လားရိႈးတန္ေဆာင္တိုင္ မီးပံုးပ်ံပြဲေတာ္တြင္ မီးသတ္တပ္ဖြဲ႕အင္အား ၁၀၀ ေက်ာ္အသံုးျပဳမည္

လားရိႈးတန္ေဆာင္တိုင္ မီးပံုးပ်ံပြဲေတာ္တြင္ မီးသတ္တပ္ဖြဲ႕အင္အား ၁၀၀ ေက်ာ္အသံုးျပဳမည္
နိုဝင်ဘာ 16, 2018
By 🌸
ရွမ္းျပည္နယ္(ေျမာက္ပိုင္း) လားရိႈးၿမိဳ႕ တန္ေဆာင္တိုင္ မီးပံုးပ်ံပြဲေတာ္ကို ခ်ယ္ရီၿမိဳင္အိမ္ရာဝန္းအတြင္း ေျပာင္းေရႊ႕က်င္းပမည္ျဖစ္ရာ အနီးဝန္းက်င္ရိွ စက္သံုးဆီဆုိင္မ်ား၊ လူေနအိမ္မ်ား မီးေဘးအႏၱရာယ္ ကင္းရွင္းေရးအတြက္ မီးသတ္တပ္ဖြဲ႕အင္အား (၁၀၀)ေက်ာ္ကို ပြဲေတာ္ကာလအတြင္း အသံုးျပဳသြားမည္ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ တန္ေဆာင္တုိင္မီးပံုးပ်ံပြဲေတာ္ကို ခရိုင္စီမံခန္႔ခြဲမႈေကာ္မတီႏွင့္ ၿမိဳ႕လူထုပူးေပါင္းက်င္းပျခင္းျဖစ္ေၾကာင္း သိရၿပီး ၂၀၁၈ ခုနွစ္ ႏိုဝင္ဘာလ (၂၀) ရက္ေန႔မွ (၂၂) ရက္ေန႔အထိ က်င္းပမည္ျဖစ္ေၾကာင္း သိရသည္။

“ဒီႏွစ္ျပဳလုပ္မယ့္ တန္ေဆာင္တိုင္မီးပံုးပ်ံပြဲက်င္းပမယ့္ေနရာအနီးမွာ စက္သံုးဆီဆိုင္ေတြ လူေနအိမ္ေျခေတြ ရွိေနတဲ့အတြက္ေၾကာင့္ အဓိကကေတာ့ မီးေဘးအႏၱရာယ္အတြက္ ကာကြယ္မႈ၊ ျပင္ဆင္မႈ၊ ေစာင့္ၾကည့္မႈေတြ လုပ္ဖို႔ အေရးႀကီးပါတယ္” ဟု လားရိႈးခရိုင္အေထြေထြအုုပ္ခ်ဳပ္ေရးမွဴး ဦးေအာင္ခ်ိဳက ေျပာသည္။

အဆိုပါပြဲေတာ္က်င္းပေရးအတြက္ လုပ္ငန္းညိႇႏိႈင္းအစည္းအေဝးကို လားရိႈးခရိုင္အေထြေထြအုပ္ခ်ဳပ္ေရး ဦးစီးဌာနတြင္ ၂၀၁၈ ခုႏွစ္၊ ႏိုဝင္ဘာလ (၁၅)ရက္ေန႔က က်င္းပေၾကာင္း သိရသည္။

လားရိႈးတန္ေဆာင္တုိင္ပြဲကို ၂၀၁၇ ခုႏွစ္က ပထမဆံုးစတင္က်င္းပရာ လားရိႈး-နမၼတူ လမ္းဆံုအနီးရွိ တိုင္းရင္းသားေပါင္းစံုယဥ္ေက်းမႈကြင္း၌ ျပဳလုပ္ခဲ့ရာမွ ယခုႏွစ္တြင္ အဆိုပါေနရာ၌ ေျမယာအျငင္းပြားမႈ ျဖစ္ေနသျဖင့္ ခ်ယ္ရီၿမိဳင္အိမ္ရာဝန္းအတြင္း ေျပာင္းလဲက်င္းပျခင္းျဖစ္ေၾကာင္း သိရသည္။

ခ်ယ္ရီၿမိဳင္အိမ္ရာအနီးတြင္ စက္သံုးဆီအေရာင္းဆိုင္မ်ားရိွေနသည့္အတြက္ မိီးေဘးအႏၱရာယ္ကာကြယ္ေရး အတြက္ မီးသတ္တပ္ဖြဲ႕ဝင္အင္အား (၁၀၀)က မီးၿငိမ္းသတ္ယာဥ္ (၅)စီးျဖင့္ ေရြ႕လ်ားေနရာခ်ထားရန္ႏွင့္ ရဲတပ္ဖြဲ႕က လံုၿခံဳေရးေဆာင္ရြက္ေပးသြားရန္စီစဥ္ထားေၾကာငး္ သိရသည္။

မီးေဘးအႏၱရာယ္ကင္းရွင္းေရးအတြက္ မိုးေလဝသႏွင့္ ဇလေဗဒဦးစီးဌာနက ေလေၾကာင္းတုိက္ခတ္မႈ အေျခအေန သတင္းအခ်က္အလက္မ်ား ပံ့ပိုးေပးမည္ျဖစ္ၿပီး မီးပံုးပ်ံမ်ား မေတာ္တဆျပဳတ္က်ပါက အနီးနားရွိ ဓါတ္အားလိုင္းမ်ား မထိခိုက္ေစေရးအတြက္ လ်ွပ္စစ္အင္ဂ်င္နီယာဌာနကလည္း စီစဥ္ေဆာင္ရြက္ႏုိင္ေရး ျပင္ဆင္ထားေၾကာင္း သိရသည္။

တန္ေဆာင္တိုင္ပြဲေတာ္တြင္ စိန္နားပန္မီးပံုးပ်ံ (၅)လံုးႏွင့္ ညမီးႀကီးမီးပံုးပ်ံ (၁၀)လံုးပါဝင္မည္ျဖစ္ၿပီး ဖြင့္ပြဲကို လားရႈိးခရိုင္အတြင္းရွိ တိုင္းရင္းသားယဥ္ေက်းမႈအဖြဲ႔မ်ား၏ ရိုးရာအကမ်ားျဖင့္ ဖြင့္လွစ္မည္ျဖစ္ေၾကာင္း သိရသည္။

သတင္း၊ဓါတ္ပံု #ေနၿဖိဳးျမင့္

~~~~~~~~⊰❂ unicode ~~~~~~~~
လားရှိုးတန်ဆောင်တိုင် မီးပုံးပျံပွဲတော်တွင် မီးသတ်တပ်ဖွဲ့အင်အား ၁၀၀ ကျော်အသုံးပြုမည်
*****************
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ တန်ဆောင်တိုင် မီးပုံးပျံပွဲတော်ကို ချယ်ရီမြိုင်အိမ်ရာဝန်းအတွင်း ပြောင်းရွှေ့ကျင်းပမည်ဖြစ်ရာ အနီးဝန်းကျင်ရှိ စက်သုံးဆီဆိုင်များ၊ လူနေအိမ်များ မီးဘေးအန္တရာယ် ကင်းရှင်းရေးအတွက် မီးသတ်တပ်ဖွဲ့အင်အား (၁၀၀)ကျော်ကို ပွဲတော်ကာလအတွင်း အသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ တန်ဆောင်တိုင်မီးပုံးပျံပွဲတော်ကို ခရိုင်စီမံခန့်ခွဲမှုကော်မတီနှင့် မြို့လူထုပူးပေါင်းကျင်းပခြင်းဖြစ်ကြောင်း သိရပြီး ၂၀၁၈ ခုနှစ် နိုဝင်ဘာလ (၂၀) ရက်နေ့မှ (၂၂) ရက်နေ့အထိ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

“ဒီနှစ်ပြုလုပ်မယ့် တန်ဆောင်တိုင်မီးပုံးပျံပွဲကျင်းပမယ့်နေရာအနီးမှာ စက်သုံးဆီဆိုင်တွေ လူနေအိမ်ခြေတွေ ရှိနေတဲ့အတွက်ကြောင့် အဓိကကတော့ မီးဘေးအန္တရာယ်အတွက် ကာကွယ်မှု၊ ပြင်ဆင်မှု၊ စောင့်ကြည့်မှုတွေ လုပ်ဖို့ အရေးကြီးပါတယ်” ဟု လားရှိုးခရိုင်အထွေထွေအုပ်ချုပ်ရေးမှူး ဦးအောင်ချိုက ပြောသည်။

အဆိုပါပွဲတော်ကျင်းပရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို လားရှိုးခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနတွင် ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၁၅)ရက်နေ့က ကျင်းပကြောင်း သိရသည်။

လားရှိုးတန်ဆောင်တိုင်ပွဲကို ၂၀၁၇ ခုနှစ်က ပထမဆုံးစတင်ကျင်းပရာ လားရှိုး-နမ္မတူ လမ်းဆုံအနီးရှိ တိုင်းရင်းသားပေါင်းစုံယဉ်ကျေးမှုကွင်း၌ ပြုလုပ်ခဲ့ရာမှ ယခုနှစ်တွင် အဆိုပါနေရာ၌ မြေယာအငြင်းပွားမှု ဖြစ်နေသဖြင့် ချယ်ရီမြိုင်အိမ်ရာဝန်းအတွင်း ပြောင်းလဲကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

ချယ်ရီမြိုင်အိမ်ရာအနီးတွင် စက်သုံးဆီအရောင်းဆိုင်များရှိနေသည့်အတွက် မီးဘေးအန္တရာယ်ကာကွယ်ရေး အတွက် မီးသတ်တပ်ဖွဲ့ဝင်အင်အား (၁၀၀)က မီးငြိမ်းသတ်ယာဉ် (၅)စီးဖြင့် ရွေ့လျားနေရာချထားရန်နှင့် ရဲတပ်ဖွဲ့က လုံခြုံရေးဆောင်ရွက်ပေးသွားရန်စီစဉ်ထားကြောင်း သိရသည်။

မီးဘေးအန္တရာယ်ကင်းရှင်းရေးအတွက် မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနက လေကြောင်းတိုက်ခတ်မှု အခြေအနေ သတင်းအချက်အလက်များ ပံ့ပိုးပေးမည်ဖြစ်ပြီး မီးပုံးပျံများ မတော်တဆပြုတ်ကျပါက အနီးနားရှိ ဓါတ်အားလိုင်းများ မထိခိုက်စေရေးအတွက် လျှပ်စစ်အင်ဂျင်နီယာဌာနကလည်း စီစဉ်ဆောင်ရွက်နိုင်ရေး ပြင်ဆင်ထားကြောင်း သိရသည်။

တန်ဆောင်တိုင်ပွဲတော်တွင် စိန်နားပန်မီးပုံးပျံ (၅)လုံးနှင့် ညမီးကြီးမီးပုံးပျံ (၁၀)လုံးပါဝင်မည်ဖြစ်ပြီး ဖွင့်ပွဲကို လားရှိုးခရိုင်အတွင်းရှိ တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့များ၏ ရိုးရာအကများဖြင့် ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။
သတင်း၊ဓါတ်ပုံ #နေဖြိုးမြင့်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~