တာခ်ီလိတ္ၿမိဳ႕ရိွ တည္းခိုရိပ္သာတစ္ခုတြင္ မူးယစ္ေဆးသံုးစြဲေနသည့္ အမ်ိဳးသား(၃)ဦးႏွင့္ အမ်ိဳးသမီး (၁)ဦးတုိ႔ကို ဖမ္းမိ

တာခ်ီလိတ္ၿမိဳ႕ရိွ တည္းခိုရိပ္သာတစ္ခုတြင္ မူးယစ္ေဆးသံုးစြဲေနသည့္ အမ်ိဳးသား(၃)ဦးႏွင့္ အမ်ိဳးသမီး (၁)ဦးတုိ႔ကို ဖမ္းမိ
ဇူလိုင် 30, 2019
By 🌸
ထိုင္းႏုိင္ငံႏွင့္နယ္စပ္၊ ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕ရိွ တည္းခိုခန္းတစ္ခုကို သတင္းအရ ဝင္ေရာက္ရွာေဖြရာ အမ်ိဳးသား (၃)ဦးႏွင့္ အမ်ိဳးသမီး (၁)ဦးတုိ႔ကို စိတ္ၾကြေဆးျပား (၁၀၈)ျပားႏွင့္အတူ စိတ္ၾကြေဆးျပားသံုးစြဲသည့္ ဆက္စပ္ပစၥည္းမ်ားကိုပါ ဖမ္းဆီးရမိထားေၾကာင္း သိရသည္။

"ေရႊဆိုင္ကိစၥေတြ လိုက္စံုစမ္းရင္းနဲ႔ သတင္းရလို႔ အဲဒီမွာဝင္ရွာတာ။ အဲဒီမွာ တည္းခိုတဲ့သူေတြမွာ မူးယစ္ေဆးသံုးစြဲေနတဲ့သူေတြရိွတယ္ဆိုတဲ့ သတင္းရလို႔"ဟု တာခ်ီလိတ္ၿမိဳ႕မရဲစခန္းမွ ရဲအရာရိွတစ္ဦးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

တာခ်ီလိတ္ၿမိဳ႕မရဲစခန္းမွ နယ္ထိန္းေခါင္းေဆာင္ ဒုရဲအုပ္ေက်ာ္ေဇယ်ႏွင့္ ပူးေပါင္းအဖြဲ႕က သတင္းအရ ဆန္ဆိုင္း (ခ) ရပ္ကြက္ရိွ တည္းခိုရိပ္သာကို ၂၀၁၉ ခုႏွစ္၊ ဇူလိုင္လ (၃၀)ရက္ေန႔ ေန႔လယ္ (၂)နာရီ (၁၅)မိနစ္အခ်ိန္က ဝင္ေရာက္ရွာေဖြရာ အခန္းတစ္ခန္းထဲတြင္ မူးယစ္ေဆး၀ါးမ်ားႏွင့္အတူ ရဲေထြး (ခ) ပုည၊  ေက်ာ္ႏိုင္ထြန္း (ခ) ကိုေက်ာ္၊ ၿငိမ္းခ်မ္းထူး (ခ) ဖိုးတုတ္ႏွင့္ မဘူးေဘ့တို႔အား ေတြ႔ရျခင္းျဖစ္ေၾကာင္း သိရသည္။

မူးယစ္ေဆးဝါးမ်ားႏွင့္အတူ လက္ဝယ္ေတြ႕ရိွရသည့္ ရဲေထြး (ခ) ပုည၊  ေက်ာ္ႏိုင္ထြန္း (ခ) ကိုေက်ာ္၊ ၿငိမ္းခ်မ္းထူး (ခ) ဖိုးတုတ္ႏွင့္ ဘူးေဘ့တို႔အား တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ မယ(ပ)၁၀၁/၂၀၁၉၊ မူး/စိ္တ္ပုဒ္မ ၁၉(က)/၂၁ ျဖင့္ အမႈဖြင့္စစ္ေဆးေနေၾကာ္ငး သိရသည္။

Tachileik News Agency
ဓါတ္ပံု - ရဲတပ္ဖြဲ႕

~~~~~~~~⊰❂ Unicode Version ~~~~~~~~
တာချီလိတ်မြို့ရှိ တည်းခိုရိပ်သာတစ်ခုတွင် မူးယစ်ဆေးသုံးစွဲနေသည့် အမျိုးသား(၃)ဦးနှင့် အမျိုးသမီး (၁)ဦးတို့ကို ဖမ်းမိ
*****************
ထိုင်းနိုင်ငံနှင့်နယ်စပ်၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ရှိ တည်းခိုခန်းတစ်ခုကို သတင်းအရ ဝင်ရောက်ရှာဖွေရာ အမျိုးသား (၃)ဦးနှင့် အမျိုးသမီး (၁)ဦးတို့ကို စိတ်ကြွဆေးပြား (၁၀၈)ပြားနှင့်အတူ စိတ်ကြွဆေးပြားသုံးစွဲသည့် ဆက်စပ်ပစ္စည်းများကိုပါ ဖမ်းဆီးရမိထားကြောင်း သိရသည်။

"ရွှေဆိုင်ကိစ္စတွေ လိုက်စုံစမ်းရင်းနဲ့ သတင်းရလို့ အဲဒီမှာဝင်ရှာတာ။ အဲဒီမှာ တည်းခိုတဲ့သူတွေမှာ မူးယစ်ဆေးသုံးစွဲနေတဲ့သူတွေရှိတယ်ဆိုတဲ့ သတင်းရလို့"ဟု တာချီလိတ်မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်မြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်ကျော်ဇေယျနှင့် ပူးပေါင်းအဖွဲ့က သတင်းအရ ဆန်ဆိုင်း (ခ) ရပ်ကွက်ရှိ တည်းခိုရိပ်သာကို ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၃၀)ရက်နေ့ နေ့လယ် (၂)နာရီ (၁၅)မိနစ်အချိန်က ဝင်ရောက်ရှာဖွေရာ အခန်းတစ်ခန်းထဲတွင် မူးယစ်ဆေးဝါးများနှင့်အတူ ရဲထွေး (ခ) ပုည၊  ကျော်နိုင်ထွန်း (ခ) ကိုကျော်၊ ငြိမ်းချမ်းထူး (ခ) ဖိုးတုတ်နှင့် မဘူးဘေ့တို့အား တွေ့ရခြင်းဖြစ်ကြောင်း သိရသည်။

မူးယစ်ဆေးဝါးများနှင့်အတူ လက်ဝယ်တွေ့ရှိရသည့် ရဲထွေး (ခ) ပုည၊  ကျော်နိုင်ထွန်း (ခ) ကိုကျော်၊ ငြိမ်းချမ်းထူး (ခ) ဖိုးတုတ်နှင့် ဘူးဘေ့တို့အား တာချီလိတ်မြို့မရဲစခန်းတွင် မယ(ပ)၁၀၁/၂၀၁၉၊ မူး/စိ်တ်ပုဒ်မ ၁၉(က)/၂၁ ဖြင့် အမှုဖွင့်စစ်ဆေးနေကြော်ငး သိရသည်။

Tachileik News Agency
ဓါတ်ပုံ - ရဲတပ်ဖွဲ့

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net