တရုတ်နိုင်ငံဘက်တွင် လေကြောင်းရန်ကာကွယ်ရေး ပုံမှန်ဥသြဆွဲခြင်းပြုလုပ်မည်ဖြစ်၍ မူဆယ်မြို့နေပြည်သူများ ထိတ်လန့်ခြင်းမရှိရန် ကြိုတင်အသိပေးထား

တရုတ်နိုင်ငံဘက်တွင် လေကြောင်းရန်ကာကွယ်ရေး ပုံမှန်ဥသြဆွဲခြင်းပြုလုပ်မည်ဖြစ်၍ မူဆယ်မြို့နေပြည်သူများ ထိတ်လန့်ခြင်းမရှိရန် ကြိုတင်အသိပေးထား
စက်တင်ဘာ 15, 2019
By Tachileik News Agency


တရုတ်နိုင်ငံဘက်တွင် လေကြောင်းရန်ကာကွယ်ရေး ပုံမှန်ဥသြဆွဲခြင်းကို တရုတ်နိုင်ငံတွင်းမှ ပြည်သူများအား နိုင်ငံတော်ကာကွယ်ရေး အသိပညာပေးအဖြစ် ပြုလုပ်ခြင်းဖြစ်ပြီး ဥသြသံ သတိပေးချက် (၄)မျိုးကို လူထုအား အသိပညာပေးခြင်း လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရသည်။


Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

တရုတ်နိုင်ငံဘက်တွင် လေကြောင်းရန် ကာကွယ်ရေး ပုံမှန်ဥသြဆွဲခြင်းကို ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၁၈)ရက်နေ့တွင် ဆောင်ရွက်မည်ဖြစ်၍ နယ်စပ်မြို့ဖြစ်သည့် ရှမ်းပြည်နယ် (မြောက်ပိုင်း) မူဆယ်မြို့မှ ပြည်သူလူထု ထိတ်လန့်ခြင်းမရှိစေရန် ကြိုတင်အသိပေးအကြောင်းကြားစာကို မူဆယ်မြို့မှ တာဝန်ရှိသူများထံ ပေးပို့ထားကြောင်း သိရသည်။

တရုတ်နိုင်ငံဘက်တွင် လေကြောင်းရန်ကာကွယ်ရေး ပုံမှန်ဥသြဆွဲခြင်းကို တရုတ်နိုင်ငံတွင်းမှ ပြည်သူများအား နိုင်ငံတော်ကာကွယ်ရေး အသိပညာပေးအဖြစ် ပြုလုပ်ခြင်းဖြစ်ပြီး ဥသြသံ သတိပေးချက် (၄)မျိုးကို လူထုအား အသိပညာပေးခြင်း လုပ်ဆောင်နခြေင်းဖြစ်ကြောင်း သိရသည်။

လေကြောင်းရန် ကာကွယ်ရေး ဥသြသတိပေးခြင်းကို ကြိုတင်သတိပေးသံ၊ လေကြောင်းတိုက်ခိုက်မှုသတိပေးသံ၊ သတိပေးသံရုပ်သိမ်းခြင်းနှင့် သဘာဝဘေးအန္တရာယ်သတိပေးသံတို့ဖြင့် လေ့ကျင့်လေ့ရှိကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net