွားပို့တဲ့ ကားတွေကို စစ်ဆေးပြီး ခွင့်ပြုချက် မရှိတဲ့နေရာတွေမှာ လုပ်လို့မရဘူးဆိုတာ ပြောပြီး ပြန်လွှတ်တာပေါ့။ မလိုက်နာဘူးဆိုရင်တော့ အရေးယူရမှာပေါ့။ ပိုင်ရှင်တွေကိုအရေးယူရမှာ။ နောက်ပိုင်း ကားသမား တွေကိုလည်း လိုအပ်ရင် အရေးယူသင့် ယူရမှာပေါ့။ စည်ပင်အိမ်ဆောက်ခွင့်မရှိဘဲ ဆောက်တာဆိုရင်  စည်ပင်ဥပဒေနဲ့ပေါ့။ လယ်ယာမြေမှာ ခွင့်ပြုချက်မရှိဘဲ လုပ်နေရင် လယ်ယာမြေဥပဒေနဲ့ပေါ့။ နောက်ပိုင်းဆိုရင်တော့ အဲဒီလို အရေးယူမှုတွေ လုပ်မယ်ဆိုတော့ ရပ်ကွက်လယ်/စီတွေကနေလည်း အသိပေးထားပါတယ်”ဟု တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

၂၀၂၀ခုနှစ် မေလ(၂၂)ရက်နေ့ နံနက်ပိုင်းက တာချီလိတ်မြို့ စက်မှုဇုန်သွားလမ်းရှိ မြေကွက်များပေါ်တွင် မြေသယ်ယာဉ်များဖြင့် မြေဖို့နေမှုများနှင့် ပတ်သက်၍ တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ အဖွဲ့က သွားရောက်စစ်ဆေးကာ သတိပေးခဲ့ကြခြင်း ဖြစ်သည်။

တာချီလိတ်မြို့နယ်အတွင်း ရပ်ကွက်၊ ကျေးရွာများ၌ လယ်မြေများအား  အခြားမြေသုံးစွဲခွင့်မရှိဘဲ မြေဖို့ခြင်း၊  လူနေအိမ်ဆောက်လုပ်ခြင်းများကို  သက်ဆိုင်ရာဌာနများက စစ်ဆေးတွေ့ရှိပါက အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency
ဓါတ်ပုံ - ကိုရဲ


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~