Writen by
Tachileik News Agency
1:42:00 PM
-
0
Comments
ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ တာခ်ီလိတ္ၿမိဳ႕တြင္ မူလတန္းမွ အထက္တန္းအထိ ေက်ာင္းသားေက်ာင္းသူမ်ား အတြက္ ေႏြရာသီအေျခခံအားကစားသင္တန္းမ်ားကို အခမဲ့ ဖြင့္လွစ္သင္ၾကားေပးမည္ျဖစ္၍ ၂၀၁၉ ခုႏွစ္၊ ေဖေဖၚဝါရီလ (၁၃)ရက္ေန႔မွစ၍ စာရင္းေပးသြင္းႏိုင္ေၾကာင္း သိရသည္။
“သင္တန္းမွာ ကုန္က်စရိတ္မရိွပါဘူး။ ေႏြရာသီမွာ အားကစားဝါသနာပါတဲ့ လူငယ္ေလးေတြ က်ား၊ မ မေရြး အားကစား အေျခခံနည္းစနစ္ေတြ တတ္ေျမာက္ေအာင္၊ မူးယစ္ေဆးဝါးေဘးအႏၱရာယ္က ကင္းေဝးေအာင္၊ အားကစားလုပ္တာ ဝါသနာပါလာေအာင္ရည္ရြယ္ခ်က္ေတြနဲ႔ ဖြင့္လွစ္ေပးတာျဖစ္ပါတယ္။ ေဘာလံုးနဲ႕ ဖူဆယ္ကို တာခ်ီလိတ္က (C) လိုင္စင္ရ နည္းျပဆရာေတြက သင္ၾကားေပးမွာပါ။ ဝူရႈးကိုေတာ့ အဖြဲ႕ခ်ဳပ္နည္းျပကိုယ္တုိင္ လာသင္ပါမယ္။ ျမန္မာသိုင္းကေတာ့ ေတာင္ႀကီးက ျမန္မာ့သိုင္းအဖြဲ႕ခ်ဳပ္ နည္းျပ လာသင္ေပးမွာပါ”ဟု အားကစားႏွင့္ကာယပညာ ဦးစီးဌာနမွ တာခ်ီလိတ္ ၿမိဳ႕နယ္အားကစားမွဴး ဦးသန္းလိႈင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။
ၿမိဳ႕နယ္အားကစားႏွင့္ကာယပညာဦးစီးဌာနက ဦးစီးဖြင့္လွစ္မည့္ ေဘာလံုး၊ ျမန္မာ့သိုင္း၊ ဝူရႈး၊ ဖူဆယ္အားကစားမ်ားကို တစ္လၾကာသင္တန္းမ်ား ဖြင့္လွစ္သင္ၾကားေပးမည္ျဖစ္ၿပီး ေလွ်ာက္ထား လိုသူမ်ား အေနျဖင့္ ၂၀၁၉ ခုႏွစ္၊ ေဖေဖၚဝါရီလ (၁၃) ရက္ေန႔မွစ၍ ၿမိဳ႕မေဘာလံုးကြင္းတြင္ ပိတ္ရက္မရိွ ရံုးဖြင့္ခ်ိန္အတြင္း လာေရာက္ေလွ်ာက္ထားႏုိင္ေၾကာင္း သိရသည္။
သင္တန္းမ်ားကို ေဖေဖၚဝါရီလ (၂၅)ရက္ေန႔တြင္ စတင္မည္ျဖစ္ၿပီး သင္တန္းႏွင့္ပတ္သက္၍ ဆက္သြယ္စံုစမ္းလိုပါက ဖုန္း 09 428211969 ႏွင့္ 09 02625263 တို႔သို႔ ဆက္သြယ္ႏုိင္ေၾကာင္း သိရသည္။
Tachileik News Agency
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် မူလတန်းမှ အထက်တန်းအထိ ကျောင်းသားကျောင်းသူများ အတွက် နွေရာသီအခြေခံအားကစားသင်တန်းများကို အခမဲ့ ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်၍ ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၃)ရက်နေ့မှစ၍ စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။
“သင်တန်းမှာ ကုန်ကျစရိတ်မရှိပါဘူး။ နွေရာသီမှာ အားကစားဝါသနာပါတဲ့ လူငယ်လေးတွေ ကျား၊ မ မရွေး အားကစား အခြေခံနည်းစနစ်တွေ တတ်မြောက်အောင်၊ မူးယစ်ဆေးဝါးဘေးအန္တရာယ်က ကင်းဝေးအောင်၊ အားကစားလုပ်တာ ဝါသနာပါလာအောင်ရည်ရွယ်ချက်တွေနဲ့ ဖွင့်လှစ်ပေးတာဖြစ်ပါတယ်။ ဘောလုံးနဲ့ ဖူဆယ်ကို တာချီလိတ်က (C) လိုင်စင်ရ နည်းပြဆရာတွေက သင်ကြားပေးမှာပါ။ ဝူရှုးကိုတော့ အဖွဲ့ချုပ်နည်းပြကိုယ်တိုင် လာသင်ပါမယ်။ မြန်မာသိုင်းကတော့ တောင်ကြီးက မြန်မာ့သိုင်းအဖွဲ့ချုပ် နည်းပြ လာသင်ပေးမှာပါ”ဟု အားကစားနှင့်ကာယပညာ ဦးစီးဌာနမှ တာချီလိတ် မြို့နယ်အားကစားမှူး ဦးသန်းလှိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနက ဦးစီးဖွင့်လှစ်မည့် ဘောလုံး၊ မြန်မာ့သိုင်း၊ ဝူရှုး၊ ဖူဆယ်အားကစားများကို တစ်လကြာသင်တန်းများ ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ပြီး လျှောက်ထား လိုသူများ အနဖြေင့် ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၃) ရက်နေ့မှစ၍ မြို့မဘောလုံးကွင်းတွင် ပိတ်ရက်မရှိ ရုံးဖွင့်ချိန်အတွင်း လာရောက်လျှောက်ထားနိုင်ကြောင်း သိရသည်။
သင်တန်းများကို ဖေဖော်ဝါရီလ (၂၅)ရက်နေ့တွင် စတင်မည်ဖြစ်ပြီး သင်တန်းနှင့်ပတ်သက်၍ ဆက်သွယ်စုံစမ်းလိုပါက ဖုန်း 09 428211969 နှင့် 09 02625263 တို့သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။
Tachileik News Agency
No comments
Post a Comment
Note: Only a member of this blog may post a comment.