
ဒီဇငျဘာ 31, 2018
By 🌸

ကျောင်းသားကျောင်းသူများအနေဖြင့် ကာယ၊ ဥာဏ၊ စာရိတ္တ၊ စိတ်ခံစားမှု၊ ပေါင်းသင်းဆက်ဆံရေးဖွံ့ဖြိုးစေရန်အတွက် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း B.H.S English School ၏ ကျောင်းအုပ် ဒေါ်သီသီအောင်က ပြောသည်။



Tachileik News Agency

~~~~~~~~⊰❂Unicode Version ~~~~~~~~
တာချီလိတ်မြို့ရှိ B.H.S English School ကျောင်းသားကျောင်းသူများအတွက် ဒီဇင်ဘာလအားကစားပြိုင်ပွဲ ကျင်းပ
**************
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့ရှိ B.H.S English School ၏ ဒီဇင်ဘာလအားကစားပြိုင်ပွဲကို ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၃၀)ရက်နေ့က မြို့မအားကစားရုံတွင် ကျင်းပသည်။

ကျောင်းသားကျောင်းသူများအနေဖြင့် ကာယ၊ ဉာဏ၊ စာရိတ္တ၊ စိတ်ခံစားမှု၊ ပေါင်းသင်းဆက်ဆံရေးဖွံ့ဖြိုးစေရန်အတွက် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း B.H.S English School ၏ ကျောင်းအုပ် ဒေါ်သီသီအောင်က ပြောသည်။

အဆိုပါအားကစားပြိုင်ပွဲတွင် ကစားနည်း (၁၆)မျိုးကို ထည့်သွင်းယှဉ်ပြိုင်ကြခြင်းဖြစ်ပြီး အဆိုပါကျောင်း၏ Pre School ကျောင်းသားကျောင်းသူများ၊ Pre KG ကျောင်းသားကျောင်းသူများ၊ KG ကျောင်းသားကျောင်းသူများ၊  အင်္ဂလိပ်စာသင်တန်းမှ ကျောင်းသားကျောင်းသူများ၊ မြန်မာစာသင်တန်းမှ ကျောင်းသားကျောင်းသူများအပြင် ကျောင်းမှ ဆရာ၊ဆရာမများ၏ အပြေးပြိုင်ပွဲကိုလည်း ထည့်သွင်းကျင်းပသည်။

ယင်းနောက် ပြိုင်ပွဲအသီးသီးမှ ဆုရကျောင်းသားကျောင်းသူများအား ကျောင်းအုပ်ဆရာမကြီး ဒေါ်သီသီအောင်က ဆုများချီးမြှင့်ပေးခဲ့ခြင်းဖြစ်သည်။

Tachileik News Agency
ဓါတ်ပုံ - ဆန်းဖြိုးထွန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~