တံတားရေလယ်တိုင်ကျိုးကျနေ၍ အောင်ပန်း - သာစည် ရထားလမ်းပိုင်း လှိုင်းတက်အထိသာပြေးဆွဲ
တံတားရေလယ်တိုင်ကျိုးကျနေ၍ အောင်ပန်း - သာစည် ရထားလမ်းပိုင်း လှိုင်းတက်အထိသာပြေးဆွဲ
နိုဝငျဘာ 21, 2016
By Tachileik News Agency
လက်ရှိတွင် ရထားလက်မှတ်များကိုလည်း လှိုင်းတက်အထိသာ ရောင်းချပေးနေလျှက်ရှိပြီး ရန်ကုန်-မန္တလေးသို့ ဆက်သွားမည့်သူများမှာ လိုင်းတက်ဘူတာမှ သာစည်ဘူတာသို့ ကားဖြင့် တစ်ဆင့် သွားရောက်ရမည်ဖြစ်ကာ တံတားပြင်ဆင်နိုင်ရန်အတွက်လည်း ရေတက်နေမှုကြောင့် လုပ်ကိုင်နိုင်ခြင်းမရှိသေးသည့် အတွက် မည်သည့် အချိန်တွင် ပြီးစီးမည်ကို မသိနိုင်သေးကြောင်း သိရသည်။
မြန်မာ့မီးရထားအနေဖြင့် လှိုင်းတက် - ရပ်စောက်၊ လှိုင်းတက် - လွိုင်ကော်၊ အောင်ပန်း - လှိုင်းတက်တို့ ပြေးဆွဲပေးနေလျှက်ရှိပြီး ယခင်ပြေးဆွဲပေးခဲ့သော ရွှေညောင် - ရန်ကုန် ခရီးစဉ်နှင့် ရန်ကုန် - ရပ်စောက် ခရီးစဉ်နှစ်ခုမှာ လမ်းပိုင်းတူညီခြင်း၊ ခရီးသည်မရရှိခြင်းတို့ကြောင့် ခရီးစဉ်တစ်ခုအဖြစ်သာ ပြေးဆွဲ ပေးလျှက်ရှိကြောင်း သိရသည်။
သတင်း - ရွှေဇော်
 ဓာတ်ပုံ -  ဂျီကျ ဦးကိုကို
~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်းမှ မန္တလေးတိုင်းဒေသကြီး သာစည်သို့ ပြေးဆွဲနေသည့် ရထားခရီးစဉ် လမ်းပိုင်းရှိ လှိုင်းတက်ဘူတာ တံတားရေလယ်တိုင်ကျိုးကျပျက်စီးနေမှုကို ပြင်ဆင်နေရ၍ အောင်ပန်း-သာစည် ရထားလမ်းပိုင်းခရီးစဉ်အား လှိုင်းတက်ဘူတာအထိသာ ပြေးဆွဲပေးလျှက်ရှိကြောင်း သိရသည်။
အောင်ပန်း - သာစည်ရထားလမ်းပိုင်း သာစည်ဘူတာနှင့် လှိုင်းတက်ဘူတာအကြားရှိ တံတားနံပါတ် (၂၈)မှာ ရေတိုက်စားမှုကြောင့် ရေလယ်တိုင်အမှတ် (၅) မှာ နိုဝင်ဘာလ (၉) ရက်နေ့တွင် တိမ်းစောင်းသွားခဲ့ပြီး နိုဝင်ဘာလ (၁၁) ရက်နေ့ ည (၁၁) နာရီတွင် ပျက်စီးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“(၉) ရက်နေ့မှာ ရေလယ်တိုင်စောင်းသွားတဲ့အတွက် ခရီးသည်တွေကို တံတားထိပ်ကပဲ ချိန်းပေးခဲ့တယ်။ (၁၀)ရက်နေ့လည်း ဒီအတိုင်းလုပ်ပေးခဲ့တယ်။ (၁၁) ရက်နေ့ကျတော့ ခရီးဖင့်တဲ့အတွက် လှိုင်းတက်အထိပဲ ဆွဲပေးတယ်။ လိူင်းတက်ဘူတာကနေ သာစည်ကိုကားပြန်စီးပေါ့ မေဝးဘူး။ တံတားကျော်ရင် သာစည်ဘူတာ ရောက်ပြီလေ” ဟု အောင်ပန်းဘူတာ ပထမတန်းရုံပိုင်ကြီး ဦးစိန်မြင့်က ပြောသည်။
လက်ရှိတွင် ရထားလက်မှတ်များကိုလည်း လှိုင်းတက်အထိသာ ရောင်းချပေးနေလျှက်ရှိပြီး ရန်ကုန်-မန္တလေးသို့ ဆက်သွားမည့်သူများမှာ လိူင်းတက်ဘူတာမှ သာစည်ဘူတာသို့ ကားဖြင့် တစ်ဆင့် သွားရောက်ရမည်ဖြစ်ကာ တံတားပြင်ဆင်နိုင်ရန်အတွက်လည်း ရေတက်နေမှုကြောင့် လုပ်ကိုင်နိုင်ခြင်းမရှိသေးသည့် အတွက် မည်သည့် အချိန်တွင် ပြီးစီးမည်ကို မသိနိုင်သေးကြောင်း သိရသည်။
“လှိုင်းတက်နဲ့သာစည်ဘူတာက မေဝးဘူး ခရီးကြန့်ကြာမှု မရှိဘူးဆိုပေမဲ့ ရထားစီးရတဲ့သူတွေအတွက် ခါတိုင်း တစ်ဆက်တည်းသွားနေရာက အခုလှိုင်းတက်မှာဆင်း သာစည်ကိုကားပြန်စီးရတော့ စိတ်အနှောင့်အယှက် တော့ဖြစ်တာပေါ့။ ဒါပေမဲ့ တံတားကျိုးတာ ကြိုသိခဲ့တဲ့အတွက် ခရီးသည်တွေ အန္တရာယ်တော့ကင်းခဲ့တယ်”ဟု အောင်ပန်းမြို့နေ ကိုအောင်အောင်က ပြောသည်။
မြန်မာ့မီးရထားအနဖြေင့် လှိုင်းတက် - ရပ်စောက်၊ လှိုင်းတက် - လွိုင်ကော်၊ အောင်ပန်း - လှိုင်းတက်တို့ ပြေးဆွဲပေးနေလျှက်ရှိပြီး ယခင်ပြေးဆွဲပေးခဲ့သော ရွှေညောင် - ရန်ကုန် ခရီးစဉ်နှင့် ရန်ကုန် - ရပ်စောက် ခရီးစဉ်နှစ်ခုမှာ လမ်းပိုင်းတူညီခြင်း၊ ခရီးသည်မရရှိခြင်းတို့ကြောင့် ခရီးစဉ်တစ်ခုအဖြစ်သာ ပြေးဆွဲ ပေးလျှက်ရှိကြောင်း သိရသည်။
အောင်ပန်း - လှိုင်းတက်ခရီးစဉ်များအတွက် နေ့စဉ် ရထားနှစ်စီးဖြင့် အစုန်အဆန် (၄) ခေါက် ပြေးဆွဲပေးနေလျှက် ရှိကြောင်း သိရသည်။
သတင်း - ရွှေဇော်
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~