တာချီလိတ်တွင် ပြုလုပ်သည့် သားအိမ်ခေါင်းကင်ဆာ အခမဲ့ စမ်းသပ်ကုသပေးမှု၏ ပထမနေ့တွင် လာရောက်သူ များပြား

တာချီလိတ်တွင် ပြုလုပ်သည့် သားအိမ်ခေါင်းကင်ဆာ အခမဲ့ စမ်းသပ်ကုသပေးမှု၏ ပထမနေ့တွင် လာရောက်သူ များပြား
ဇနျနဝါရီ 26, 2019
By Tachileik News Agency

မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့တွင် သားအိမ်ခေါင်းကင်ဆာ အခမဲ့ စမ်းသပ်ကုသပေးမှုကို တာချီလိတ်မြို့ရှိ ပြည်သူ့ဆေးရုံဟောင်းအတွင်း၌ ၂၀၁၉ခုနှစ် ဇန်န၀ါရီလ(၂၆)ရက်နေ့ နံနက်ပိုင်းက  စတင်နေပြီး ဇန်န၀ါရီလ(၂၇)ရက်နေ့အထိ လက်ခံ စမ်းသပ်ကုသပေးသွားမည်ဖြစ်ရာ ပထမနေ့တွင် လာရောက် စမ်းသပ်ကုသမှုခံယူသူ များပြားကြောင်း သိရသည်။

အမျိုးသမီးများတွင် အဖြစ်အများဆုံးနှင့် သေပျောက်မှုအများဆုံး ကင်ဆာစာရင်းဝင်သည့် သားအိမ်ခေါင်း ကင်ဆာ စမ်းသပ်ကုသပေးမှုကို  ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၏ ဇနီး ဒေါ်ရွှေမြင့် ဦးဆောင်ပြီး ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အထူးကုဆရာဝန်များ ပါဝင်သည့် အဖွဲ့ဖြင့်  ဆောင်ရွက်ပေးနေခြင်း ဖြစ်ကြောင်းနှင့် ကြိုတင်စာရင်းမပေးသွင်းရသေးသူများအနေဖြင့်လည်း လာရောက်၍ စမ်းသပ်ကုသမှု ခံယူနိုင်မည်ဖြစ်ကြောင်း သိရသည်။

ဓါတ်ပုံ - #ဟန်စိုးထိုက်



~~~~~~~~⊰❂ Unicode Version ~~~~~~~~

မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့တွင် သားအိမ်ခေါင်းကင်ဆာ အခမဲ့ စမ်းသပ်ကုသပေးမှုကို တာချီလိတ်မြို့ရှိ ပြည်သူ့ဆေးရုံဟောင်းအတွင်း၌ ၂၀၁၉ခုနှစ် ဇန်နဝါရီလ(၂၆)ရက်နေ့ နံနက်ပိုင်းက စတင်နပြေီး ဇန်နဝါရီလ(၂၇)ရက်နေ့အထိ လက်ခံ စမ်းသပ်ကုသပေးသွားမည်ဖြစ်ရာ ပထမနေ့တွင် လာရောက် စမ်းသပ်ကုသမှုခံယူသူ များပြားကြောင်း သိရသည်။

အမျိုးသမီးများတွင် အဖြစ်အများဆုံးနှင့် သေပျောက်မှုအများဆုံး ကင်ဆာစာရင်းဝင်သည့် သားအိမ်ခေါင်း ကင်ဆာ စမ်းသပ်ကုသပေးမှုကို ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၏ ဇနီး ဒေါ်ရွှမြေင့် ဦးဆောင်ပြီး ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အထူးကုဆရာဝန်များ ပါဝင်သည့် အဖွဲ့ဖြင့် ဆောင်ရွက်ပေးနခြေင်း ဖြစ်ကြောင်းနှင့် ကြိုတင်စာရင်းမပေးသွင်းရသေးသူများအနဖြေင့်လည်း လာရောက်၍ စမ်းသပ်ကုသမှု ခံယူနိုင်မည်ဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ - #ဟန်စိုးထိုက်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~