ကယားပြည်နယ်တွင် ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ် နှင့် ပတ်သက်၍ ကန့်ကွက်သည့် သပိတ်စခန်းအား ဒုတိယအကြိမ်ဖြိုးခွင့်ခံရပြီး သပိတ်မှောက်ဦးဆောင်လူငယ် (၁၀)ဦးအနက် (၇)ဦးကို ငြိမ်းစုစီဖြင့် အရေးယူ

ကယားပြည်နယ်တွင် ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ် နှင့် ပတ်သက်၍ ကန့်ကွက်သည့် သပိတ်စခန်းအား ဒုတိယအကြိမ်ဖြိုးခွင့်ခံရပြီး သပိတ်မှောက်ဦးဆောင်လူငယ် (၁၀)ဦးအနက် (၇)ဦးကို ငြိမ်းစုစီဖြင့် အရေးယူ
ဖေဖော်ဝါရီ 8, 2019
By Tachileik News Agency

ကယားပြည်နယ် လွိုင်ကော်မြို့တွင် ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ထားရှိခြင်းနှင့် ပတ်သက်၍ ဖျက်သိမ်းပေးရန် အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးရှေ့တွင် သပိတ်စခန်းဖွင့်၍ တောင်းဆို နေကြသည့် ကရင်နီလူငယ်အင်အားစု သပိတ်စခန်းအား ဖေဖော်ဝါရီလ(၈)ရက်နေ့ နံနက်ပိုင်းတွင် ရဲတပ်ဖွဲ့က ဒုတိယအကြိမ် ဖြိုခွဲလိုက်ပြီးနောက် သပိတ်မှောက်ဦးဆောင်သူ (၁၀)ဦးကို ဖမ်းဆီးလိုက်ပြီး (၇)ဦးကို ငြိမ်းစုစီဥပဒေဖြင့် အရေးယူလိုက်ကြောင်း သိရသည်။

လွိုင်ကော်မြို့ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးရှေ့တွင် ၂၀၁၉ခုနှစ် ဖေဖော်ဝါရီလ(၃)ရက်နေ့က စ၍ ကရင်နီလူငယ်အင်အားစု သပိတ်စခန်းကို ဖွင့်လှစ်ကာ အဆိုပါ ကိစ္စနှင့် ပတ်သက်၍ တောင်းဆို ခဲ့ကြရာတွင် ဥပ​ဒေနှင့်အညီ သပိတ်​စခန်းဖွင့်​ဆန္ဒပြရန်​ တင်​ပြထားမှုမရှိသည့် အတွက် ဖေဖော်ဝါရီလ(၇)ရက်နေ့ ညနေပိုင်းက ရဲတပ်ဖွဲ့မှ သပိတ်စခန်းအား ပထမအကြိမ်ဖြိုခွဲခဲ့ပြီးနောက် လူငယ်(၃၆)ဦးအား ဖမ်းဆီးကာ ငြိမ်းစုစီဥပဒေဖြင့် တရားစွဲဆိုထားသော်လည်း ဖေဖော်ဝါရီလ(၇)ရက်နေ့ညက သပိတ်စခန်းအား ထပ်မံဖွင့်ကာ သပိတ်မှောက်နေခြင်းကြောင့် ရဲတပ်ဖွဲ့မှ ဖေဖော်ဝါရီလ(၈)ရက်နေ့ နံနက်ပိုင်းတွင် သပိတ်စခန်းအား ဒုတိယအကြိမ် ထပ်မံဖြိုခွဲပြီး ဦးဆောင်သူ (၁၀)ဦးကို ဖမ်းဆီးလိုက်ခြင်း ဖြစ်ကြောင်း နှင့် (၁၀)ဦးထဲတွင် (၃)ဦးအား လွှတ်ပေးလိုက်ပြီး (၇)ဦးကို အရေးယူထားကြောင်း သိရသည်။သိရသည်။

သပိတ်စခန်းဖွင့်ကာ ဆန္ဒပြသူများအနေဖြင့်  ဥပ​ဒေနှင့်​အညီ သပိတ်​စခန်းဖွင့်​ကာ ဆန္ဒပြရန်​အတွက် တင်​ပြရန်​ လိုအပ်​​ကြောင်း လွိုင်​​ကော်​ခရိုင်​အုပ်​ချုပ်​​ရေးမှူးက သပိတ်​စခန်းမှ လူငယ်များအား ​ပြောဆိုခဲ့ပြီးယနေ့ ဖမ်းဆီးလိုက်သည့် လူငယ်​ (၁၀)ဦးထဲမှ (၇)ဦးကို  ငြိမ်းစုစီဥပ​ဒေဖြင့်​  အရေးယူထားခြင်း ဖြစ်သည်။

ဗိုလ်​ချုပ်​​ကြေးရုပ်​ထားရှိခြင်းအား ကန့်​ကွက်​ဆန္ဒပြ​နေကြ​သည့်​ လူငယ်​များအ​နေဖြင့်​ အများပြည်​သူနှင့်​ သက်​ဆိုင်​​သော ​နေရာတွင်​ ဗိုလ်​ချုပ်​​အောင်​ဆန်း​ကြေးရုပ်​တုအား ဖျက်​သိမ်း​ပေးရန်​ သို့မဟုတ်​ အပြီးတိုင်​​ရွေ့​ပြောင်း​ပေးရန်​ အများပြည်​သူ၏ သ​ဘောထားဆန္ဒအား မဲစနစ်​ဖြင့်​ ရယူ​ပေးရန်​ စသည့်​​ တောင်းဆိုချက်​များ​ တောင်းဆိုထားပြီး ၎င်းအချက်​များ မရရှိမချင်း သပိတ်​အားရပ်​နားသွားမည် မဟုတ်​​ကြောင်း​ပြောဆိုထားကြပြီး လက်​ရှိတွင်​ သပိတ်​စခန်းပြုလုပ်​ထားသည့်​ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံး​ရှေ့တွင်​ သံဆူးကြိုးအကာအရံများချ၍ တားမြစ်​ထား​ကြောင်းသိရသည်​။

လွိုင်​​ကော်​မြို့ ကန္ဓာ​ဟေဝန်​ပန်းခြံတွင်​ ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၂) ရက်နေ့က စိုက်​ထူလိုက်​​သည့် ​ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်အား ကန့်ကွက်​သပိတ်​​မှောက်​ခဲ့​သောကြောင့်​ ကရင်နီလူငယ်​ (၂၀)ဦးအား ငြိမ်းစုစီပုဒ်​မဖြင့်​ တရားစွဲဆိုခံထားရကြောင်းနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးရှေ့တွင် သပိတ်​စခန်းဖွင့့်၍ ကန့်​ကွက်​ခဲ့ကြ​သော ကရင်​နီလူငယ်​((များထဲက ဖမ်းဆီးခံရသူများအား ငြိမ်းစုစီဥပဒေဖြင့် ဆက်လက် အရေးယူထားကြောင်း သိရှိရသည်။

သတင်း- ဆန်းဖြိုးထွန်း


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ကယားပြည်နယ် လွိုင်ကော်မြို့တွင် ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ထားရှိခြင်းနှင့် ပတ်သက်၍ ဖျက်သိမ်းပေးရန် အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးရှေ့တွင် သပိတ်စခန်းဖွင့်၍ တောင်းဆို နကြေသည့် ကရင်နီလူငယ်အင်အားစု သပိတ်စခန်းအား ဖေဖော်ဝါရီလ(၈)ရက်နေ့ နံနက်ပိုင်းတွင် ရဲတပ်ဖွဲ့က ဒုတိယအကြိမ် ဖြိုခွဲလိုက်ပြီးနောက် သပိတ်မှောက်ဦးဆောင်သူ (၁၀)ဦးကို ဖမ်းဆီးလိုက်ပြီး (၇)ဦးကို ငြိမ်းစုစီဥပဒဖြေင့် အရေးယူလိုက်ကြောင်း သိရသည်။

လွိုင်ကော်မြို့ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးရှေ့တွင် ၂၀၁၉ခုနှစ် ဖေဖော်ဝါရီလ(၃)ရက်နေ့က စ၍ ကရင်နီလူငယ်အင်အားစု သပိတ်စခန်းကို ဖွင့်လှစ်ကာ အဆိုပါ ကိစ္စနှင့် ပတ်သက်၍ တောင်းဆို ခဲ့ကြရာတွင် ဥပ​ဒေနှင့်အညီ သပိတ်​စခန်​းဖွင်​့ဆန္ဒပြရန်​ တင်​ပြထားမှုမရှိသည့် အတွက် ဖေဖော်ဝါရီလ(၇)ရက်နေ့ ညနေပိုင်းက ရဲတပ်ဖွဲ့မှ သပိတ်စခန်းအား ပထမအကြိမ်ဖြိုခွဲခဲ့ပြီးနောက် လူငယ်(၃၆)ဦးအား ဖမ်းဆီးကာ ငြိမ်းစုစီဥပဒဖြေင့် တရားစွဲဆိုထားသော်လည်း ဖေဖော်ဝါရီလ(၇)ရက်နေ့ညက သပိတ်စခန်းအား ထပ်မံဖွင့်ကာ သပိတ်မှောက်နခြေင်းကြောင့် ရဲတပ်ဖွဲ့မှ ဖေဖော်ဝါရီလ(၈)ရက်နေ့ နံနက်ပိုင်းတွင် သပိတ်စခန်းအား ဒုတိယအကြိမ် ထပ်မံဖြိုခွဲပြီး ဦးဆောင်သူ (၁၀)ဦးကို ဖမ်းဆီးလိုက်ခြင်း ဖြစ်ကြောင်း နှင့် (၁၀)ဦးထဲတွင် (၃)ဦးအား လွှတ်ပေးလိုက်ပြီး (၇)ဦးကို အရေးယူထားကြောင်း သိရသည်။သိရသည်။

သပိတ်စခန်းဖွင့်ကာ ဆန္ဒပြသူများအနဖြေင့် ဥပ​ဒေနှင်​့အညီ သပိတ်​စခန်​းဖွင်​့ကာ ဆန္ဒပြရန်​အတွက် တင်​ပြရန်​ လိုအပ်​​ကြောင်​း လွိုင်​​ကော်​ခရိုင်​အုပ်​ချုပ်​​ရေးမှူးက သပိတ်​စခန်​းမှ လူငယ်များအား ​ပြောဆိုခဲ့ပြီးယနေ့ ဖမ်းဆီးလိုက်သည့် လူငယ်​ (၁၀)ဦးထဲမှ (၇)ဦးကို ငြိမ်​းစုစီဥပ​ဒဖြေင်​့ အရေးယူထားခြင်း ဖြစ်သည်။

ဗိုလ်​ချုပ်​​ကြေးရုပ်​ထားရှိခြင်​းအား ကန်​့ကွက်​ဆန္ဒပြ​နကြေ​သည်​့ လူငယ်​များအ​နဖြေင်​့ အများပြည်​သူနှင်​့ သက်​ဆိုင်​​သော ​နေရာတွင်​ ဗိုလ်​ချုပ်​​အောင်​ဆန်​း​ကြေးရုပ်​တုအား ဖျက်​သိမ်​း​ပေးရန်​ သို့မဟုတ်​ အပြီးတိုင်​​ရွေ့​ပြောင်​း​ပေးရန်​ အများပြည်​သူ၏ သ​ဘောထားဆန္ဒအား မဲစနစ်​ဖြင်​့ ရယူ​ပေးရန်​ စသည်​့​ တောင်​းဆိုချက်​များ​ တောင်​းဆိုထားပြီး၎င်းအချက်​များ မရရှိမချင်​း သပိတ်​အားရပ်​နားသွားမည် မဟုတ်​​ကြောင်​း​ပြောဆိုထားကြပြီး လက်​ရှိတွင်​ သပိတ်​စခန်​းပြုလုပ်​ထားသည်​့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံး​ရှေ့တွင်​ သံဆူးကြိုးအကာအရံများချ၍ တားမြစ်​ထား​ကြောင်​းသိရသည်​။

လွိုင်​​ကော်​မြို့ ကန္ဓာ​ဟေဝန်​ပန်​းခြံတွင်​ ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၂) ရက်နေ့က စိုက်​ထူလိုက်​​သည့် ​ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်အား ကန့်ကွက်​သပိတ်​​မှောက်​ခဲ့​သောကြောင်​့ ကရင်နီလူငယ်​ (၂၀)ဦးအား ငြိမ်းစုစီပုဒ်​မဖြင်​့ တရားစွဲဆိုခံထားရကြောင်းနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးရှေ့တွင် သပိတ်​စခန်​းဖွင်​့၍ ကန်​့ကွက်​ခဲ့ကြ​သော ကရင်​နီလူငယ်​((များထဲက ဖမ်းဆီးခံရသူများအား ငြိမ်းစုစီဥပဒဖြေင့် ဆက်လက် အရေးယူထားကြောင်း သိရှိရသည်။

သတင်း/ဓာတ်ပုံ - ဆန်းဖြိုးထွန်း
 ဓာတ်ပုံ - ဆန်းဖြိုးထွန်း၊ Bo Bo

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~