[ကြော်ငြာ] တာချီလိတ်မှာ နိုဝင်ဘာ (၁၁)ရက်နေ့စမယ့် Worship Conference အတွက် စာရင်းပေးသွင်းနိုင်

[ကြော်ငြာ] တာချီလိတ်မှာ နိုဝင်ဘာ (၁၁)ရက်နေ့စမယ့် Worship Conference အတွက် စာရင်းပေးသွင်းနိုင်
နိုဝင်ဘာ 4, 2019
By Tachileik News Agency

[ကြော်ငြာ] တာချီလိတ်မှာ နိုဝင်ဘာ (၁၁)ရက်နေ့စမယ့် Worship Conference အတွက် 
စာရင်းပေးသွင်းနိုင်

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့မှာ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၁၁)ရက်နေ့ ညနေ (၆)နာရီခွဲကနေ (၉)နာရီခွဲအထိ ညနိုးထမှုအစီအစဉ်ကို ဟုတ်တက်ဘုရားကျောင်းမှာ ကျင်းပမှာဖြစ်လို့ မိတ်ဆွေတို့ကို ဖိတ်ခေါ်လိုပါတယ်။

နိုဝင်ဘာလ (၁၁) ရက်နေ့ညပိုင်း နိုးထမှုအစည်းအဝေးနဲ့ ဖွင့်လှစ်ပြီးတဲ့အခါမှာ နိုဝင်ဘာလ (၁၂)ရက်နေ့နဲ့ (၁၃)ရက်နေ့တွေမှာလည်း Worship Conference ကို ကျင်းပမှာဖြစ်ပါတယ်။

ရှမ်းပြည်နယ်အရှေ့ပိုင်းက အရပ်ဝေးမိတ်ဆွေများ လာရောက်လိုတယ်ဆိုရင်လည်း နေစရာစီစဉ်ပေးမယ့်အပြင် Worship Conference တက်ရောက်တဲ့ မိတ်ဆွေတွေအားလုံးအတွက် နေ့စဉ် နေ့လယ်စာ၊ ညစာတွေ ပြင်ဆင်ပေးထားပါတယ်။

တာချီလိတ်မြို့ မကာဟိုခမ်းရပ်ကွက်၊ မေဖလားဝါးကွင်းက ဟုတ်တက်ဘုရားကျောင်းခန်းမမှာ The Presence Music Band လည်း ပါဝင်မှာဖြစ်ပြီးတော့ သင်တန်းကြေးအခမဲ့ဖြစ်ပါတယ်။

ကြိုတင်စာရင်းပေးသွင်းကြဖို့နဲ့ အသေးစိတ်သိရှိလိုသူတွေ ဖုန်း 09 894606867 နဲ့ 09 750108440 တို့ကို ဆက်သွယ်နိုင်ကြပါတယ်။

Tachileik News Agency



 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net