တာချီလိတ်တွင် မဲခေါင်မြစ်ဝှမ်း (၅)နိုင်ငံမှ သံဃာတော်များကို ဆွမ်းဆန်စိမ်း လောင်းလှူလိုသူများ အဝိုင်းပတ်မှ ရှမ်းရိုးမကွင်းအထိ နေရာယူလောင်းလှူနိုင်

တာချီလိတ်တွင် မဲခေါင်မြစ်ဝှမ်း (၅)နိုင်ငံမှ သံဃာတော်များကို ဆွမ်းဆန်စိမ်း လောင်းလှူလိုသူများ အဝိုင်းပတ်မှ ရှမ်းရိုးမကွင်းအထိ နေရာယူလောင်းလှူနိုင်
အောက်တိုဘာ 9, 2019
By Tachileik News Agency
တာချီလိတ်တွင် မဲခေါင်မြစ်ဝှမ်း (၅)နိုင်ငံမှ သံဃာတော်များကို ဆွမ်းဆန်စိမ်း လောင်းလှူလိုသူများ အဝိုင်းပတ်မှ ရှမ်းရိုးမကွင်းအထိ နေရာယူလောင်းလှူနိုင်
**********

မဲခေါင်မြစ်ဝှမ်းဒေသ (၅) နိုင်ငံမှ သံဃာတော်များ၏ ဒုတိယအကြိမ် ဓမ္မခရီးစဉ်ကြွချီလာမည့် ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၁၆)ရက်နေ့တွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့၌ ဆွမ်းဆန်စိမ်း လောင်းလှူ လိုသူများအနဖြေင့် မြန်မာ - ထိုင်း ချစ်ကြည်ရေးတံတား (၁)ထိပ် အဝိုင်းပတ်မှ ရှမ်းရိုးမကွင်းအထိ နေရာခင်းကျင်း လောင်းလှူ နိုင်ကြမည် ဖြစ်သည်။

မြန်မာ၊ ထိုင်း၊ လာအို၊ ဗီယက်နမ်နှင့် ကမ္ဘောဒီယားနိုင်ငံများမှ သံဃာအပါး (၄၀၀) ကျော်ကို အောက်တိုဘာလ (၁၆)ရက်နေ့ နံနက် (၈)နာရီမှစ၍ မြန်မာ - ထိုင်းချစ်ကြည်ရေးတံတားအမှတ် (၁)ပေါ်ကစပြီး ဆွမ်းဆန်စိမ်း လောင်းလှူကြမည်ဖြစ်သည်။

"အပါး (၄၀၀) လောက်ကို တံတား(၁) ကစပြီးတော့ တာချီလိတ်အဝိုင်းပေါ့။ အဝိုင်းကနေ ရှမ်းရိုးမကွင်းအထိ ဆွမ်းဆန်စိမ်း လောင်းလှူမှာ ဖြစ်တယ်။ ဒီလိုလောင်းလှူရာမှာ တံတား(၁) ပေါ်မှာ (၅) နိုင်ငံအလံ လွှဲပြောင်းပေးတာတို့၊ မှတ်တမ်းတင် ဓာတ်ပုံရိုက်တာတို့လုပ်ပြီး ဆွမ်းဆန်စိမ်းလောင်းမယ်။ အဝိုင်းကနေ ဗိုလ်ချုပ်လမ်းမကြီး တစ်လျှောက်မှာ ရှမ်းရိုးမကွင်းအထိ လွတ်လွတ်လပ်လပ် လောင်းလှူလို့ရပါတယ်။ လာလောင်းလှူဖို့လည်း ဖိတ်ခေါ်ပါတယ်"ဟု တာချီလိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မဲခေါင်မြစ်ဝှမ်းဒေသ (၅) နိုင်ငံမှ သံဃာတော်များ၏ ဒုတိယအကြိမ် ဓမ္မခရီးစဉ်အဖြစ် မြန်မာနိုင်ငံဘက်ခြမ်းတွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်နှင့် ကျိုင်းတုံမြို့များသို့ ကြွချီလာမည်ဖြစ်ရာ မြန်မာနိုင်ငံလုံးဆိုင်ရာ ထေရဝါဒဗုဒ္ဓဘာသာအဖွဲ့ချုပ်နှင့် နယ်စပ်တောင်တန်းဒေသ သာသနာနုဂ္ဂဟအသင်း (ဗဟို)၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များပါဝင်သည့် ဆပ်ကော်မတီ (၁၂)ခုဖြင့် လုပ်ငန်းများဆောင်ရွက်ရေးကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာ (၉) ရက်နေ့ နံနက်ပိုင်းတွင် တာချီလိတ်ခရိုင်/မြို့နယ် စုပေါင်းရုံးအစည်းအဝေးခန်းမတွင် တွေ့ဆုံညှိနှိုင်းကြသည်။

ဆွမ်းဆန်စိမ်းလောင်းလှူရာတွင် မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတား အမှတ်(၁) အလယ်မှစ၍ အဝိုင်းပတ်အထိကို ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် မြို့မိမြို့ဖများကို နေရာချထားပေးမည်ဖြစ်ပြီး အများပြည်သူအနဖြေင့် အဝိုင်းပတ်မှ ရှမ်းရိုးမကွင်းအထိ နေရာယူလောင်းလှူနိုင်ကြမည်ဖြစ်သည်။

မဲခေါင်မြစ်ဝှမ်း ငါးနိုင်ငံမှ သံဃာတော်များ စုပေါင်းကာ ဒုတိယအကြိမ်မြောက် ဓမ္မယထရ ခရီးစဉ်အဖြစ် ထိုင်း၊ မြန်မာ၊ ဗီယက်နမ်၊ ကမ္ဘောဒီးယားနှင့် လာအိုနိုင်ငံများသို့ အောက်တိုဘာလ ၁၄ ရက်မှ ၃၁ ရက်အထိ ကြွချီကြမည်ဖြစ်ပြီး အဆိုပါဓမ္မယထရခရီးစဉ် ဦးဆောင်စီစဉ်ခြင်းကို မြန်မာနိုင်ငံဘက်မှ ဝဏ္ဏကျော်ထင် ဒေါက်တာခင်ရွှေက ဥက္ကဌအဖြစ် တာဝန်ယူထားသည့် မြန်မာနိုင်ငံလုံးဆိုင်ရာ ထေရဝါဒဗုဒ္ဓဘာသာအဖွဲ့ချုပ်နှင့် နယ်စပ်တောင်တန်းဒေသ သာသနာနုဂ္ဂဟအသင်းက ဆောင်ရွက်နခြေင်းဖြစ်သည်။

Tachileik News Agency
သတင်း/ဓာတ်ပုံ - ဟန်စိုးထိုက်




~~~~~~~⊰❂ Zawgyi Version ~~~~~~~~

တာခ်ီလိတ္တြင္ မဲေခါင္ျမစ္ဝွမ္း (၅)ႏိုင္ငံမွ သံဃာေတာ္မ်ားကို ဆြမ္းဆန္စိမ္း ေလာင္းလွဴလိုသူမ်ား အဝိုင္းပတ္မွ ရွမ္းရိုးမကြင္းအထိ ေနရာယူေလာင္းလွဴႏုိင္
**********

မဲေခါင္ျမစ္ဝွမ္းေဒသ (၅) ႏိုင္ငံမွ သံဃာေတာ္မ်ား၏ ဒုတိယအႀကိမ္ ဓမၼခရီးစဥ္ၾကြခ်ီလာမည့္ ၂၀၁၉ ခုႏွစ္၊ ေအာက္တိုဘာလ (၁၆)ရက္ေန႔တြင္ ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕၌ ဆြမ္းဆန္စိမ္း ေလာင္းလွဴ လိုသူမ်ားအေနျဖင့္ ျမန္မာ - ထုိင္း ခ်စ္ၾကည္ေရးတံတား (၁)ထိပ္ အဝိုင္းပတ္မွ ရွမ္းရိုးမကြင္းအထိ ေနရာခင္းက်င္း ေလာင္းလွဴ ႏုိင္ၾကမည္ ျဖစ္သည္။

ျမန္မာ၊ ထိုင္း၊ လာအို၊ ဗီယက္နမ္ႏွင့္ ကေမၻာဒီယားႏိုင္ငံမ်ားမွ သံဃာအပါး (၄၀၀) ေက်ာ္ကို ေအာက္တိုဘာလ (၁၆)ရက္ေန႔ နံနက္ (၈)နာရီမွစ၍ ျမန္မာ - ထုိင္းခ်စ္ၾကည္ေရးတံတားအမွတ္ (၁)ေပၚကစၿပီး ဆြမ္းဆန္စိမ္း ေလာင္းလွဴၾကမည္ျဖစ္သည္။

"အပါး (၄၀၀) ေလာက္ကို တံတား(၁) ကစၿပီးေတာ့ တာခ်ီလိတ္အဝိုင္းေပါ့။ အဝိုင္းကေန ရွမ္းရိုးမကြင္းအထိ ဆြမ္းဆန္စိမ္း ေလာင္းလွဴမွာ ျဖစ္တယ္။ ဒီလိုေလာင္းလွူရာမွာ တံတား(၁) ေပၚမွာ (၅) ႏိုင္ငံအလံ လႊဲေျပာင္းေပးတာတို႔၊ မွတ္တမ္းတင္ ဓာတ္ပံုရိုက္တာတို႔လုပ္ၿပီး ဆြမ္းဆန္စိမ္းေလာင္းမယ္။ အဝိုင္းကေန ဗိုလ္ခ်ဳပ္လမ္းမႀကီး တစ္ေလွ်ာက္မွာ ရွမ္းရိုးမကြင္းအထိ လြတ္လြတ္လပ္လပ္ ေလာင္းလွဴလို႔ရပါတယ္။ လာေလာင္းလွဴဖို႔လည္း ဖိတ္ေခၚပါတယ္"ဟု တာခ်ီလိတ္ခရိုင္ အုပ္ခ်ဳပ္ေရးမွဴး ဦးျမင့္ႏိုင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

မဲေခါင္ျမစ္ဝွမ္းေဒသ (၅) ႏိုင္ငံမွ သံဃာေတာ္မ်ား၏ ဒုတိယအႀကိမ္ ဓမၼခရီးစဥ္အျဖစ္ ျမန္မာႏုိင္ငံဘက္ျခမ္းတြင္ ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) တာခ်ီလိတ္ႏွင့္ က်ိဳင္းတံုၿမိဳ႕မ်ားသို႔ ၾကြခ်ီလာမည္ျဖစ္ရာ ျမန္မာႏိုင္ငံလံုးဆိုင္ရာ ေထရဝါဒဗုဒၶဘာသာအဖြဲ႕ခ်ဳပ္ႏွင့္ နယ္စပ္ေတာင္တန္းေဒသ သာသနာႏုဂၢဟအသင္း (ဗဟို)၊ ဌာနဆိုင္ရာမ်ား၊ လူမႈေရးအသင္းအဖြဲ႕မ်ားပါဝင္သည့္ ဆပ္ေကာ္မတီ (၁၂)ခုျဖင့္ လုပ္ငန္းမ်ားေဆာင္ရြက္ေရးကို ၂၀၁၉ ခုႏွစ္၊ ေအာက္တိုဘာ (၉) ရက္ေန႔ နံနက္ပိုင္းတြင္ တာခ်ီလိတ္ခရိုင္/ၿမိဳ႕နယ္ စုေပါင္းရံုးအစည္းအေဝးခန္းမတြင္ ေတြ႔ဆံုညိႇႏိႈင္းၾကသည္။

ဆြမ္းဆန္စိမ္းေလာင္းလွဴရာတြင္ ျမန္မာ-ထိုင္း ခ်စ္ၾကည္ေရးတံတား အမွတ္(၁) အလယ္မွစ၍ အဝိုင္းပတ္အထိကို ဌာနဆိုင္ရာမ်ား၊ လူမႈေရးအသင္းအဖြဲ႕မ်ားႏွင့္ ၿမိဳ႕မိၿမိဳ႕ဖမ်ားကို ေနရာခ်ထားေပးမည္ျဖစ္ၿပီး အမ်ားျပည္သူအေနျဖင့္ အဝိုင္းပတ္မွ ရွမ္းရိုးမကြင္းအထိ ေနရာယူေလာင္းလွဴႏုိင္ၾကမည္ျဖစ္သည္။

မဲေခါင္ျမစ္ဝွမ္း ငါးႏုိင္ငံမွ သံဃာေတာ္မ်ား စုေပါင္းကာ ဒုတိယအႀကိမ္ေျမာက္ ဓမၼယထရ ခရီးစဥ္အျဖစ္ ထုိင္း၊ ျမန္မာ၊ ဗီယက္နမ္၊ ကေမၻာဒီးယားႏွင့္ လာအိုႏုိင္ငံမ်ားသို႔ ေအာက္တိုဘာလ ၁၄ ရက္မွ ၃၁ ရက္အထိ ၾကြခ်ီၾကမည္ျဖစ္ၿပီး အဆိုပါဓမၼယထရခရီးစဥ္ ဦးေဆာင္စီစဥ္ျခင္းကို ျမန္မာႏိုင္ငံဘက္မွ ဝဏၰေက်ာ္ထင္ ေဒါက္တာခင္ေရႊက ဥကၠဌအျဖစ္ တာဝန္ယူထားသည့္ ျမန္မာႏုိင္ငံလံုးဆုိင္ရာ ေထရဝါဒဗုဒၶဘာသာအဖြဲ႕ခ်ဳပ္ႏွင့္ နယ္စပ္ေတာင္တန္းေဒသ သာသနာႏုဂၢဟအသင္းက ေဆာင္ရြက္ေနျခင္းျဖစ္သည္။

Tachileik News Agency
သတင္း/ဓါတ္ပံု -  ဟန္စိုးထုိက္

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net