ေဒသဖြံ႔ၿဖိဳးေရး ပိုမိုေဆာင္ရြက္ႏိုင္ရန္ အခြန္စနစ္တက် ေပးေဆာင္ေရး ကယားျပည္နယ္ဝန္ႀကီးခ်ဳပ္ တိုက္တြန္း

ေဒသဖြံ႔ၿဖိဳးေရး ပိုမိုေဆာင္ရြက္ႏိုင္ရန္ အခြန္စနစ္တက် ေပးေဆာင္ေရး ကယားျပည္နယ္ဝန္ႀကီးခ်ဳပ္ တိုက္တြန္း
အောက်တိုဘာ 7, 2016
By Tachileik News Agency

ျပည္နယ္အစုိးရတစ္ရပ္အေနျဖင့္ အခြန္ႏွင့္ရပ္တည္ေနရသည့္အတြက္ ျပည္သူမ်ား၏ အခြန္ ေပးေဆာင္မႈသည္ ျပည္နယ္တြင္း ဖြံ႕ၿဖိဳးေရးလုပ္ငန္းမ်ား ထိေရာက္စြာ ေဆာင္ရြက္ႏုိင္ေရးမွ အဓိက အေရးပါေၾကာင္း ကယားျပည္နယ္ဝန္ႀကီးခ်ဳပ္က ေျပာၾကားလုိက္သည္။

"ျပည္သူေတြ အခြန္ထည့္ဝင္ျခင္းမရွိဘူးဆိုရင္ ကၽြန္ေတာ္တို႔ ဖြံ႕ၿဖိဳးေရးလုပ္ငန္းမ်ား ေဆာင္ရြက္ရာမွာ အားနည္းမွာ ျဖစ္ပါတယ္။ ျပည္သူေတြကလည္း ေဆာင္သင့္ ေဆာင္ထိုက္တဲ့ အခြန္ေတြကို စနစ္တက် ေဆာင္ႏိုင္ဖို႔အတြက္ နည္းမွန္လမ္းမွန္နဲ႔ အခြန္ေတြ ေပးဖို႔လိုပါတယ္။ ဘာလို႔လဲဆုိ ဒီအခြန္ေတြေပၚ မူတည္ၿပီး ျပည္သူ႔အက်ိဳးကို ျပန္လုပ္ရတာ။ ဒါေၾကာင့္ ထည့္ဝင္ေပးၾကပါ "ဟု ကယားျပည္နယ္ဝန္ႀကီးခ်ဳပ္ ဦးအယ္လ္ေဖာင္းရႈိက ေျပာသည္။

ျပည္နယ္ဝန္ႀကီးခ်ဳပ္က ေအာက္တိုဘာလ (၃) ရက္တြင္ ျပည္သူမ်ားနွင့္ ေတြ႔ဆံုစဥ္ ယင္းကဲ့သို႔ တုိက္တြန္းလိုက္ျခင္းျဖစ္သည္။

"ေျမခြန္တို႔ ဘာတို႔လာေကာက္ရင္ တခ်ိဳ႕ေနရာေတြက ပိုေပးရတယ္။ တခ်ိဳ႕ေနေတြက ပိုမေပးရဘူး။ အဲဒီလိုမ်ိဳးေတြေပါ့။ မမွန္ဘူး။ ေအာက္ေျခဝန္ထမ္းေတြက ပိုေကာက္တာေတြ ရွိတယ္။ သတ္မွတ္ထားတဲ့ ႏႈန္းေတြ ေျပာျပၿပီး အဲဒီလို ေကာက္ခံတာမ်ိဳးဆို ကၽြန္ေတာ္တို႔လည္း ေပးေပ်ာ္ပါတယ္"ဟု ေထးငွားလ်ားရြာသားတစ္ဦးက ဆိုသည္။

ျပည္သူမ်ားအေနျဖင့္ အခြန္ေပးေဆာင္ရာတြင္ သတ္မွတ္ႏႈန္းထားမ်ားထက္ ပိုမိုေကာက္ခံျခင္းမ်ား ရိွေနသည္ဟု ေထးငွားလ်ားေက်းရြာသားအခ်ိဳ႕က ဆိုသည္။

"အဓိကက အခြန္နဲ႔ပတ္သက္ၿပီး ဆိုင္ရာဌာေတြက ျပည္သူေတြကို အသိပညာေပးဖို႔ အားနည္းေနတာ ခုကစၿပီး လုပ္ၾကပါ။ ျပည္သူေတြကို ဘယ္လို အသိပညာေပးမလဲ မွန္ကန္တဲ့ အခြန္ေကာက္ခံျခင္းမ်ိဳးေတြ ျဖစ္ဖို႔ ဘယ္လို လုပ္ေဆာင္ရမလဲဆိုတာ တာဝန္ရွိသူေတြက အျမန္ဆုံး ေျဖရွင္းလုပ္ေဆာင္ေပးပါ။ မလုပ္ဘူးဆို ကၽြန္ေတာ္ အေရးယူပါ့မယ္"ဟု ကယားျပည္နယ္ဝန္ႀကီးခ်ဳပ္က ေျပာသည္။

လက္ရွိ၌ အခြန္ေကာက္ခံသည့္ အေျခအေနတြြင္ အားနည္းခ်က္မ်ားရွိေနၿပီး အခြန္ေကာက္ျခင္း လုပ္ထုံးလုပ္နည္း မ်ားကို ျပည္သူမ်ားအား အသိပညာေပးမႈ ထင္သာျမင္သာ လုပ္ေဆာင္ေပးရန္ လိုေနေသးသည္ဟု ဝန္ႀကီးခ်ဳပ္က ဆိုသည္။

သတင္း - ဆန္းၿဖဳိးထြန္း

~~~~~~~~⊰❂ unicode ~~~~~~~~

ပြည်နယ်အစိုးရတစ်ရပ်အနဖြေင့် အခွန်နှင့်ရပ်တည်နေရသည့်အတွက် ပြည်သူများ၏ အခွန် ပေးဆောင်မှုသည် ပြည်နယ်တွင်း ဖွံ့ဖြိုးရေးလုပ်ငန်းများ ထိရောက်စွာ ဆောင်ရွက်နိုင်ရေးမှ အဓိက အရေးပါကြောင်း ကယားပြည်နယ်ဝန်ကြီးချုပ်က ပြောကြားလိုက်သည်။

"ပြည်သူတွေ အခွန်ထည့်ဝင်ခြင်းမရှိဘူးဆိုရင် ကျွန်တော်တို့ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာမှာ အားနည်းမှာ ဖြစ်ပါတယ်။ ပြည်သူတွေကလည်း ဆောင်သင့် ဆောင်ထိုက်တဲ့ အခွန်တွေကို စနစ်တကျ ဆောင်နိုင်ဖို့အတွက် နည်းမှန်လမ်းမှန်နဲ့ အခွန်တွေ ပေးဖို့လိုပါတယ်။ ဘာလို့လဲဆို ဒီအခွန်တွေပေါ် မူတည်ပြီး ပြည်သူ့အကျိုးကို ပြန်လုပ်ရတာ။ ဒါကြောင့် ထည့်ဝင်ပေးကြပါ "ဟု ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက ပြောသည်။

ပြည်နယ်ဝန်ကြီးချုပ်က အောက်တိုဘာလ (၃) ရက်တွင် ပြည်သူများနှင့် တွေ့ဆုံစဉ် ယင်းကဲ့သို့ တိုက်တွန်းလိုက်ခြင်းဖြစ်သည်။

"မြေခွန်တို့ ဘာတို့လာကောက်ရင် တချို့နေရာတွေက ပိုပေးရတယ်။ တချို့နေတွေက ပိုမပေးရဘူး။ အဲဒီလိုမျိုးတွေပေါ့။ မမှန်ဘူး။ အောက်ခြေဝန်ထမ်းတွေက ပိုကောက်တာတွေ ရှိတယ်။ သတ်မှတ်ထားတဲ့ နှုန်းတွေ ပြောပြပြီး အဲဒီလို ကောက်ခံတာမျိုးဆို ကျွန်တော်တို့လည်း ပေးပျော်ပါတယ်"ဟု ထေးငှါးလျားရွာသားတစ်ဦးက ဆိုသည်။

ပြည်သူများအနဖြေင့် အခွန်ပေးဆောင်ရာတွင် သတ်မှတ်နှုန်းထားများထက် ပိုမိုကောက်ခံခြင်းများ ရှိနေသည်ဟု ထေးငှါးလျားကျေးရွာသားအချို့က ဆိုသည်။

"အဓိကက အခွန်နဲ့ပတ်သက်ပြီး ဆိုင်ရာဌာတွေက ပြည်သူတွေကို အသိပညာပေးဖို့ အားနည်းနေတာ ခုကစပြီး လုပ်ကြပါ။ ပြည်သူတွေကို ဘယ်လို အသိပညာပေးမလဲ မှန်ကန်တဲ့ အခွန်ကောက်ခံခြင်းမျိုးတွေ ဖြစ်ဖို့ ဘယ်လို လုပ်ဆောင်ရမလဲဆိုတာ တာဝန်ရှိသူတွေက အမြန်ဆုံး ဖြေရှင်းလုပ်ဆောင်ပေးပါ။ မလုပ်ဘူးဆို ကျွန်တော် အရေးယူပါ့မယ်"ဟု ကယားပြည်နယ်ဝန်ကြီးချုပ်က ပြောသည်။

လက်ရှိ၌ အခွန်ကောက်ခံသည့် အခြေအနေတွင် အားနည်းချက်များရှိနပြေီး အခွန်ကောက်ခြင်း လုပ်ထုံးလုပ်နည်း များကို ပြည်သူများအား အသိပညာပေးမှု ထင်သာမြင်သာ လုပ်ဆောင်ပေးရန် လိုနေသေးသည်ဟု ဝန်ကြီးချုပ်က ဆိုသည်။

သတင်း - ဆန်းဖြိုးထွန်း 

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~