တာခ်ီလိတ္ရွိ ေရပူစမ္းစံျပေက်းရြာ ဖံြ႕ၿဖဳိးေရးေဆာင္ရြက္ရန္ ေဒသခံလူထု ႏွင့္ ဌာနဆိုင္ရာမ်ား ေတြ႔ဆံုေဆြးေႏြးတာခ်ီလိတ္ရွိ ေရပူစမ္းစံျပေက်းရြာ ဖံြ႕ၿဖဳိးေရးေဆာင္ရြက္ရန္ ေဒသခံလူထု ႏွင့္ ဌာနဆိုင္ရာမ်ား ေတြ႔ဆံုေဆြးေႏြးတာခ်ီလိတ္ရွိ ေရပူစမ္းစံျပေက်းရြာ ဖံြ႕ၿဖဳိးေရးေဆာင္ရြက္ရန္ ေဒသခံလူထု ႏွင့္ ဌာနဆိုင္ရာမ်ား ေတြ႔ဆံုေဆြးေႏြး

တာခ်ီလိတ္ရွိ ေရပူစမ္းစံျပေက်းရြာ ဖံြ႕ၿဖဳိးေရးေဆာင္ရြက္ရန္ ေဒသခံလူထု ႏွင့္ ဌာနဆိုင္ရာမ်ား ေတြ႔ဆံုေဆြးေႏြးတာခ်ီလိတ္ရွိ ေရပူစမ္းစံျပေက်းရြာ ဖံြ႕ၿဖဳိးေရးေဆာင္ရြက္ရန္ ေဒသခံလူထု ႏွင့္ ဌာနဆိုင္ရာမ်ား ေတြ႔ဆံုေဆြးေႏြးတာခ်ီလိတ္ရွိ ေရပူစမ္းစံျပေက်းရြာ ဖံြ႕ၿဖဳိးေရးေဆာင္ရြက္ရန္ ေဒသခံလူထု ႏွင့္ ဌာနဆိုင္ရာမ်ား ေတြ႔ဆံုေဆြးေႏြး
စက်တင်ဘာ 25, 2019
By Tachileik News Agency

ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕နယ္၊ လြယ္ေတာ္ခမ္းေက်းရြာအုပ္စုအတြင္း ေရပူစမ္းစံျပေက်းရြာ ဖြံ႕ၿဖိဳးေရးလုပ္ငန္းမ်ား ေဆာင္ရြက္ႏုိင္ရန္အတြက္ ခရိုင္ႏွင့္ၿမိဳ႕နယ္အဆင့္ ဌာနဆိုင္ရာမ်ား ပါဝင္သည့္အဖြဲ႕က ၂၀၁၉ ခုႏွစ္၊ စက္တင္ဘာလ (၂၅)ရက္ေန႔တြင္ ေဒသခံလူထုအား သြားေရာက္ေတြ႕ဆံုသည္။

ေတြ႕ဆံုပြဲတြင္ ေရပူစမ္းစံျပေက်းရြာႏွင့္ အနီးပတ္ဝန္းက်င္ေဒသမ်ားမွ ေဒသခံမ်ားက ေက်းလက္လမ္းကိစၥ၊ ဆက္သြယ္ေရး၊ ပညာေရး၊ က်န္းမာေရးကိစၥရပ္မ်ားကို ခရိုင္အဆင့္၊ ၿမိဳ႕နယ္အဆင့္ ဌာနဆုိင္ရာမ်ားထံ တင္ျပေဆြးေႏြးၾကသည္။

"ကၽြန္ေတာ္တို႔ အစိုးရအဖြဲ႕ ဝန္ႀကီးခ်ဳပ္ေရာ၊ အစိုးရအဖြဲ႕အတြင္းေရးမွဴးေရာ ဒီေဒသလံုၿခံဳေရး၊ ၿငိမ္းခ်မ္းေရး အရမ္းအေလးထားၿပီးေတာ့ ေဆာင္ရြက္ေပးေနပါတယ္။ ႀတိဂံေဒသတိုင္းစစ္ဌာနခ်ဳပ္တိုင္းမွဴးႀကီး ကိုယ္တိုင္ကလည္း အေလးထား ေဆာင္ရြက္ေပးေနပါတယ္။ ကၽြန္ေတာ္တို႔ကိုလည္း လူႀကီးေတြက အၿမဲတမ္းမွာၾကားလိုက္တယ္။ ငါတို႔တိုင္းရင္းသားေတြ ေစာင့္ေရွာက္ေပး။ သူတို႔စိတ္ပူပန္မႈေတြ မရိွေစနဲ႔။ ဒါေၾကာင့္ ဒီေဒသမွာ ျပည္သူေတြရဲ႕လိုအပ္ခ်က္ဘာရိွသလဲဆိုတာ လာေရာက္ေတြ႕ဆံုတာပါ"ဟု တာခ်ီလိတ္ခရိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးျမင့္ႏိုင္က ေတြ႕ဆံုပြဲတြင္ ေျပာၾကားသည္။ 
  

တာခ်ီလိတ္ခရိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးျမင့္ႏုိင္ ႏွင့္ တာခ်ီလိတ္ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွူး ဦးခ်မ္းေျမ႕ေစာတို႔ ပါ၀င္သည့္ ျမန္မာႏုိင္ငံရဲတပ္ဖြဲ႔၊ လမ္းဦးစီးဌာန၊ ပညာေရး၊ က်န္းမာေရး၊ လ၀က၊ နတလ၊ ေက်းလက္ အပါအ၀င္ လြယ္ေတာ္ခမ္းေက်းရြာအုပ္စု အုပ္ခ်ဳပ္ေရးမွဴး ဦးခ်စ္ေဂ်႕ႏွင့္တာ၀န္ရွိသူမ်ား ပါ၀င္ၾကၿပီး အဆိုပါ ေက်းရြာသို႔ သြားေရာက္ၾကရာ ေက်းရြာမွ ဦး၀ီလ္ဆင္မိုး ႏွင့္ တာ၀န္ရွိသူမ်ားက ေက်းရြာ၏ လက္ရွိ ပညာေရး၊ မီးလင္းေရး ႏွင့္ က်န္းမာေရးအေျခအေနမ်ားကို ရွင္းလင္းျပသၿပီးေနာက္ ေက်းရြာ၏  လုိအပ္သည့္လုပ္ငန္းမ်ားကို သက္ဆုိင္ရာဌာနမ်ားအလုိက္ ဆက္လက္ေဆာင္ရြက္ေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency
သတင္း - ဟန္စိုးထိုက္
ဓါတ္ပံု - ေက်ာ္ဇင္ဟိန္း



~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့နယ်၊ လွယ်တော်ခမ်းကျေးရွာအုပ်စုအတွင်း ရေပူစမ်းစံပြကျေးရွာ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပါဝင်သည့်အဖွဲ့က ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၂၅)ရက်နေ့တွင် ဒေသခံလူထုအား သွားရောက်တွေ့ဆုံသည်။

တွေ့ဆုံပွဲတွင် ရေပူစမ်းစံပြကျေးရွာနှင့် အနီးပတ်ဝန်းကျင်ဒေသများမှ ဒေသခံများက ကျေးလက်လမ်းကိစ္စ၊ ဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေးကိစ္စရပ်များကို ခရိုင်အဆင့်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများထံ တင်ပြဆွေးနွေးကြသည်။

"ကျွန်တော်တို့ အစိုးရအဖွဲ့ ဝန်ကြီးချုပ်ရော၊ အစိုးရအဖွဲ့အတွင်းရေးမှူးရော ဒီဒေသလုံခြုံရေး၊ ငြိမ်းချမ်းရေး အရမ်းအလေးထားပြီးတော့ ဆောင်ရွက်ပေးနေပါတယ်။ တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူးကြီး ကိုယ်တိုင်ကလည်း အလေးထား ဆောင်ရွက်ပေးနေပါတယ်။ ကျွန်တော်တို့ကိုလည်း လူကြီးတွေက အမြဲတမ်းမှာကြားလိုက်တယ်။ ငါတို့တိုင်းရင်းသားတွေ စောင့်ရှောက်ပေး။ သူတို့စိတ်ပူပန်မှုတွေ မရှိစေနဲ့။ ဒါကြောင့် ဒီဒေသမှာ ပြည်သူတွေရဲ့လိုအပ်ချက်ဘာရှိသလဲဆိုတာ လာရောက်တွေ့ဆုံတာပါ"ဟု တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က တွေ့ဆုံပွဲတွင် ပြောကြားသည်။

တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင် နှင့် တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောတို့ ပါဝင်သည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ လမ်းဦးစီးဌာန၊ ပညာရေး၊ ကျန်းမာရေး၊ လဝက၊ နတလ၊ ကျေးလက် အပါအဝင် လွယ်တော်ခမ်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးချစ်ဂျေ့နှင့်တာဝန်ရှိသူများ ပါဝင်ကြပြီး အဆိုပါ ကျေးရွာသို့ သွားရောက်ကြရာ ကျေးရွာမှ ဦးဝီလ်ဆင်မိုး နှင့် တာဝန်ရှိသူများက ကျေးရွာ၏ လက်ရှိ ပညာရေး၊ မီးလင်းရေး နှင့် ကျန်းမာရေးအခြေအနေများကို ရှင်းလင်းပြသပြီးနောက် ကျေးရွာ၏ လိုအပ်သည့်လုပ်ငန်းများကို သက်ဆိုင်ရာဌာနများအလိုက် ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်
ဓာတ်ပုံ - ကျော်ဇင်ဟိန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net