မေကြးပညာေရးေကာလိပ္တြင္ ေက်ာင္းသား(၂၀၀)ခန္႔ ေက်ာင္းတြင္းဆႏၵထုတ္ေဖၚ

မေကြးပညာေရးေကာလိပ္တြင္ ေက်ာင္းသား(၂၀၀)ခန္႔ ေက်ာင္းတြင္းဆႏၵထုတ္ေဖၚ
စက်တင်ဘာ 13, 2018
By 🌸
ပညာေရးေကာလိပ္မွ ပညာေရးတကၠသိုလ္ကို တုိက္ရိုက္တက္ေရာက္ခြင့္ရရိွရန္ မေကြးပညာေရးေကာလိပ္ ေက်ာင္းသားေက်ာင္းသူ (၂၀၀) ဦးဝန္းက်င္က ၂၀၁၈ခုႏွစ္၊ စက္တင္ဘာလ (၁၃)ရက္ေန႔ မြန္းလြဲပိုင္းတြင္ ေက်ာင္းအုပ္ခ်ဳပ္သူမ်ားခြင့္ျပဳခ်က္ျဖင့္ ေက်ာင္းအတြင္းဆႏၵေဖာ္ထုတ္ၾကသည္။

" ပညာေရးေကာလိပ္(၁၄) ေက်ာင္း စုေပါင္းၿပီးေတာ့ ပညာေရးေကာလိပ္ေက်ာင္းသားသမဂၢမ်ား ကြန္ယက္ဆိုၿပီး ကိုယ္စားျပဳေကာ္မတီဖဲြ႔ထားပါတယ္။ လက္ရွိေကာလိပ္မွာ ျဖစ္ေပၚေနတဲ့ အခက္အခဲေတြ ကို စုေပါင္းေဆြးေႏြးၿပီးေတာ့ ေၾကညာခ်က္ထုတ္ခဲ့တယ္။ အဲဒါကို ဆရာအတတ္သင္ပညာဌာနကို စာပို႔ခဲ့ ေပမဲ့ အခုထိအေၾကာင္းျပန္ၾကားျခင္းမရွိဘူး။ အဲဒီလိုတုံံ႔ျပန္မႈ မရွိတဲ့အတြက္ ဆႏၵေဖာ္ထုတ္ျခင္း ျဖစ္ပါ တယ္"ဟု ဒုတိယႏွစ္ေက်ာင္းသား ေမာင္ေဇာ္ႏိုင္လင္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

 ပညာေရးေကာလိပ္၌(၂) ႏွစ္ ပညာသင္ၾကားၿပီးပါက မူလတန္းျပအျဖစ္တာဝန္ထမ္းေဆာင္ခြင့္ရၿပီး ပညာေရးတကၠသိုလ္ ဆက္လက္တက္ေရာက္လိုပါက အေဝးသင္ဘြဲ႕ထပ္ယူေနရသျဖင့္ စုစုေပါင္း အခ်ိန္ (၆)ႏွစ္ၾကာ သင္ၾကားေနရသျဖင့္ ေကာလိပ္မွ တကၠသိုလ္သို႔ ခ်ိတ္ဆက္တက္ေရာက္ခြင့္ ေတာင္းဆိုၾကျခင္းျဖစ္ေၾကာင္း သိရသည္။

ဆႏၵထုတ္ေဖၚမႈကို မေကြးပညာေရးေကာလိပ္၌ ေက်ာင္းသား၊ေက်ာင္းသူ(၇၀၀)ဦးခန္႔ရိွသည့္အနက္ (၂၀၀) ဦးခန္႔က ေက်ာင္းအုပ္ႀကီးထံ အသိေပးတင္ျပ၍ လုပ္ေဆာင္ၾကျခင္းျဖစ္ေၾကာင္း သိရသည္။

" ေတာင္းဆိုစရာရွိရင္ ဆရာမဆီသာတင္ေပးပါ။ ဆက္လက္တင္ျပေပးမယ္လို႔ ေျပာေပမဲ့ လူငယ္ေတြဆိုေတာ့ ခဏေလးပါ ဘာမွမျဖစ္ေစရပါဘူး ဆိုၿပီးလုပ္ၾကတာပါ။ ေက်ာင္းသားေတြ အကုန္လံုးလည္း မလိုက္ၾကပါဘူး။ ကၽြန္မအေနနဲ႔ကေတာ့  မွတ္တမ္းယူထားပါတယ္"ဟု မေကြးပညာေရးေကာလိပ္ တာဝန္ခံ ဒု ေက်ာင္းအုပ္ ဆရာ မႀကီး ေဒၚတင္တင္ရီက ေျပာသည္။

ပညာေရးေကာလိပ္ေပါင္း (၁၄) ေက်ာင္းမွ ေက်ာင္းသားသမဂၢမ်ားက ကြန္ယက္ဖဲြ႔စည္းၿပီး အဆိုပါေတာင္းဆိုခ်က္ကို ေတာင္းဆိုခဲ့ၾကၿပီး မံုရြာ၊ ေတာင္ငူႏွင့္ ထားဝယ္တို႔တြင္လည္း ဆႏၵထုတ္ေဖၚ ေတာင္းဆိုခဲ့ၾကၿပီးျဖစ္ေၾကာင္း သိရသည္။

သတင္း၊ဓါတ္ပံု #ဖီးနစ္

~~~~~~~~⊰❂ unicode ~~~~~~~~
မကွေးပညာရေးကောလိပ်တွင် ကျောင်းသား(၂၀၀)ခန့် ကျောင်းတွင်းဆန္ဒထုတ်ဖေါ်
**************
ပညာရေးကောလိပ်မှ ပညာရေးတက္ကသိုလ်ကို တိုက်ရိုက်တက်ရောက်ခွင့်ရရှိရန် မကွေးပညာရေးကောလိပ် ကျောင်းသားကျောင်းသူ (၂၀၀) ဦးဝန်းကျင်က ၂၀၁၈ခုနှစ်၊ စက်တင်ဘာလ (၁၃)ရက်နေ့ မွန်းလွဲပိုင်းတွင် ကျောင်းအုပ်ချုပ်သူများခွင့်ပြုချက်ဖြင့် ကျောင်းအတွင်းဆန္ဒဖော်ထုတ်ကြသည်။

" ပညာရေးကောလိပ်(၁၄) ကျောင်း စုပေါင်းပြီးတော့ ပညာရေးကောလိပ်ကျောင်းသားသမဂ္ဂများ ကွန်ယက်ဆိုပြီး ကိုယ်စားပြုကော်မတီဖွဲ့ထားပါတယ်။ လက်ရှိကောလိပ်မှာ ဖြစ်ပေါ်နေတဲ့ အခက်အခဲတွေ ကို စုပေါင်းဆွေးနွေးပြီးတော့ ကြေညာချက်ထုတ်ခဲ့တယ်။ အဲဒါကို ဆရာအတတ်သင်ပညာဌာနကို စာပို့ခဲ့ ပေမဲ့ အခုထိအကြောင်းပြန်ကြားခြင်းမရှိဘူး။ အဲဒီလိုတုံံ့ပြန်မှု မရှိတဲ့အတွက် ဆန္ဒဖော်ထုတ်ခြင်း ဖြစ်ပါ တယ်"ဟု ဒုတိယနှစ်ကျောင်းသား မောင်ဇော်နိုင်လင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

 ပညာရေးကောလိပ်၌(၂) နှစ် ပညာသင်ကြားပြီးပါက မူလတန်းပြအဖြစ်တာဝန်ထမ်းဆောင်ခွင့်ရပြီး ပညာရေးတက္ကသိုလ် ဆက်လက်တက်ရောက်လိုပါက အဝေးသင်ဘွဲ့ထပ်ယူနေရသဖြင့် စုစုပေါင်း အချိန် (၆)နှစ်ကြာ သင်ကြားနေရသဖြင့် ကောလိပ်မှ တက္ကသိုလ်သို့ ချိတ်ဆက်တက်ရောက်ခွင့် တောင်းဆိုကြခြင်းဖြစ်ကြောင်း သိရသည်။

ဆန္ဒထုတ်ဖေါ်မှုကို မကွေးပညာရေးကောလိပ်၌ ကျောင်းသား၊ကျောင်းသူ(၇၀၀)ဦးခန့်ရှိသည့်အနက် (၂၀၀) ဦးခန့်က ကျောင်းအုပ်ကြီးထံ အသိပေးတင်ပြ၍ လုပ်ဆောင်ကြခြင်းဖြစ်ကြောင်း သိရသည်။

" တောင်းဆိုစရာရှိရင် ဆရာမဆီသာတင်ပေးပါ။ ဆက်လက်တင်ပြပေးမယ်လို့ ပြောပေမဲ့ လူငယ်တွေဆိုတော့ ခဏလေးပါ ဘာမှမဖြစ်စေရပါဘူး ဆိုပြီးလုပ်ကြတာပါ။ ကျောင်းသားတွေ အကုန်လုံးလည်း မလိုက်ကြပါဘူး။ ကျွန်မအနေနဲ့ကတော့  မှတ်တမ်းယူထားပါတယ်"ဟု မကွေးပညာရေးကောလိပ် တာဝန်ခံ ဒု ကျောင်းအုပ် ဆရာ မကြီး ဒေါ်တင်တင်ရီက ပြောသည်။

ပညာရေးကောလိပ်ပေါင်း (၁၄) ကျောင်းမှ ကျောင်းသားသမဂ္ဂများက ကွန်ယက်ဖွဲ့စည်းပြီး အဆိုပါတောင်းဆိုချက်ကို တောင်းဆိုခဲ့ကြပြီး မုံရွာ၊ တောင်ငူနှင့် ထားဝယ်တို့တွင်လည်း ဆန္ဒထုတ်ဖေါ် တောင်းဆိုခဲ့ကြပြီးဖြစ်ကြောင်း သိရသည်။

သတင်း၊ဓါတ်ပုံ #ဖီးနစ်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~