အထက(တာခ်ီလိတ္)ေက်ာင္းသူေက်ာင္းသားေဟာင္းႀကီးမ်ားအဖြဲ႔ ႏွင့္ ပညာဒီပထာဝရအဖြဲ႕တို႔မွ တာခ်ီလိတ္ၿမိဳ႕နယ္အတြင္းရွိ မူလြန္(ရန္ရွင္း)သို႔ သြားေရာက္၍ စာေရးကိရိယာမ်ား ေထာက္ပံ့လွဴဒါန္း

အထက(တာခ်ီလိတ္)ေက်ာင္းသူေက်ာင္းသားေဟာင္းႀကီးမ်ားအဖြဲ႔ ႏွင့္ ပညာဒီပထာဝရအဖြဲ႕တို႔မွ တာခ်ီလိတ္ၿမိဳ႕နယ္အတြင္းရွိ မူလြန္(ရန္ရွင္း)သို႔ သြားေရာက္၍ စာေရးကိရိယာမ်ား ေထာက္ပံ့လွဴဒါန္း
ဇူလိုင် 25, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပုိင္း) တာခ်ီလိတ္ခရိုင္၊ မိုင္းကိုးေက်းရြာအုပ္စု၊ ရန္ရွင္းေက်းရြာရိွ အေျခခံပညာ မူလတန္းလြန္ေက်ာင္းတြင္ ေက်ာင္းသားေက်ာင္းသူမ်ားအတြက္ လိုအပ္သည္မ်ားကို တာခ်ီလိတ္ၿမိဳ႕၏ ၿမိဳ႕မိၿမိဳ႕ဖမ်ား ဖြဲ႕စည္းထားသည့္ ပညာဒီပထာဝရအဖြဲ႕ႏွင့္ အထက(တာခ်ီလိတ္)ေက်ာင္းသူ ေက်ာင္းသား ေဟာင္းႀကီးမ်ားက ၂၀၁၈ ခုႏွစ္၊ ဇူလုိင္လ (၂၅)ရက္ေန႔တြင္ သြားေရာက္လွဴဒါန္းေၾကာင္း သိရသည္။

အဆိုပါ ေက်ာင္းတြင္ ေက်ာင္းသားေက်ာင္းသူမ်ား အတြက္ လိုအပ္ေနလွ်က္ရွိၿပီး စုစုေပါင္းတန္ဖိုး ဘတ္(၃၀,၀၀၀)ေက်ာ္ဖိုးရွိ စာအုပ္ႏွင့္ စာေရးကိရိယာမ်ား၊ အရုပ္မ်ား၊ ကေလးစားစရာမုန္႔မ်ား သြားေရာက္ လွဴဒါန္းခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“စာအုပ္နဲ႔ စာေရး ကိရိယာေတြက မူလတန္းေက်ာင္းသား (၂၃၃)ဦး အတြက္ပဲ လွဴႏုိ္င္တာ။ ဒါေၾကာင့္ က်န္တဲ့ အလယ္တန္းေက်ာင္းသားေတြနဲ႔ ဆရာ၊ဆရာမေတြ စုစုေပါင္း (၃၅၀)အတြက္ကို က်ေတာ့ အထြန္းကုန္စံုဆုိင္က မုိင္လိုဗူး(၃၆၀)၊ ၾကယ္တံခြန္ကုန္စံုဆုိင္က coke (၃၆၀)လွဴတယ္။ ေနာက္ ၾကယ္တံခြန္ကုန္စံုဆိုင္ကပဲ ဆရာ၊ဆရာမ (၁၀)ဦးအတြက္ တစ္ဦးကို ဘတ္(၅၀၀)ႏႈန္း အျပင္ ေက်ာင္းအတြက္ လိုတာသံုးဖို႔ ရန္ပံုေငြ ဘတ္(၁၀,၀၀၀)လွဴတယ္။”ဟု အထက(တာခ်ီလိတ္)ေက်ာင္းသူ ေက်ာင္းသားေဟာင္းႀကီးမ်ားအဖြဲ႔ ဥကၠဌ ဦးတင္၀င္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ပညာဒီပထာဝရအဖြဲ႕သည္ ၂၀၀၃ ခုႏွစ္ကတည္းက တာခ်ီလိတ္ၿမိဳ႕မိၿမိဳ႕ဖမ်ားႏွင့္ ဝန္ထမ္းကုန္း ေက်ာင္းတုိက္ ဆရာေတာ္တို႔၏ မတည္ရင္းႏွီးေငြ က်ပ္(၅၄)သိန္းမွ ႏွစ္စဥ္ဘဏ္တိုးျဖင့္ တာခ်ီလိတ္ခရို္င္ အတြင္းရိွ ေက်းရြာမ်ားမွ ခ်ဳိ႕တဲ့ေက်ာင္းမ်ားတြင္ ႏွစ္စဥ္ အလွည့္က် လွဴဒါန္းေပးေနျခင္းျဖစ္ေၾကာင္း သိရၿပီး ယခုႏွစ္တြင္ ဘဏ္တိုးရရိွေငြ ဘတ္(၁၀,၀၀၀)အျပင္ အထက တာခ်ီလိတ္ေက်ာင္းသူ ေက်ာင္းသား ေဟာင္းႀကီးမ်ားကလည္း ထည့္ဝင္လွဴဒါန္းခဲ့ျခင္းျဖစ္သည္။

ၿပီးခဲ့သည့္ ၂၀၁၇ ခုႏွစ္က တာခ်ီလိတ္ခရိုင္အတြင္း ပန္အန္မူလတန္းေက်ာင္းရိွ ေက်ာင္းသား၊ ေက်ာင္းသူ (၇၄) ဦးကို သြားေရာက္လွဴဒါန္းခဲ့ျခင္းျဖစ္သည္။

Tachileik News Agency
ဓါတ္ပံု - ေဇာင္းညီ



 


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ မိုင်းကိုးကျေးရွာအုပ်စု၊ ရန်ရှင်းကျေးရွာရှိ အခြေခံပညာ မူလတန်းလွန်ကျောင်းတွင် ကျောင်းသားကျောင်းသူများအတွက် လိုအပ်သည်များကို တာချီလိတ်မြို့၏ မြို့မိမြို့ဖများ ဖွဲ့စည်းထားသည့် ပညာဒီပထာဝရအဖွဲ့နှင့် အထက(တာချီလိတ်)ကျောင်းသူ ကျောင်းသား ဟောင်းကြီးများက ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ (၂၅)ရက်နေ့တွင် သွားရောက်လှူဒါန်းကြောင်း သိရသည်။

အဆိုပါ ကျောင်းတွင် ကျောင်းသားကျောင်းသူများ အတွက် လိုအပ်နေလျှက်ရှိပြီး စုစုပေါင်းတန်ဖိုး ဘတ်(၃၀,ဝဝဝ)ကျော်ဖိုးရှိ စာအုပ်နှင့် စာရေးကိရိယာများ၊ အရုပ်များ၊ ကလေးစားစရာမုန့်များ သွားရောက် လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“စာအုပ်နဲ့ စာရေး ကိရိယာတွေက မူလတန်းကျောင်းသား (၂၃၃)ဦး အတွက်ပဲ လှူနို်င်တာ။ ဒါကြောင့် ကျန်တဲ့ အလယ်တန်းကျောင်းသားတွေနဲ့ ဆရာ၊ဆရာမတွေ စုစုပေါင်း (၃၅၀)အတွက်ကို ကျတော့ အထွန်းကုန်စုံဆိုင်က မိုင်လိုဗူး(၃၆၀)၊ ကြယ်တံခွန်ကုန်စုံဆိုင်က coke (၃၆၀)လှူတယ်။ နောက် ကြယ်တံခွန်ကုန်စုံဆိုင်ကပဲ ဆရာ၊ဆရာမ (၁၀)ဦးအတွက် တစ်ဦးကို ဘတ်(၅၀၀)နှုန်း အပြင် ကျောင်းအတွက် လိုတာသုံးဖို့ ရန်ပုံငွေ ဘတ်(၁၀,ဝဝဝ)လှူတယ်။”ဟု အထက(တာချီလိတ်)ကျောင်းသူ ကျောင်းသားဟောင်းကြီးများအဖွဲ့ ဥက္ကဌ ဦးတင်ဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ပညာဒီပထာဝရအဖွဲ့သည် ၂၀၀၃ ခုနှစ်ကတည်းက တာချီလိတ်မြို့မိမြို့ဖများနှင့် ဝန်ထမ်းကုန်း ကျောင်းတိုက် ဆရာတော်တို့၏ မတည်ရင်းနှီးငွေ ကျပ်(၅၄)သိန်းမှ နှစ်စဉ်ဘဏ်တိုးဖြင့် တာချီလိတ်ခရို်င် အတွင်းရှိ ကျေးရွာများမှ ချို့တဲ့ကျောင်းများတွင် နှစ်စဉ် အလှည့်ကျ လှူဒါန်းပေးနခြေင်းဖြစ်ကြောင်း သိရပြီး ယခုနှစ်တွင် ဘဏ်တိုးရရှိငွေ ဘတ်(၁၀,ဝဝဝ)အပြင် အထက တာချီလိတ်ကျောင်းသူ ကျောင်းသား ဟောင်းကြီးများကလည်း ထည့်ဝင်လှူဒါန်းခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်က တာချီလိတ်ခရိုင်အတွင်း ပန်အန်မူလတန်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူ (၇၄) ဦးကို သွားရောက်လှူဒါန်းခဲ့ခြင်းဖြစ်သည်။

Tachileik News Agency
ဓာတ်ပုံ - ဇောင်းညီ

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~