က်ဳိင္းတံု - တာခ်ီလိတ္ ခရီးသည္တင္ယာဥ္တို (၁)စီး ေခ်ာက္ထဲက်၊ (၁၀)ဦး ဒဏ္ရာရ၊ (၁)ဦးေသဆံုး၊ (၁)ဦးေပ်ာက္ေန

က်ဳိင္းတံု - တာခ်ီလိတ္ ခရီးသည္တင္ယာဥ္တို (၁)စီး ေခ်ာက္ထဲက်၊ (၁၀)ဦး ဒဏ္ရာရ၊ (၁)ဦးေသဆံုး၊ (၁)ဦးေပ်ာက္ေန
စက်တင်ဘာ 16, 2016
By Tachileik News Agency

ယေန႔ စက္တင္ဘာလ (၁၆)ရက္ေန႔ နံနက္ပိုင္းက က်ဳိင္းတံုမွ တာခ်ီလိတ္သို႔ ခရီးသည္မ်ား တင္ေဆာင္လာသည့္ ေရႊေရကန္ ခရီးသည္တင္ယာဥ္တြင္ ယာဥ္ေမာင္း အပါအ၀င္ (၁၂)ဦး ပါ၀င္ၿပီး အဆိုပါယာဥ္သည္ က်ဳိင္းတံု - မိုင္းျဖတ္အၾကား ဆိုင္းေလ ႏွင့္ ဆြတ္ပေလာင္း အနီးရွိ ေခ်ာက္ထဲသို႔ က်မႈ ျဖစ္ပြားရာ ယာဥ္ေမာင္းႏွင့္ ကေလးငယ္တစ္ဦး အပါအ၀င္ (၁၀)ဦး ဒဏ္ရာရရွိၿပီး မိုင္းျဖတ္ေဆးရံုသို႔ ပို႔ေဆာင္ထားရေၾကာင္း ႏွင့္ ေပ်ာက္ေနသည့္ (၂)ဦးအနက္ (၁)ဦးအား ေသဆံုးေနလွ်က္ျဖင့္ ေတြ႕ရွိရေၾကာင္း ကယ္ဆယ္ေရးအဖြဲ႔မွ သိရွိရၿပီး က်န္ရွိသည့္ ေပ်ာက္ေနသူ (၁)ဦးအား ဆက္လက္ ရွာေဖြေနလွ်က္ရွိေၾကာင္း ကနဦး သတင္းရရွိသည္။

အသက္ေသဆံုးလွ်က္ေတြ႕ရွိရသူမွာ အမ်ဳိးသား၊ အမ်ဳိးသမီး မသိရွိရေသးေၾကာင္းႏွင့္ သြားေရာက္သယ္ေဆာင္ေနေၾကာင္း သိရွိရသည္။

( ဆက္လက္ရရွိသည့္ အေျခအေနမ်ားကို တာခ်ီလိတ္သတင္းေအဂ်င္စီမွ ေဖာ္ျပေပးသြားပါမည္ )

ဓာတ္ပံု - စတီဗင္ေနာင္

 ******

~~~~~~~~⊰❂ unicode ~~~~~~~~
ယနေ့ စက်တင်ဘာလ (၁၆)ရက်နေ့ နံနက်ပိုင်းက ကျိုင်းတုံမှ တာချီလိတ်သို့ ခရီးသည်များ တင်ဆောင်လာသည့် ရွှေရေကန် ခရီးသည်တင်ယာဉ်တွင် ယာဉ်မောင်း အပါအဝင် (၁၂)ဦး ပါဝင်ပြီး အဆိုပါယာဉ်သည် ကျိုင်းတုံ - မိုင်းဖြတ်အကြား ဆိုင်းလေ နှင့် ဆွတ်ပလောင်း အနီးရှိ ချောက်ထဲသို့ ကျမှု ဖြစ်ပွားရာ ယာဉ်မောင်းနှင့် ကလေးငယ်တစ်ဦး အပါအဝင် (၁၀)ဦး ဒဏ်ရာရရှိပြီး မိုင်းဖြတ်ဆေးရုံသို့ ပို့ဆောင်ထားရကြောင်း နှင့် ပျောက်နေသည့် (၂)ဦးအနက် (၁)ဦးအား သေဆုံးနေလျှက်ဖြင့် တွေ့ရှိရကြောင်း ကယ်ဆယ်ရေးအဖွဲ့မှ သိရှိရပြီး ကျန်ရှိသည့် ပျောက်နေသူ (၁)ဦးအား ဆက်လက် ရှာဖွေနေလျှက်ရှိကြောင်း ကနဦး သတင်းရရှိသည်။

အသက်သေဆုံးလျှက်တွေ့ရှိရသူမှာ အမျိုးသား၊ အမျိုးသမီး မသိရှိရသေးကြောင်းနှင့် သွားရောက်သယ်ဆောင်နေကြောင်း သိရှိရသည်။

( ဆက်လက်ရရှိသည့် အခြေအနေများကို တာချီလိတ်သတင်းအေဂျင်စီမှ ဖော်ပြပေးသွားပါမည် )

ဓာတ်ပုံ - စတီဗင်နောင် 

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~