တာခ်ီလိတ္ၿမိဳ႕နယ္အတြင္း ဝက္ေရာဂါမ်ားမျပန္႔ေစရန္ ကြင္းဆင္းအသိေပးေနေသာ္လည္း တာေလၿမိဳ႕ရွိ ေခ်ာင္းအတြင္း ၀က္ေသမ်ား ေမ်ာလာေနသည္ကို ေတြ႔ရွိေနရ

တာခ်ီလိတ္ၿမိဳ႕နယ္အတြင္း ဝက္ေရာဂါမ်ားမျပန္႔ေစရန္ ကြင္းဆင္းအသိေပးေနေသာ္လည္း တာေလၿမိဳ႕ရွိ ေခ်ာင္းအတြင္း ၀က္ေသမ်ား ေမ်ာလာေနသည္ကို ေတြ႔ရွိေနရ
သြဂုတ် 12, 2019
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း)တာခ်ီလိတ္ၿမို႕နယ္အတြင္း ဝက္ေသဆံုးမႈမ်ားမွ အျခားဝက္မ်ားသို႔ ေရာဂါမကူးေစရန္ ၿမိဳ႕နယ္ေမြးျမဴေရးႏွင့္ကုသေရးဦးစီးဌာနက ေက်းရြာမ်ားသို႔ ကြင္းဆင္းအသိေပးျခင္းႏွင့္ ကာကြယ္ျခင္းလုပ္ငန္းမ်ား ေဆာင္ရြက္ေနေသာ္လည္း ၀က္ေသမ်ားအား ေရေခ်ာင္းထဲ ေမွွ်ာေနမႈရွိေနဆဲ ျဖစ္ေၾကာင္း သိရသည္။

ၿမိဳ႕နယ္ေမြးျမဴေရးႏွင့္ကုသေရးဦးစီးဌာနက တာခ်ီလိတ္ၿမိဳ႕နယ္အတြင္း ကြင္းဆင္းစစ္ေဆးမႈမ်ားကို ၾသဂုတ္လ(၃)ရက္ေန႔ကတည္းက ေဆာင္ရြက္ေနျခင္းျဖစ္ၿပီး ၂၀၁၉ ခုႏွစ္၊ ၾသဂုတ္လ (၁၂)ရက္ေန႔က တာေလၿမိဳ႕ ကူေလာင္းရြာႏွင့္ ေဗသလရြာ(၁)တုိ႔တြင္ ကြင္းဆင္းကာ ၿခံဖ်န္းပိုးသတ္ေဆး ဖ်န္းေပးျခင္းႏွင့္ အသိပညာေပးျခင္းေဆာင္ရြက္ထားေသာ္လည္း တာေလႏွင့္မုိင္းျဖတ္ၾကား မိုင္တိုက္(၇၃၆)၀န္းက်င္ရွိ နမ့္ယြန္းေခ်ာင္းအတြင္း ဝက္ေသမ်ား ေမ်ာလာသည္ကို ေတြ႔ရေၾကာင္း ခရီးသြားျပည္သူမ်ားထံက သိရသည္။

“ဝက္ေသေတြကို မီးရိႈ႕ပစ္ဖို႔၊ ေျမျမဳပ္ပစ္ဖို႔ ေျပာထားပါတယ္။ ဝက္အခ်င္းခ်င္း ကူးစက္နုိင္တာေၾကာင့္ ေရာဂါပိုး မပ်ံ့ႏွံ႕ေစဖို႔ပါ။ ေရာဂါျဖစ္တဲ့ေနရာေတြရယ္လို႔ မဟုတ္ပါဘူး။ ရြာေတြအကုန္ သြားၿပီး ၿခံဖ်န္းေဆးဖ်န္းေပးတာတုိ႔ လုပ္ေပးတယ္။ တစ္ခ်ိဳ႕လည္း လာျဖန္းေပးပါ ေျပာၾကတယ္။ ေနာက္တစ္ခုက ထံုးကိုပိုးသတ္တဲ့ေနရာမွာလည္း သံုးႏုိင္ပါတယ္။ စီးပြားျဖစ္ၿခံႀကီးေတြမွာေတာ့ အရင္ကတည္းက ၿခံအဝင္မွာ ထံုးကန္ေလးေတြထားေပးျပီး ထံုးခြက္ထဲမွာ ဖိနပ္ပါနင္းၿပီးမွ ၿခံထဲဝင္ရတယ္”ဟု တာခ်ီလိတ္ၿမို႕နယ္ ေမြးျမဴေရးႏွင့္ကုသေရးဦးစီးဌာနမွ လက္ေထာက္ညႊန္ၾကားေရးမွဴး ေဒါက္တာေက်ာ္ေက်ာ္စိုးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

တာခ်ီလိတ္ခရို္င္အတြင္း တာခ်ီလိတ္၊ မုိင္းျဖတ္ႏွင့္ မုိင္းေယာင္းၿမိဳ႕နယ္မ်ားတြင္ ၂၀၁၉ ခုႏွစ္၊ ၾသဂုတ္လ အတြင္း ဝက္ေသဆံုးမႈမ်ားျဖစ္ေနသျဖင့္ ေမြးျမဴေရးႏွင့္ကုသေရးဦးစီးဌာနက ေရာဂါျဖစ္ဝက္မ်ား၏ ေသြးနမူနာကို ဓါတ္ခြဲခန္းပို႔စစ္ထားၿပီး ေက်းရြာမ်ားအထိကြင္းဆင္းကာ နာဖ်ားဝက္မ်ားအား ေဆးထိုးျခင္း၊ ဝက္ေမြးျမဴသည့္ေနရာမ်ားတြင္ ၿခံဖ်န္းေဆးမ်ားျဖန္းေပးျခင္း၊ ဝက္ေမြးျမဴသူမ်ားအေနျဖင့္ ဝက္မ်ားေရာဂါကာကြယ္ေရးအတြက္ သိသင့္သည္မ်ားကို ပညာေပးေဆြးေႏြးျခင္းမ်ားကို ေဆာင္ရြက္ေနျခင္းျဖစ္ေၾကာင္း သိရသည္။

“တာခ်ီလိတ္၊မုိင္းျဖတ္၊မုိင္းေယာင္း (၃)ၿမိဳ႕နယ္ေပါင္းမွာ အေကာင္ေရ (၁၀၀)ေက်ာ္ ရိွတယ္။ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴးေတြက ၿမိဳ႕နယ္အလုိက္ ရပ္/ေက်းေတြနဲ႔ ေသဆံုးအေကာင္ေရစာရင္း ေကာက္ယူတာေတြ လုပ္ၾကတယ္။ ၿမိဳ႕နယ္အားလံုးကေနလည္း ဓါတ္ခြဲခန္းပို႔ထားၿပီးၿပီ”ဟု ေဒသတြင္း ဝက္ေသဆံုးမႈမ်ားႏွင့္ပတ္သက္၍ တာခ်ီလိတ္ခရိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးျမင့္ႏိုင္က ေျပာသည္။

ေရာဂါျဖစ္သည့္ ဝက္မ်ားအား စနစ္တက်ရွင္းလင္းျခင္းမရိွပါက အျခားဝက္မ်ားထံ ေရာဂါကူးစက္မႈျဖစ္ပြားႏုိင္သည့္အတြက္ ေဒသအလုိက္ ကြင္းဆင္းစစ္ေဆးျခင္းမ်ားကို သက္ဆုိင္ရာေဒသမ်ားအလုိက္ ေဆာင္ရြက္ေပးေနေၾကာင္း သိရသည္။

Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့နယ်အတွင်း ဝက်သေဆုံးမှုများမှ အခြားဝက်များသို့ ရောဂါမကူးစေရန် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက ကျေးရွာများသို့ ကွင်းဆင်းအသိပေးခြင်းနှင့် ကာကွယ်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေသော်လည်း ဝက်သေများအား ရေချောင်းထဲ မျှောနေမှုရှိနေဆဲ ဖြစ်ကြောင်း သိရသည်။

မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက တာချီလိတ်မြို့နယ်အတွင်း ကွင်းဆင်းစစ်ဆေးမှုများကို သြဂုတ်လ(၃)ရက်နေ့ကတည်းက ဆောင်ရွက်နခြေင်းဖြစ်ပြီး ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၁၂)ရက်နေ့က တာလမြေို့ ကူလောင်းရွာနှင့် ဗေသလရွာ(၁)တို့တွင် ကွင်းဆင်းကာ ခြံဖျန်းပိုးသတ်ဆေး ဖျန်းပေးခြင်းနှင့် အသိပညာပေးခြင်းဆောင်ရွက်ထားသော်လည်း တာလေနှင့်မိုင်းဖြတ်ကြား မိုင်တိုက်(၇၃၆)ဝန်းကျင်ရှိ နမ့်ယွန်းချောင်းအတွင်း ဝက်သေများ မျောလာသည်ကို တွေ့ရကြောင်း ခရီးသွားပြည်သူများထံက သိရသည်။

“ဝက်သေတွေကို မီးရှို့ပစ်ဖို့၊ မြမြေုပ်ပစ်ဖို့ ပြောထားပါတယ်။ ဝက်အချင်းချင်း ကူးစက်နိုင်တာကြောင့် ရောဂါပိုး မပျံ့နှံ့စေဖို့ပါ။ ရောဂါဖြစ်တဲ့နေရာတွေရယ်လို့ မဟုတ်ပါဘူး။ ရွာတွေအကုန် သွားပြီး ခြံဖျန်းဆေးဖျန်းပေးတာတို့ လုပ်ပေးတယ်။ တစ်ချို့လည်း လာဖြန်းပေးပါ ပြောကြတယ်။ နောက်တစ်ခုက ထုံးကိုပိုးသတ်တဲ့နေရာမှာလည်း သုံးနိုင်ပါတယ်။ စီးပွားဖြစ်ခြံကြီးတွေမှာတော့ အရင်ကတည်းက ခြံအဝင်မှာ ထုံးကန်လေးတွေထားပေးပြီး ထုံးခွက်ထဲမှာ ဖိနပ်ပါနင်းပြီးမှ ခြံထဲဝင်ရတယ်”ဟု တာချီလိတ်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာကျော်ကျော်စိုးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်ခရို်င်အတွင်း တာချီလိတ်၊ မိုင်းဖြတ်နှင့် မိုင်းယောင်းမြို့နယ်များတွင် ၂၀၁၉ ခုနှစ်၊ သြဂုတ်လ အတွင်း ဝက်သေဆုံးမှုများဖြစ်နေသဖြင့် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက ရောဂါဖြစ်ဝက်များ၏ သွေးနမူနာကို ဓာတ်ခွဲခန်းပို့စစ်ထားပြီး ကျေးရွာများအထိကွင်းဆင်းကာ နာဖျားဝက်များအား ဆေးထိုးခြင်း၊ ဝက်မွေးမြူသည့်နေရာများတွင် ခြံဖျန်းဆေးများဖြန်းပေးခြင်း၊ ဝက်မွေးမြူသူများအနဖြေင့် ဝက်များရောဂါကာကွယ်ရေးအတွက် သိသင့်သည်များကို ပညာပေးဆွေးနွေးခြင်းများကို ဆောင်ရွက်နခြေင်းဖြစ်ကြောင်း သိရသည်။

“တာချီလိတ်၊မိုင်းဖြတ်၊မိုင်းယောင်း (၃)မြို့နယ်ပေါင်းမှာ အကောင်ရေ (၁၀၀)ကျော် ရှိတယ်။ မြို့နယ်အုပ်ချုပ်ရေးမှူးတွေက မြို့နယ်အလိုက် ရပ်/ကျေးတွေနဲ့ သေဆုံးအကောင်ရေစာရင်း ကောက်ယူတာတွေ လုပ်ကြတယ်။ မြို့နယ်အားလုံးကနေလည်း ဓာတ်ခွဲခန်းပို့ထားပြီးပြီ”ဟု ဒေသတွင်း ဝက်သေဆုံးမှုများနှင့်ပတ်သက်၍ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က ပြောသည်။

ရောဂါဖြစ်သည့် ဝက်များအား စနစ်တကျရှင်းလင်းခြင်းမရှိပါက အခြားဝက်များထံ ရောဂါကူးစက်မှုဖြစ်ပွားနိုင်သည့်အတွက် ဒေသအလိုက် ကွင်းဆင်းစစ်ဆေးခြင်းများကို သက်ဆိုင်ရာဒေသများအလိုက် ဆောင်ရွက်ပေးနေကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net