တာခ်ီလိတ္တြင္ ၂၀၁၈ခုႏွစ္၏ ေႏြရာသီ အခမဲ့ ၾကက္ေတာင္သင္တန္း ၿပီးေျမာက္

တာခ်ီလိတ္တြင္ ၂၀၁၈ခုႏွစ္၏ ေႏြရာသီ အခမဲ့ ၾကက္ေတာင္သင္တန္း ၿပီးေျမာက္
ဧပြီ 30, 2018
By Tachileik News Agency

တာခ်ီလိတ္ၿမိဳ႕နယ္ အားကစားႏွင့္ကာယပညာဦးစီးဌာန၊ ၾကက္ေတာင္ဆပ္ေကာ္မတီႏွင့္ တာခ်ီလိတ္ၿမဳိ႕နယ္ အားကစားအေထာက္အကူျပဳေကာ္မတီ အပါအ၀င္ ေစတနာရွင္မ်ား  ပူးေပါင္း ဖြင့္လွစ္သည့္ ေႏြရာသီ အခမဲ့ ၾကက္ေတာင္သင္တန္း၏ သင္တန္းဆင္းပြဲႏွင့္ ဆုေပးပြဲအား  ၂၀၁၈ခုႏွစ္ ဧၿပီလ (၃၀)ရက္ေန႔ နံနက္က က်င္းပျပဳလုပ္ၿပီး အားကစားသမား(၁၈)ဦးအား ဆုမ်ား ေပးအပ္ ခ်ီးျမႇင့္လိုက္ေၾကာင္း သိသည္။

ေႏြရာသီ အခမဲ့ ၾကက္ေတာင္သင္တန္းအား ၂၀၁၈ခုႏွစ္ ဧၿပီလ(၁)ရက္ေန႔က စတင္ခဲ့ၿပီး ဧၿပီလ(၂၉)ရက္ေန႔တြင္ သင္တန္းႏွင့္ၿပိဳင္ပြဲ ၿပီးေျမာက္ကာ ဧၿပီလ(၃၀)ရက္ေန႔ နံနက္ပို္င္းတြင္ သင္တန္းဆင္းပြဲႏွင့္ ဆုေပးပြဲအား တာခ်ီလိတ္ခရိုင္အားကစားရံု၌ ျပဳလုပ္ျခင္း ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ သင္တန္းသို႔ အမ်ဳိးသား(၂၀)ဦး ႏွင့္ အမ်ဳိးသား(၁၀)ဦး စုစုေပါင္း (၃၀)ဦး တက္ေရာက္ခဲ့ၾကရာ နည္းျပခ်ဳပ္ ဦးစိုင္းေဇာ္မိုး အပါအ၀င္ (၆)ဦးမွ ေလ့က်င့္သင္ၾကားျပသေပးခဲ့ျခင္းျဖစ္ၿပီး သင္တန္းမွတဆင့္ ၿပိဳင္ပြဲျပဳလုပ္ေပးရာ ၿပိဳင္ပြဲထဲမွ ဆုရရွိသူ (၁၈)ဦးအား  ၾကက္ေတာင္ဆပ္ေကာ္မတီႏွင့္ တာခ်ီလိတ္ၿမဳိ႕ အားကစားအေထာက္အကူျပဳေကာ္မတီ တို႔မွ တာ၀န္ရွိသူမ်ားက ဆုမ်ားေပးအပ္ခ်ီးျမႇင့္ျခင္း ျဖစ္ေၾကာင္း သိရသည္။

သင္တန္းျဖစ္ေျမာက္ရန္အတြက္ တာခ်ီလိတ္ၿမိဳ႕နယ္ အားကစားႏွင့္ကာယပညာဦးစီးဌာန၊ ၾကက္ေတာင္ ဆပ္ေကာ္မတီႏွင့္ တာခ်ီလိတ္ၿမဳိ႕နယ္အားကစားအေထာက္အကူျပဳေကာ္မတီ အပါအ၀င္ ေစတနာရွင္မ်ား  ပူးေပါင္း၍ ဖြင့္လွစ္ျခင္းျဖစ္ၿပီး ႏွစ္စဥ္ဖြင့္လွစ္ႏိုင္ရန္အတြက္ ပံ့ပိုးသူမ်ား၏ အကူအညီမ်ား လိုအပ္ေၾကာင္း သိရသည္။

"အခုလို သင္တန္းကို ႏွစ္စဥ္ေတာ့ လုပ္ျဖစ္ပါတယ္၊ ဒါေပမဲ့ သင္တန္းျဖစ္ေျမာက္ရန္အတြက္ ေစတနာရွင္မ်ားရဲ႕ ပံ့ပိုးကူညီမႈလည္း အထူးလိုအပ္ပါတယ္"ဟု  ၾကက္ေတာင္ဆပ္ေကာ္မတီမွ နည္းျပ ဦးစိုင္းေဇာ္မိုးက ေျပာသည္။

ယခုသင္တန္းတြင္ ျမန္မာ့လက္ေရြးစင္အျဖစ္ ေရြးခ်ယ္ခံရသူ အမ်ဳိးသား(၂)ဦး ႏွင့္ က်ဳိင္းတံုၿပိဳင္ပြဲမ်ားတြင္ ဆုရရွိသူမ်ား ပါ၀င္ေၾကာင္း သိရသည္။

ဓါတ္ပံု - ေဇာင္းညီ




~~~~~~~~⊰❂ unicode ~~~~~~~~

တာချီလိတ်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန၊ ကြက်တောင်ဆပ်ကော်မတီနှင့် တာချီလိတ်မြို့နယ် အားကစားအထောက်အကူပြုကော်မတီ အပါအဝင် စေတနာရှင်များ ပူးပေါင်း ဖွင့်လှစ်သည့် နွေရာသီ အခမဲ့ ကြက်တောင်သင်တန်း၏ သင်တန်းဆင်းပွဲနှင့် ဆုပေးပွဲအား ၂၀၁၈ခုနှစ် ဧပြီလ (၃၀)ရက်နေ့ နံနက်က ကျင်းပပြုလုပ်ပြီး အားကစားသမား(၁၈)ဦးအား ဆုများ ပေးအပ် ချီးမြှင့်လိုက်ကြောင်း သိသည်။

နွေရာသီ အခမဲ့ ကြက်တောင်သင်တန်းအား ၂၀၁၈ခုနှစ် ဧပြီလ(၁)ရက်နေ့က စတင်ခဲ့ပြီး ဧပြီလ(၂၉)ရက်နေ့တွင် သင်တန်းနှင့်ပြိုင်ပွဲ ပြီးမြောက်ကာ ဧပြီလ(၃၀)ရက်နေ့ နံနက်ပို်င်းတွင် သင်တန်းဆင်းပွဲနှင့် ဆုပေးပွဲအား တာချီလိတ်ခရိုင်အားကစားရုံ၌ ပြုလုပ်ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ သင်တန်းသို့ အမျိုးသား(၂၀)ဦး နှင့် အမျိုးသား(၁၀)ဦး စုစုပေါင်း (၃၀)ဦး တက်ရောက်ခဲ့ကြရာ နည်းပြချုပ် ဦးစိုင်းဇော်မိုး အပါအဝင် (၆)ဦးမှ လေ့ကျင့်သင်ကြားပြသပေးခဲ့ခြင်းဖြစ်ပြီး သင်တန်းမှတဆင့် ပြိုင်ပွဲပြုလုပ်ပေးရာ ပြိုင်ပွဲထဲမှ ဆုရရှိသူ (၁၈)ဦးအား ကြက်တောင်ဆပ်ကော်မတီနှင့် တာချီလိတ်မြို့ အားကစားအထောက်အကူပြုကော်မတီ တို့မှ တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ခြင်း ဖြစ်ကြောင်း သိရသည်။

သင်တန်းဖြစ်မြောက်ရန်အတွက် တာချီလိတ်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန၊ ကြက်တောင် ဆပ်ကော်မတီနှင့် တာချီလိတ်မြို့နယ်အားကစားအထောက်အကူပြုကော်မတီ အပါအဝင် စေတနာရှင်များ ပူးပေါင်း၍ ဖွင့်လှစ်ခြင်းဖြစ်ပြီး နှစ်စဉ်ဖွင့်လှစ်နိုင်ရန်အတွက် ပံ့ပိုးသူများ၏ အကူအညီများ လိုအပ်ကြောင်း သိရသည်။

"အခုလို သင်တန်းကို နှစ်စဉ်တော့ လုပ်ဖြစ်ပါတယ်၊ ဒါပေမဲ့ သင်တန်းဖြစ်မြောက်ရန်အတွက် စေတနာရှင်များရဲ့ ပံ့ပိုးကူညီမှုလည်း အထူးလိုအပ်ပါတယ်"ဟု ကြက်တောင်ဆပ်ကော်မတီမှ နည်းပြ ဦးစိုင်းဇော်မိုးက ပြောသည်။

ယခုသင်တန်းတွင် မြန်မာ့လက်ရွေးစင်အဖြစ် ရွေးချယ်ခံရသူ အမျိုးသား(၂)ဦး နှင့် ကျိုင်းတုံပြိုင်ပွဲများတွင် ဆုရရှိသူများ ပါဝင်ကြောင်း သိရသည်။

ဓာတ်ပုံ - ဇောင်းညီ

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~