တာခ်ီလိတ္ၿမိဳ႕ ေရႊတိဂံုအဆင္းလမ္းမွ မီးတိုင္ေရႊ႕ေျပာင္းမည္ျဖစ္၍ ႏိုဝင္ဘာလ (၃၀)ရက္ေန႔တြင္ လွ်ပ္စစ္မီးျဖတ္ေတာက္မည္

တာခ်ီလိတ္ၿမိဳ႕ ေရႊတိဂံုအဆင္းလမ္းမွ မီးတိုင္ေရႊ႕ေျပာင္းမည္ျဖစ္၍ ႏိုဝင္ဘာလ (၃၀)ရက္ေန႔တြင္ လွ်ပ္စစ္မီးျဖတ္ေတာက္မည္
နိုဝင်ဘာ 28, 2018
By 🌸
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕ ေရႊတိဂံုအတက္လမ္း (ၿမိဳ႕မီးလင္းေရးရုံးေရွ႔) လမ္းေျမတိုးခ်ဲ႕ရာတြင္ မလြတ္ကင္းေသာမီးတုိင္အား ေျပာင္းေရႊ႕မည္ျဖစ္သည့္အတြက္ ၂၀၁၈ ခုႏွစ္ ႏိုဝင္ဘာလ (၃၀)ရက္ေန႔တြင္ နံနက္ (၉ )နာရီမွ ညေန (၄ )နာရီအထိ လွ်ပ္စစ္မီးျဖတ္ေတာက္မည္ျဖစ္ေၾကာင္း ၿမိဳ႕မီးလင္းေရးေကာ္မတီက အသိေပးေၾကညာထားသည္။

လ်ွပ္စစ္မီးျပတ္ေတာက္မည့္ ရပ္ကြက္မ်ားမွာ ဆန္ဆိုင္း(ခ)ရပ္ကြက္မွ အားကစားရံုလမ္းတေလ်ွာက္၊ ေရာင္နီဦး အနီးတဝိုက္၊ မကာဟိုခမ္းရပ္ကြက္မွ ဓမၼာရံုအနီးတဝိုက္၊ ယာေျမကုန္း အေဆြေတာ္ 24 နာရီ အထူးကုေဆးခန္းအနီးတဝိုက္၊ ဝမ္ေကာင္းရပ္ကြက္မွ သံဃာ့ေဆးရံုႀကီး၊ ျမသဟာေဆးရုံ ဝမ္ေကာင္းၿမိဳ႕မေစ်း အနီးတဝိုက္၊ မဂၤလာလမ္းတေလ်ွာက္ ကခ်င္ရြာ၊ အားေခရြာ၊ မိုးကုတ္ဝိပႆနာလမ္း၊ စံလင္းၿဖိဳးအိမ္ယာနွင့္ ဟိုတယ္ဇံု အနီးတဝိုက္တို႔တြင္ လွ်ပ္စစ္မီးမ်ား ျဖတ္ေတာက္ထားမည္ျဖစ္ၿပီး လုပ္ငန္းမ်ား ေဆာလ်င္စြာ ၿပီးစီးပါက လွ်ပ္စစ္မီး အခ်ိန္မီျပန္လႊတ္ေပးမည္ျဖစ္ေၾကာင္း သိရသည္။

 Tachileik News Agency

~~~~~~~~⊰❂ unicode ~~~~~~~~
တာချီလိတ်မြို့ ရွှေတိဂုံအဆင်းလမ်းမှ မီးတိုင်ရွှေ့ပြောင်းမည်ဖြစ်၍ နိုဝင်ဘာလ (၃၀)ရက်နေ့တွင် လျှပ်စစ်မီးဖြတ်တောက်မည်
*************
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ ရွှေတိဂုံအတက်လမ်း (မြို့မီးလင်းရေးရုံးရှေ့) လမ်းမြေတိုးချဲ့ရာတွင် မလွတ်ကင်းသောမီးတိုင်အား ပြောင်းရွှေ့မည်ဖြစ်သည့်အတွက် ၂၀၁၈ ခုနှစ် နိုဝင်ဘာလ (၃၀)ရက်နေ့တွင် နံနက် (၉ )နာရီမှ ညနေ (၄ )နာရီအထိ လျှပ်စစ်မီးဖြတ်တောက်မည်ဖြစ်ကြောင်း မြို့မီးလင်းရေးကော်မတီက အသိပေးကြေညာထားသည်။

လျှပ်စစ်မီးပြတ်တောက်မည့် ရပ်ကွက်များမှာ ဆန်ဆိုင်း(ခ)ရပ်ကွက်မှ အားကစားရုံလမ်းတလျှောက်၊ ရောင်နီဦး အနီးတဝိုက်၊ မကာဟိုခမ်းရပ်ကွက်မှ ဓမ္မာရုံအနီးတဝိုက်၊ ယာမြေကုန်း အဆွေတော် 24 နာရီ အထူးကုဆေးခန်းအနီးတဝိုက်၊ ဝမ်ကောင်းရပ်ကွက်မှ သံဃာ့ဆေးရုံကြီး၊ မြသဟာဆေးရုံ ဝမ်ကောင်းမြို့မဈေး အနီးတဝိုက်၊ မင်္ဂလာလမ်းတလျှောက် ကချင်ရွာ၊ အားခေရွာ၊ မိုးကုတ်ဝိပဿနာလမ်း၊ စံလင်းဖြိုးအိမ်ယာနှင့် ဟိုတယ်ဇုံ အနီးတဝိုက်တို့တွင် လျှပ်စစ်မီးများ ဖြတ်တောက်ထားမည်ဖြစ်ပြီး လုပ်ငန်းများ ဆောလျင်စွာ ပြီးစီးပါက လျှပ်စစ်မီး အချိန်မီပြန်လွှတ်ပေးမည်ဖြစ်ကြောင်း သိရသည်။

 Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~