စက်တင်ဘာလအတွင်း တာချီလိတ်နယ်စပ် တံတား(၁)တွင် တစ်နိုင်တစ်ပိုင် တင်သွင်းမှုမှ ပြည်နယ်အစိုးရ ရန်ပုံငွေ ကျပ် ၃၃၅ သိန်းကျော်ရရှိ

စက်တင်ဘာလအတွင်း တာချီလိတ်နယ်စပ် တံတား(၁)တွင် တစ်နိုင်တစ်ပိုင် တင်သွင်းမှုမှ ပြည်နယ်အစိုးရ ရန်ပုံငွေ ကျပ် ၃၃၅ သိန်းကျော်ရရှိ
အောကျတိုဘာ 2, 2016
By Tachileik News Agency
( သေချာကြည့်လိုပါက နိပ်ပါ )
နယ်စပ်ဂိတ်များအနက် ရှမ်းပြည်နယ်တစ်ခုတည်းတွင်သာ တစ်နိုင်တစ်ပိုင်ကုန်စည်တင်သွင်းမှုအပေါ် ရန်ပုံငွေ သုံးရာခိုင်နှုန်းကောက်ခံခြင်းကို ကျင့်သုံးနေခြင်းဖြစ်ကြောင်း တာချီလိတ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ သိရသည်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ(၂၅၄-ဃ) ဇယားအမှတ်(၅)အရ ပြည်နယ်အစိုးရ၏ ရန်ပုံငွေအတွက် တာချီလိတ်မြို့ မြန်မာ - ထိုင်း ချစ်ကြည်ရေးအမှတ်(၁) တံတားတွင် တစ်နိုင်တစ်ပိုင်တင်သွင်းမှုအပေါ် ရှမ်းပြည်နယ်အစိုးရရန်ပုံငွေအဖြစ် သုံးရာခိုင်နှုန်း ကောက်ခံရန် ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ (၁၅)ရက် နေ့လယ်(၁)နာရီက ပြည်ထောင်စု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနရုံးတွင် ပြည်ထောင်စုဝန်ကြီး ဦးဆောင်၍ သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်းဒေသကြီးတို့မှ အစိုးရအဖွဲ့များ၊ ဌာနဆိုင်ရာများနှင့် ညှိနှိုင်းဆွေးနွေးဆုံးဖြတ်လိုက်ခြင်းဖြစ်ကြောင်း ယင်းအစည်းအဝေး မှတ်တမ်းအရ သိရသည်။
~~~~~~~~⊰❂ unicode ~~~~~~~~

ထိုင်းနိုင်ငံနယ်စပ် ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့ ချစ်ကြည်ရေးတံတားအမှတ် (၁)မှ တင်သွင်း လာသည့် တစ်နိုင်တစ်ပိုင်ကုန်စည်များအပေါ် ရှမ်းပြည်နယ်အစိုးရ ရန်ပုံငွေအဖြစ် တင်သွင်းကုန်တန်ဖိုး၏ သုံးရာခိုင်နှုန်းကောက်ခံမှုမှ စက်တင်ဘာလအတွင်း ကျပ် (၃၃၅) သိန်းကျော် ရရှိကြောင်း သိရသည်။

ဒေသတွင်း အသုံးပြုရန်အတွက် တစ်ဖက်ထိုင်းနိုင်ငံမှ ကုန်စည် (၁၄၆)မျိုးအား တစ်နိုင်တစ်ပိုင် ကုန်စည်တင်သွင်းခွင့်အဖြစ် လူတစ်ဦးကို တစ်ကြိမ်လျှင် ကုန်စည်တင်သွင်းမှု တန်ဖိုးကျပ် (၁၀)သိန်းအောက်ကို တင်သွင်းခွင့်ပြုထားခြင်း ဖြစ်ကြောင်း တာချီလိတ်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

နယ်စပ်ဂိတ်များအနက် ရှမ်းပြည်နယ်တစ်ခုတည်းတွင်သာ တစ်နိုင်တစ်ပိုင်ကုန်စည်တင်သွင်းမှုအပေါ် ရန်ပုံငွေ သုံးရာခိုင်နှုန်းကောက်ခံခြင်းကို ကျင့်သုံးနခြေင်းဖြစ်ကြောင်း တာချီလိတ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ သိရသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ(၂၅၄-ဃ) ဇယားအမှတ်(၅)အရ ပြည်နယ်အစိုးရ၏ ရန်ပုံငွေအတွက် တာချီလိတ်မြို့ မြန်မာ - ထိုင်း ချစ်ကြည်ရေးအမှတ်(၁) တံတားတွင် တစ်နိုင်တစ်ပိုင်တင်သွင်းမှုအပေါ် ရှမ်းပြည်နယ်အစိုးရရန်ပုံငွေအဖြစ် သုံးရာခိုင်နှုန်း ကောက်ခံရန် ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ (၁၅)ရက် နေ့လယ်(၁)နာရီက ပြည်ထောင်စု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနရုံးတွင် ပြည်ထောင်စုဝန်ကြီး ဦးဆောင်၍ သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်းဒေသကြီးတို့မှ အစိုးရအဖွဲ့များ၊ ဌာနဆိုင်ရာများနှင့် ညှိနှိုင်းဆွေးနွေးဆုံးဖြတ်လိုက်ခြင်းဖြစ်ကြောင်း ယင်းအစည်းအေဝး မှတ်တမ်းအရ သိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~