လောင်ကိုင်တွင် လူသုံးကုန်နှင့်အလှကုန်သင်တန်း ပထမဆုံးအကြိမ်အဖြစ် ပို့ချပေးနေ

လောင်ကိုင်တွင် လူသုံးကုန်နှင့်အလှကုန်သင်တန်း ပထမဆုံးအကြိမ်အဖြစ် ပို့ချပေးနေ
အောကျတိုဘာ 12, 2018
By Tachileik News Agency

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့၊ ရန်လုံကျိုင်းရပ်ကွက်၊ ရပ်ရွာအခြေပြုမူးယစ်ဆေးဖြတ်ကုသရေးနှင့် ပြန်လည်ထူထောင်ရေးစခန်းတွင် ရှမ်းပြည်နယ် အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက လူသုံးကုန်နှင့်အလှကုန်သင်တန်း ပထမဆုံးအကြိမ် ပို့ချပေးနေကြောင်း သိရသည်။



Tachileik News Agency



~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့၊ ရန်လုံကျိုင်းရပ်ကွက်၊ ရပ်ရွာအခြပြေုမူးယစ်ဆေးဖြတ်ကုသရေးနှင့် ပြန်လည်ထူထောင်ရေးစခန်းတွင် ရှမ်းပြည်နယ် အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက လူသုံးကုန်နှင့်အလှကုန်သင်တန်း ပထမဆုံးအကြိမ် ပို့ချပေးနေကြောင်း သိရသည်။

“ဆေးဖြတ်စခန်းက လူပေါင်း(၃၀)ကျော်ထဲကမှ စိတ်ဝင်စားတဲ့ လူ(၂၀)လောက်အတွက် ရွေးထုတ်ပြီး သင်ကြားပေးတာပါ။ ဒါက ပထမဆုံးအကြိမ် သင်တန်းဖွင့်တာပါ။ ကျွန်တော်တို့ သင်တန်းဖွင့်ပေးတာက ဒေသလိုအပ်ချက်အရ တောင်းဆိုတဲ့အတိုင်း လိုက်ပြီးဖွင့်လှစ်ပေးနေတာပါ”ဟု ရှမ်းပြည်နယ် အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးသက်နိုင်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါ သင်တန်းကို ၂၀၁၈ ခုနှစ် အောက်တိုဘာလ(၁၂)ရက်နေ့မှ (၁၈)ရက်နေ့အထိ ဖွင့်လှစ်မည်ဖြစ်ပြီး
မိမိတို့ဒေသတွင် သင်တန်းများ ဖွင့်လှစ်လိုပါက ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန 081206829၊ 09420730130၊ 094207201599၊ 0812121614 တို့သို့ ဆက်သွယ်၍ မေးမြန်း စုံစမ်းနိုင်ကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာန

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~