တပ်မတော်ကာကွယ်ရေးဦးစီးချုပ် နှင့် NDAA (မိုင်းလား)၊ UWSA (ဝ)အဖွဲ့တို့ ကျိုင်းတုံတွင် တွေ့ဆုံ

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် နှင့် NDAA (မိုင်းလား)၊ UWSA (ဝ)အဖွဲ့တို့ ကျိုင်းတုံတွင် တွေ့ဆုံ
မေ 10, 2020
By Tachileik News Agency

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် နှင့် NDAA (မိုင်းလား)၊ UWSA (ဝ)အဖွဲ့တို့ ကျိုင်းတုံတွင် တွေ့ဆုံ

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် NDAA (မိုင်းလား) အဖွဲ့၊ UWSA (ဝ)အဖွဲ့တို့မှ တာဝန်ရှိသူများ ၂၀၂၀ ခုနှစ်၊ မေလ (၁၀) ရက်နေ့ နေ့လယ်ပိုင်းတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့ရှိ တြိဂံဒေသတိုင်းစစ်ဌာနချုပ်၌ သီးခြားစီတွေ့ဆုံကြကြောင်း သိရသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ အဆိုပါ သီးခြားတွေ့ဆုံဆွေးနွေးပွဲသို့ တပ်မတော်ဘက်မှ ကာကွယ်ရေးဦးစီးချုပ်(လေ)ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ တပ်မတော်အရာရှိကြီးများနှင့် တြိဂံဒေသတိုင်းစစ် ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ခင်လှိုင်တို့ တက်ရောက်ကြပြီး  NDAA(မိုင်းလား)အဖွဲ့မှ ဥက္ကဋ္ဌ ဦးစိုင်းလင်းနှင့် အဖွဲ့ဝင်များ ၊  UWSA (ဝ) အဖွဲ့မှ ဦးညီကပ်နှင့် အဖွဲ့ဝင်များ တက်ရောက်ကြသည်ဟု သိရသည်။

တွေ့ဆုံဆွေးနွေးမှုအတွင်း ဒေသတွင်း COVID 19 ကာကွယ်ရေး၊ ကုသရေးလုပ်ငန်းများဆောင်ရွက်ရာ၌ ကျန်းမာရေးဝန်ထမ်း လိုအပ်ချက်ရှိပါက တပ်မတော်ဆေးအဖွဲ့များ စေလွှတ်ပေးမည်ဖြစ်ကြောင်းနှင့်  ဆေးစစ်ရန်လိုအပ်ပါက ကျိုင်းတုံတွင် လာရောက်စစ်ဆေးရန်၊ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ချက်များကို လိုက်နာဆောင်ရွက်ရန် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဆွေးနွေးပြီး နယ်စပ်ဒေသများမှ ပြန်လည်ဝင်ရောက်လာပြီး Quarantine ပြုလုပ်ထားရှိသူများ၏ အချက်အလက်များ စစ်ဆေးရန်နှင့် မှတ်တမ်းထားရန်ကိုလည်း တိုက်တွန်းထားကြောင်း သိရသည်။

NDAA (မိုင်းလား) အဖွဲ့နှင့်  UWSA (ဝ) အဖွဲ့တို့ကလည်း မိမိတို့ဒေသများ၌ COVID-19   ရောဂါဖြစ်ပွားသူ မရှိသေးကြောင်းနှင့် ဖြစ်ပေါ်လာပါက အသုံးပြုနိုင်ရန် ဆေးရုံ၊ ဆေးခန်းများကို အသင့်ပြင်ဆင်ထားရှိကြောင်းနှင့် နယ်စပ်ဝင်ပေါက်များကို ဇန်နဝါရီလကတည်းက ပိတ်ထားကြောင်း ပြန်လည်ဆွေးနွေးသည်ဟု သိရသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က NDAA  (မိုင်းလား) အဖွဲ့နှင့် UWSA (ဝ) အဖွဲ့တို့အတွက် PPE ဝတ်စုံ (၅၀၀)စီ၊  Surgical Masks  (၁၀၀၀၀) ခုစီ၊ Goggles (၁၀၀) ခုစီ၊ Surgical Gloves (၁၀၀၀) ခုစီ၊ Bleaching Powder  (၂) ပုံးစီ၊ Non-Contact Thermometer (၅၀) ခုစီ၊ Hand Gel (၂၅၀) ဘူးစီနှင့် N 95 Mask  (၅၀၀) ခုစီ၊ စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သိရသည်။

Tachileik News Agency
ဓါတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~