တာချီလိတ်တွင် အောင်ဘာလေထီရောင်းချလိုသူများ စက်တင်ဘာလ(၂၀)ရက်နေ့ နောက်ဆုံးထား စာရင်းပေးသွင်းရမည်

တာချီလိတ်တွင် အောင်ဘာလေထီရောင်းချလိုသူများ စက်တင်ဘာလ(၂၀)ရက်နေ့ နောက်ဆုံးထား စာရင်းပေးသွင်းရမည်
စကျတငျဘာ 16, 2016
By Tachileik News Agency

တာချီလိတ်မြို့နယ်အတွင်း ကျပ်(၅၀၀)တန် အောင်ဘာလေထီလက်မှတ် ၀ယ်ယူ၍ ပြန်လည် ရောင်းချ လိုသူများ အနေဖြင့် တာချီလိတ်မြို့နယ်အခွန်များဦးစီးဌာနမှူးရုံးသို့ စက်တင်ဘာလ (၂၀)ရက်နေ့ နောက်ဆုံးထားကာ စာရင်းပေးသွင်း လျှောက်ထားနိုင်ပြီဖြစ်ကြောင်း သိရသည်။


တစ်စောင်လျှင် ကျပ်(၅၀၀)တန် အောင်ဘာလေထီအား ၂၀၁၇ ခုနှစ် မတ်လတွင် စတင် ရောင်းချ ပေးမည်ဖြစ်ပြီး ရောင်းချလိုသူများ၏ အမည်စာရင်းအား ကောက်ခံခြင်း ဖြစ်ကြောင်း၊ ထီလက်မှတ် တစ်အုပ်လျှင် ကျပ်(၅၀၀၀)ကျသင့်မည်ဖြစ်ပြီး (၁၁)စောင်ပါဝင်သည့်အတွက် ထီရောင်းချသူအား အမြတ်ငွေ(၅၀၀)ပေးအပ်ပြီးဖြစ်သည့် အတွက် ဥပဒေအရ ဈေးမြှင့်တင်ရောင်းချခွင့် ပေးထားခြင်း မရှိကြောင်း နှင့် အမည်စာရင်းလျှောက်ထားသူအနေဖြင့် မှတ်ပုံတင်မူရင်း/မိတ္တူနှင့် အိမ်ထောင်စုစာရင်း မူရင်း/မိတ္တူနှင့်အတူ တင်ပြလျှောက်ထားနိုင်မှာ ဖြစ်ကြောင်း ၎င်းထံမှ သိရသည်။


~~~~~~~~⊰❂ unicode ~~~~~~~~
တာချီလိတ်မြို့နယ်အတွင်း ကျပ်(၅၀၀)တန် အောင်ဘာလေထီလက်မှတ် ဝယ်ယူ၍ ပြန်လည် ရောင်းချ လိုသူများ အနဖြေင့် တာချီလိတ်မြို့နယ်အခွန်များဦးစီးဌာနမှူးရုံးသို့ စက်တင်ဘာလ (၂၀)ရက်နေ့ နောက်ဆုံးထားကာ စာရင်းပေးသွင်း လျှောက်ထားနိုင်ပြီဖြစ်ကြောင်း သိရသည်။

"အောင်ဘာလေ ထီလက်မှတ်ရောင်းချလိုသူတွေ အတွက် သတ်မှတ်ထားတဲ့ စည်မျဉ်းနဲ့အညီရောင်းချနိုင်ဖို့ စက်တင်ဘာ(၂၀)ရက်နေ့ နောက်ဆုံးထားပြီး နာမည်စာရင်းလာပေးလို့ရပါပြီ၊ ထီစာအုပ်တစ်အုပ်ကို (၁၁)စောင်ပါတယ်၊ တစ်စောင်ကို ကျပ်(၅၀၀)နှုန်းပါ၊ ထီစာအုပ်တစ်အုပ်ကို ကျပ်(၁၀၀)နှုန်းနဲ့ (၃)လစာ ကြိုတင်ပြီး Deposit သွင်းရပါမယ်"ဟု တာချီလိတ်မြို့နယ်အခွန်များဦးစီးဌာနမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးတိုးလှိုင်က ပြောသည်။

တစ်စောင်လျှင် ကျပ်(၅၀၀)တန် အောင်ဘာလေထီအား ၂၀၁၇ ခုနှစ် မတ်လတွင် စတင် ရောင်းချ ပေးမည်ဖြစ်ပြီး ရောင်းချလိုသူများ၏ အမည်စာရင်းအား ကောက်ခံခြင်း ဖြစ်ကြောင်း၊ ထီလက်မှတ် တစ်အုပ်လျှင် ကျပ်(၅၀၀၀)ကျသင့်မည်ဖြစ်ပြီး (၁၁)စောင်ပါဝင်သည့်အတွက် ထီရောင်းချသူအား အမြတ်ငွေ(၅၀၀)ပေးအပ်ပြီးဖြစ်သည့် အတွက် ဥပဒေအရ ဈေးမြှင့်တင်ရောင်းချခွင့် ပေးထားခြင်း မရှိကြောင်း နှင့် အမည်စာရင်းလျှောက်ထားသူအနဖြေင့် မှတ်ပုံတင်မူရင်း/မိတ္တူနှင့် အိမ်ထောင်စုစာရင်း မူရင်း/မိတ္တူနှင့်အတူ တင်ပြလျှောက်ထားနိုင်မှာ ဖြစ်ကြောင်း၎င်းထံမှ သိရသည်။

ကျပ်(၅၀၀)တန် အောင်ဘာလေ ထီလက်မှတ်ရောင်းချခြင်းနှင့် ပတ်သက်၍ သဘောတူညီချက် သတ်မှတ်စည်းကမ်းနှင့် အညီ ရောင်းချခြင်း မရှိသူအား ထီလက်မှတ်ရောင်းချရန် ပေးသွင်းထားသည့် အာမခံ (Deposit)ငွေကြေးအား နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းယူမည့်အပြင် Black List စာရင်းသွင်းမည်ဖြစ်ကြောင်းနှင့် စာချုပ်ချုပ်ဆိုခြင်း နှင့် အာမခံငွေ ပေးသွင်းခြင်းအား ဒီဇင်ဘာလ(၃၁)ရက်နေ့ နောက်ဆုံးထား၍ ဆောင်ရွက်ရမှာ ဖြစ်ကြောင်း သိရှိရသည်။ 

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~